နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosisလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။
နားမှိုစွဲရောဂါ ကို ဆေးပညာအရ Otomycosisလို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ပူနွေးစိုစွတ်တဲ့ နိုင်ငံတွေမှာ အတွေ့ရများပါတယ်။ နွေရာသီလို ပူပြင်းတဲ့အချိန်မှာ ပိုဖြစ်တတ်ပါတယ်။
နားမှိုစွဲရောဂါက များသောအားဖြင့် နားအပြင်ပိုင်းမှာ ဖြစ်တာ များပါတယ်။ နားအလယ်ပိုင်းမှာ ဖြစ်တာလည်း ရှိပါတယ်။ တစ်ဖက်တည်း ဖြစ်တာများပါတယ်။
နားမှိုစွဲရောဂါက နာမည်အတိုင်းပဲ မှိုပိုးကြောင့် ဖြစ်တာပါ။ မှိုပိုးတွေ အများကြီးရှိတဲ့အထဲကမှ နားမှိုစွဲစေတဲ့ ပိုးတွေကတော့ Candida နဲ့ Aspergillus လို့ခေါ်တဲ့ မှိုနှစ်မျိုးပဲ ဖြစ်ပါတယ်။
အဲ့ဒီမှာမှ နားမှိုစွဲတာရဲ့ ၁၀ယောက်မှာ ၉ယောက်က Aspergillus မှိုကြောင့်လို့ ဆိုကြပါတယ်။
နေ့စဉ်ပတ်ဝန်းကျင်မှာ မျက်စိနဲ့ မမြင်ရတဲ့ မှိုပိုးတွေနဲ့ ထိတွေ့နေရပေမယ့် လူတိုင်း နားမှိုစွဲရောဂါ မဖြစ်ကြပါဘူး။ ဒါပေမဲ့ ဒီအချက်တွေ ရှိရင်တော့ သတိထားဖို့ လိုပါတယ်။ သူတို့တွေက နားမှိုစွဲရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
ပိုးသတ်ဆေးတွေမှာ သောက်ဆေးတွေ၊ ထိုးဆေးတွေပါသလို နားထဲထည့်တဲ့ ဆေးတွေလည်း ပါပါတယ်။ စတီးရွိုက်တွေလည်း ပါပါတယ်။ ဒီဆေးတွေကို မကြာခဏ ဒါမှမဟုတ် အချိန်ကြာကြာ အသုံးပြုသူတွေမှာ ပိုတွေ့ရပါတယ်။
နားမှိုစွဲရောဂါ ရှိတဲ့ လူငယ်တွေကို လေ့လာထားတဲ့ စာတမ်းတစ်ခုမှာ ပါဝင်တဲ့ လူငယ် ၂၆ယောက်လုံးက နားပြည်ယိုတာအတွက် Ofloxacinပါတဲ့ နားသန့်ဆေးကို အသုံးပြုထားကြတာတွေ့ရပါတယ်။
တချို့ပညာရှင်တွေရဲ့ အဆိုအရ ပိုးသတ်ဆေးတွေက နားထဲက pHပမာဏကို ပြောင်းလဲစေတာကြောင့် ကောင်းတဲ့ ဘက်တီးရီးယားတွေ မရှိတော့ဘဲ မှိုတွေပေါက်ဖို့ လွယ်လာတယ်လို့ ယူဆကြပါတယ်။
နားမှိုစွဲရောဂါက ခုခံအားမကောင်းတဲ့သူတွေမှာ ပိုဖြစ်တတ်တာကို တွေ့ရပါတယ်။ ပိုဖြစ်တာတင်မဟုတ်ဘဲ ခဏခဏလည်း ပြန်ဖြစ်သလို နောက်ဆက်တွဲပြဿနာလည်း ဖြစ်တတ်ပါတယ်။ အဆိုးဆုံးနောက်ဆက်တွဲပြဿနာကတော့ မှိုပိုးတွေ ဦးနှောက်ထဲကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ ခုခံအားကျလွယ်တဲ့ သူတွေကတော့
−ဆီးချိုရောဂါရှိသူတွေ
−ကင်ဆာရောဂါ ရှိသူတွေ
−HIV/ AIDS
-မကြာသေးခင်ကမှ ကိုယ်တွင်းအင်္ဂါအစားထိုးထားသူတွေ
−ကင်ဆာအတွက် ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ လုပ်ထာားသူတွေပဲ ဖြစ်ပါတယ်။
နှင်းခူ၊ အရေပြားရောင်ရမ်းနာတစ်မျိုး seborrheic dermatitis၊ အရေပြားဓာတ်မတည့်တာ၊ ဆိုရီယေးစစ် စတာတွေ ရှိရင်လည်း ပိုဖြစ်တတ်ပါတယ်။
ရေကူးတာ၊ ဒိုင်ဗင်ထိုးတာ၊ ရေလွှာလျှောစီးတာလိုမျိုး ရေနဲ့ နားနဲ့ ကြာကြာထိတွေ့တဲ့ သူတွေမှာလည်း ဖြစ်တ်ပါတယ်။ ရေက မသန့်ရင် ပိုဖြစ်တတ်ပါတယ်။ ရေချိုးတာကနေ ဖြစ်တာကတော့ ရှားပါတယ်။
ဥပမာ နားဖာကလော်ရင်း နားကို ထိခိုက်မိတာ၊ သီချင်းနားထောင်တဲ့ နားကျပ်တွေ၊ နားကြားကိရိယာတွေကို သေချာ သန့်ရှင်းရေး မလုပ်တာ၊ ဆံပင်ဆိုးဆေးတွေ နားထဲဝင်ကုန်တာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
လေ့လာချက်တွေအရ နားမှိုစွဲတာကို နားကျပ်တံ၊ နားဖာကလော်တံသုံးပြီး နားဖာချေးကလော်တဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်တဲ့။
နားထဲမှာ နားဖာချေးက ရှိသင့်သလောက် ရှိရမှာပါ။ နားဖာချေးတွေ ကလော်လွန်းတဲ့အခါ နားအတွင်းပိုင်း ခြောက်သွေ့ပြီး ပိုးဝင်လွယ်ပါတယ်။ နောက်ပြီး နားဖာချေးတွေက ဘက်တီးရီးယားနဲ့ မှိုပိုးတွေ မပေါက်အောင် တားထားပေးတဲ့ သဘာဝအကာအကွယ်တစ်ခုလည်း ဖြစ်ပါတယ်။
နားမှိုစွဲတဲ့အခါ
တကယ်လို့ နားမှိုစွဲတာက Aspergillus ကြောင့်ဆိုရင် နားထဲမှာ မီးခိုးရောင် ဒါမှမဟုတ် အဝါရောင် အစက်လေးတွေ တွေ့ရမှာဖြစ်ပြီး ဘေးနားမှာ မှိုတက်သလို ဖြူဖြူလေးတွေ တွေ့ရမှာပါ။ Candida ကြောင့်ဆိုရင်တော့ သိပ်မသိသာဘူး။ အဖြူပျစ်ပျစ် အရည်တွေပဲ ထွက်မှာ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေက များသောအားဖြင့် နားတစ်ဖက်တည်းမှာပဲ ဖြစ်တာများပါတယ်။ မှိုစွဲတာလည်း တစ်ဖက်တည်း ဖြစ်တတ်လို့ပါ။ ဒါပေမဲ့ နှစ်ဖက်လုံး တစ်ပြိုင်နက်တည်း ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။
နားမှိုစွဲတယ်လို့ ကိုယ့်ကိုယ်ကို ယူဆတယ်ဆိုရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးပါ။
ဆရာဝန်ကနေ ခံစားရတဲ့ လက္ခဏာတွေအကြောင်းကို မေးမြန်းမှာဖြစ်ပြီး နားထဲကို မှန်ပြောင်းလေးနဲ့ ကြည့်မှာ ဖြစ်ပါတယ်။ လိုအပ်ရင် နားထဲကထွက်နေတဲ့ အရည်ကို ယူပြီး ဘာကြောင့်ဖြစ်လဲဆိုတာကို စစ်ဆေးဦးမှာပါ။
ဒါမှသာ ရောဂါကို သေချာသိပြီး ထိရောက်တဲ့ ကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။
နားမှိုစွဲရောဂါလို့ ထင်တယ် ဒါမှမဟုတ် အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသတာ အကောင်းဆုံးပါ။ နားထဲကို ကိုယ့်ဟာကို ဆေးတွေထည့်တာ၊ နားသန့်ဆေးတွေ သုံးတာမျိုး မလုပ်ရပါဘူး။ အထူးသဖြင့် လူသုံးများတဲ့ နားသန့်ဆေးတွေမှာ ပိုးသတ်ဆေးတွေပဲ ပါတတ်တဲ့အတွက် မှိုရောဂါကို သက်သာစေမှာ မဟုတ်ပါဘူး။
နားမှိုစွဲရောဂါမှာ အသုံးပြုတဲ့ ကုသနည်းတွေကတော့
နားသန့်ရှင်းရေး လုပ်ပေးခြင်း
ဆေးခန်းမှာ နားထဲက ပိတ်နေတာတွေကို သန့်ရှင်းရေး လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါမှ ဆေးတွေထည့်တဲ့အခါ အာနိသင်ရမှာပါ။ အိမ်မှာ လုပ်တဲ့ နားကျပ်တံနဲ့ သန့်တာ၊ နားဖာကလော်တာတွေနဲ့ မတူတဲ့အတွက် ကိုယ့်ဟာကိုယ် လုပ်လို့ မရပါဘူး။
ဆေးဝါးများ အသုံးပြုခြင်း
ဆေးဝါးတွေမှာ မှိုသေဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ အနာသက်သာစေတဲ့ဆေးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုတာ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုသင့်ပါတယ်။ ဒါမှ ဆေးယဉ်ပါးတာ၊ ဆေးမတိုးတာ၊ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာတွေ မဖြစ်မှာပါ။
များသောအားဖြင့် Clotrimazole မှိုသတ်ဆေးကို သုံးလေ့ရှိပါတယ်။ Econazole, miconazoleနဲ့ amphotericin B ကိုလည်း သုံးတတ်ကြပါတယ်။
နားရွက်နဲ့ နားအပြင်ဘက်မှာပါ မှိုစွဲတဲ့ လက္ခဏာတွေ တွေ့နေရရင် လိမ်းဆေးတွေပါ ထည့်ပေးရမှာပါ။ မှိုသတ်ဆေးတွေဖြစ်တဲ့ clotrimazole, fluconazoleနဲ့ ketoconazole ကို သုံးလေ့ရှိကြပါတယ်။
နားထဲအစက်ချဆေးတွေ၊ လိမ်းဆေးတွေနဲ့ မသက်သာဘူးဆိုရင် သောက်ဆေးတွေ ပေးဖို့ လိုအပ်နိုင်ပါတယ်။ မှိုစွဲရောဂါက ကြာနေပြီ ဒါမှမဟုတ် ပြင်းထန်တယ်ဆိုရင် သောက်ဆေးတွေ ပေးရတတ်ပါတယ်။ အထူးသဖြင့် Aspergillus မှိုကြောင့်ဆိုရင် လိုတတ်ပါတယ်။ နောက်ပြီး မှိုပိုးအပြင် ဘက်တီးရီးယားပိုးပါ တွဲဖြစ်နေတယ်ဆိုရင် ပိုးသတ်ဆေးပါ ထည့်ပေးဖို့ လိုပါတယ်။
နားကိုက်တာ၊ နာတာတွေအတွက်ဆိုရင်လည်း အကိုက်အခဲပျောက်ဆေးတွေ သောက်ဖို့ လိုပါတယ်။
တချို့လူတွေမှာ နားမှိုစွဲတာက နာတာရှည်ဖြစ်တာ ဒါမှမဟုတ် ခဏခဏဖြစ်တာကို တွေ့ရပါတယ်။ လူနာတစ်ယောက်မှာဆိုရင် နားမှိုစွဲတာ ၃လလောက်ကြာလို့ စစ်ကြည့်လိုက်တဲ့အခါ Malassezia မှိုကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ သူက လူနဲ့ တိရစ္ဆာန်တွေရဲ့ ကိုယ်ပေါ်မှာ ရှိတတ်ပါတယ်။ အဲ့ဒီလူနာမှာတော့ သူ့ခွေးကနေ ကူးလာတယ်လို့ ယူဆရပါတယ်။
နားမှိုစွဲရောဂါက တစ်လလောက်ကုရတတ်ပါတယ်။ ပုံမှန်ကုသမှုခံယူမယ်ဆိုရင် ဖြည်းဖြည်းချင်းနဲ့ လက္ခဏာတွေ သက်သာလာပြီး မှိုပိုးတွေလည်း ပျောက်သွားမှာပါ။
နားမှိုစွဲတဲ့အခါ ကိုယ့်ဟာကိုယ် မကုဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသသင့်ပါတယ်။ နားမှိုစွဲတဲ့အခါ
နားမှိုစွဲရောဂါက ပြင်းထန်တဲ့ရောဂါ မဟုတ်ပေမဲ့ တစ်ခါတလေမှာ နောက်ဆက်တွဲပြဿနာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကတော့
နားမှိုစွဲတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကတော့
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Htet Htet Zaw Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။