လေ့လာစစ်ဆေးမှုများ၊ စမ်းသပ်မှုများ မရှိသေးသော်လည်း၊ Marshmallow ပင်မှသစ်ပင်အစေးအား ချောင်းဆိုး၊ အအေးမိ၊ လည်ချောင်းနာခြင်းများအတွက် ဆေးဝါးအဖြစ်အသုံးပြုလာကြသည်မှာ နှစ်ပေါင်းမနည်းတော့ပြီဖြစ်သည်။ ခေတ်ပေါ် Marshmallows များသည်ယခင်ကလောက် ဆေးစွမ်းမထက်သော်လည်း အနည်းငယ်တော့ အသုံးဝင်နေသေးသည်။
(၉) အနားယူခြင်း
ရောဂါကူးစက်ခြင်းနှင့်ပတ်သက်လာလျှင် သင့်ခန္ဓါကိုယ်အား အနားပေးခြင်းသည် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ လည်ချောင်းနာခြင်းသည် တုပ်ကွေး ဗိုင်းရပ်စ်ပိုး များကြောင့် အများဆုံးဖြစ်ပွားသည်။ ကောင်းမွန်စွာအနားယူထားသော ခန္ဓါကိုယ်သည် ရောဂါများကိုတိုက်ထုတ်ခြင်း၌ တစ်ပန်းသာသည်။
(၁၀) ပဋိဇီဝဆေးများ
လည်ချောင်းနာခြင်းသည် ဘက်တီးရီးယားပိုးမွှားကြောင့်ဖြစ်သည်ဆိုလျှင် ပဋိဇီဝဆေးများသည် တစ်ခုတည်းသော အဖြေပင်ဖြစ်သည်။ သို့သော် ပထမအကြိမ်သောက်သုံးပြီး၍ သက်သာသွားလျှင်ပင် ဆေးအပတ်လည်အောင် သောက်သုံးဖို့ကို သတိရပါ။
လည်ချောင်းနာခြင်းသည် အခြားပြင်းထန်သောရောဂါကြီးများ၏ အစလက္ခဏာလည်းဖြစ်နိုင်သည်။ အကယ်၍ လည်ချောင်းနာခြင်း ရှည်ကြာနေပါက သင့်ဆရာဝန်ထံသို့ သွားရောက်တိုက်ပင်သင့်သည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။