backup og meta

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

လည်ချောင်းတွေနာလိုက်တာ၊ ချောင်းတွေဆိုးလိုက်တာ အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ၊ အလုပ်ကောင်းကောင်းလည်းမလုပ်ရဘူး ဖြစ်နေတယ်။ သွားတဲ့လာတဲ့အခါလည်း အဆင်ပြေဖို့လိုမယ် လည်ချောင်းနာတာကိုလည်း သက်သာချင်တယ်ဆိုရင် နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါက သယ်ဆောင်ရလွယ်ပြီး ရေမလိုဘဲအလွယ်တကူ ငုံထားလို့ရတဲ့ ငုံဆေးပါ။ လည်ချောင်းနာတာကို သက်သာစေဖို့ အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

ငုံဆေးဆိုတာနဲ့ပြီးရောလား……

လည်ချောင်းနာသက်သာချင်လို့ ငုံဆေး ငုံတယ်ဆိုတဲ့နေရာမှာလည်း ငုံဆေးဖြစ်ရင်ပြီးရောဆိုပြီး ငုံလို့မရပါဘူး။ ငုံဆေးကို သေချာလေးရွေးချယ်တတ်ဖို့လိုပါမယ်။ ငုံဆေးကို သေချာလေးရွေးချယ်မှ မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်နဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ချောင်းဆိုးတဲ့အခါမျိုးမှာ ငုံဆေးငုံမယ်ဆိုရင် သေချာလေးရွေးချယ်ပါလို့ ပြောပါရစေ။

အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ်

လည်ချောင်းနာတာ နဲ့ ချောင်းဆိုးတာကို သက်သာစေဖို့အတွက် အကောင်းဆုံးငုံဆေး ရွေးချယ်ကြမယ် ဆိုရင် ဒီအချက်လေးတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားဖို့လိုပါမယ်။

Menthol (ပရုပ်အေး) ပါလား – ငုံဆေးငုံတဲ့အခါ ပရုပ်အေးပါမှာ အဆင်ပြေမှာပါ။ အကြောင်းကတော့ ပရုပ်အေးရဲ့ ပူရှိန်းရှိန်းခံစားမှုက လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှူးတွေကို ခံစားနိုင်စွမ်းလျော့ကျသွားအောင်လုပ်ပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။

ပျားရည် ပါလား – ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် လည်ချောင်းနာတာကို သိသိသာသာသက်သာစေနိုင်မှာပါ။

ဗီတာမင် စီပါလား – ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ခန္ဓာကိုယ်ကို ရန်လာစတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။ ခံတွင်းရှင်းစေပြီး အသက်ရှူစနစ်ကို ကျန်းမာစေသလို ကိုယ်ခံအားကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။

ဆေးဝါးထောက်ခံချက် ရထားလား – ငုံဆေးမှ မဟုတ်ပါဘူး။ ဆေးတစ်ခုခုကို သောက်ခါနီးတိုင်းမှာ ဆေးဝါးထောက်ခံချက်ပါရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ ကျန်းမာရေးအတွက် စိတ်ချရဖို့ မဖြစ်မနေ သတိထားသင့်တဲ့အချက်တစ်ခုပါ။

ပါဝင်ပစ္စည်းတွေ စစ်ပါ – ဆေးမှာပါနေတဲ့ အရာတိုင်းက ကိုယ်နဲ့တည့်ရဲ့လားဆိုတာကို သေချာလေးစစ်ဆေးဖို့လိုပါမယ်။ အချို့သောငုံဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေက ရောဂါအခံရှိသူတွေနဲ့ မသင့်တော်တာမျိုးတွေရှိပါတယ်။

အရသာ – အရသာကလည်း ဘယ်လို အရသာ ဆိုတာကို သေချာစစ်ဆေးဖို့ လိုပါမယ်။ အကြောင်းကတော့ ကိုယ်မကြိုက်တဲ့ အရသာ ဆိုရင် ဆေးကို အသုံးပြုမိဖို့ ခက်ခဲနိုင်တာကြောင့်ပါ။ ဒါကြောင့် မဝယ်ခင်မှာကလည်း အရသာကိုပါ သေချာလေးဂရုစိုက်ပါ။

အရောင်အဆင်း – အရောင်များတဲ့ ဆေးတွေက ရောဂါသက်သာစေဖို့ထက် အရောင်အတွက် သုံးထားတဲ့ ဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဆိုးဆေးပါဝင်မှုနည်းတဲ့ ငုံဆေးကို ရွေးချယ်တာက အကောင်းဆုံး ဖြစ်မှာပါ။

ကုန်ဆုံးရက် – ဆေးတင်မက စားစရာတွေ၊ အသုံးအဆောင်တွေ ဝယ်တဲ့အခါတိုင်းမှာ သတိထားသင့်တာပါ။ ဒါပေမယ့် ကျန်းမာရေးအတွက် အသုံးပြုရမယ့် ဆေးတွေမှာတော့ မဖြစ်မနေစစ်ဖို့ လိုမှာပေါ့။ ဒါကြောင့် ငုံဆေးကို မဝယ်ခင်မှာ ကုန်ဆုံးရက်ကို သေချာလေး စစ်ဖို့လိုပါလိမ့်မယ်။

ငုံဆေးကို လူကြီးတွေက စိတ်ချလက်ချ အသုံးပြုနိုင်ပေမဲ့ ကလေးတွေကို တိုက်မယ်ဆိုရင် သတိထားပါ။ ကောင်းကောင်း မမျိုချနိုင်သေးတဲ့ ကလေးတွေမှာ မတော်တဆ နင်တာ၊ သီးတာမျိုး ဖြစ်နိုင်ပါတယ်။

ကဲ.. လည်ချောင်းနာတာနဲ့ ချောင်းဆိုးတာကြောင့် တစ်နေ့တာမှာ စိတ်မညစ်ရစေဖို့ အခုပြောခဲ့တဲ့ အချက်လေးတွေကို သေချာ စဉ်းစားလို့ အကောင်းဆုံးငုံဆေးရွေးချယ်လိုက်ပါ Hello ဆရာဝန်ပရိသတ်ကြီးရေ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Do Throat Lozenges Really Work? https://www.thehealthy.com/ear-nose-throat/throat-lozenges/ Accessed Date 26 September 2019

What You Need to Know About Nicotine Lozenges https://www.verywellmind.com/the-pros-and-cons-of-nicotine-lozenges-2825034 Accessed Date 26 September 2019

ယခုပုံစံ

07/08/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့

လည်ချောင်းနာ သက်သာစေမယ့် နည်းလမ်းကောင်းတစ်ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/08/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ