granulomatosisလိုလည်း သိကြပါတယ်) လို ကိုယ်ခံအားနည်းတာဒါမှမဟုတ် ဆီးချိုရောဂါရှိတာ စတဲ့လူနာတွေမှာပိုဖြစ်တတ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။
Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကို ဘယ်လိုအတည်ပြုပါသလဲ
လူနာရဲ့ရောဂါရာဇဝင်ကို ကြည့်တာ ဒါမှမဟုတ် နားရွက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ တကယ်လို့ :
-နားမှာထိခိုက်မှုရှိဖူးတယ်, နီရဲရောင်ယမ်းနေတယ်ဆိုရင် , ဒါဟာ နားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။
– ဒါမှမဟုတ်လည်း နားရွက်ကပုံပျက်နေပြီး ယောင်ကိုင်းနေတာမျိုးဆိုလည်း ဖြစ်နိုင်ပါတယ်။
Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကို ဘယ်လိုကုသပါသလဲ
ပိုးသတ်ဆေး၊ သောက်ဆေးသော်လည်းကောင်း, အကြောတွင်းသွင်းပြီးတော့သော်လည်းကောင်း ကုသနိုင်ပါတယ်။ တကယ်လို့ ပြည်တွေစုနေတယ်ဆိုရငိ ခွဲစိတိပြီး ပြည်တွေထုတ်ပစ်ဖို့နဲ့ ပုပ်နေတဲ့အရေပြား, တစ်ရှူ းတွေကို ဖယ်ပစ်ဖို့လိုပါလိမ့်မယ်။
ပြီးတော့ ကုသမှုမှာ :
– ပြင်ပအရာတွေဖယ်ရှားပစ်တာ
– အကိုက်အခဲပျောက်ဆေးပေးတာ
– life style ပြောင်းတာနဲ့
– ဆေးဝါးတွေလည်း ပါဝင်ပါတယ်။
နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ
နားရွက်ရောင်ရမ်းနာ( perichondritis) နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?
အောက်ပါ နေထိုင်မှုပုံစံတွေက နားရွက်ရောင်ရမ်းနာ( perichondritis) ရောဂါနဲ့ သင့်တော်ပါတယ်။
ဒီရောဂါကို ကာကွယ် နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နားအရိုူးနုကို ဖောက်ထွင်းမယ့်ကိစ္စတွေရှောင်တာပါပဲ။ ခေတ်စားနေတဲ့နားဖောက်တဲ့ကိစ္စတွေဟာ ဒီရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။
သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။