backup og meta

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကဘာလဲ။

နားရွက်ရောင်ရမ်းနာ( perichondritis) ဆိုတာ နားတွင်းအရိုးနုကို ဝန်းရံထားတဲ့ အရေပြားနဲ့ အသားကို ပိုးဝင်လို့ဖြစ်တာဖြစ်ပါတယ်။ ဒီရောဂါဟာ အတော်ဖျက်ဆီးတတ်, ပြန်ဖြစ်တတ်သလို ကြာလည်းကြာပါတယ်။

လက္ခဏာများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများ ကတော့ :

-နားရွက်နီတာ , နာကျင်တာနဲ ရောင်ရမ်းလာတာဖြစ်ပါတယ်။

– အဖျား

– နားတွင်းအရိုးနုနဲ့ ဝန်းရံထားတဲ့ အရေပြား, အသား( perichondrium ) ကြားမှာ ပြည်တွေစုလာတတ်ပါတယ်။

– နားရွက်ပုံပျက်လာတာ ( Cauliflower ear). ဒီလိုဖြစ်ရတာဟာ စုလာတဲ့ပြည်တွေကြောင့် အရိုးနုကို ထောက်ပံ့ထားတဲ့ သွေးကြောပြတ်တောက်သွားလို့ဖြစ်ပါတယ်။

– အထက်ဖော်ပြပါ လက္ခဏာတွေမှာမပါတာတွေဖြစ်နိုင်ပါတယ်။ သင်သိရှိလိုပါက ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်နားရွက်မှာဒဏ်ရာတစ်ခုခု (ဥပမာ ခြစ်မိတာ, ထိခိုက်တာ, ဖောက်ထွင်းရာတစ်ခုခု) ရှိပြီး နာလာတာ နီရဲလာတာရှိပါက သင့်ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို ဆက်သွယ်ပါ။

ဒါမှမဟုတ် အထက်ဖော်ပြပါ လက္ခဏာတွေထဲက တစ်ခုခုတွေ့လာပြီဆိုရင် , မေးစရာမေးခွန်းတွေရှိပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တွေက လုပ်ဆောငိမှုမတူကြတဲ့အတွက် သင်နဲ့သင့်တော်မယ့် အကောင်းဆုံးအခြေအနေကိုရွေးချယ်ပါ။

အကြောင်းရင်းများ

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်များဆုံးအကြောင်းတွေကတော့ :

– Pseudomonas aeruginosa

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ထိခိုက်ဒဏ်ရာတွေ , အင်းဆက်ကိုက်ရာတွေ, နားဖောက်တာ,ခွဲစိတ်မှု, ရေနွေးပူလောင်တာ စတာတွေက ဖြစ်စေနိုင်ပါတယ်။ ခွဲစိတ်မှု, ရေနွေးပူလောင်တာ နဲ့ အပ်စိုက်ကုတာမျိုးတွေက ရောဂါကို ပိုဆိုးစေပါတယ်။

ပြီးတော့ဒီရောဂါဟာ granulomatosis with

polyangiitis ( Wegener

granulomatosisလိုလည်း သိကြပါတယ်) လို ကိုယ်ခံအားနည်းတာဒါမှမဟုတ် ဆီးချိုရောဂါရှိတာ စတဲ့လူနာတွေမှာပိုဖြစ်တတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြမည့် အကြောင်းအရာသည် ဆေးပညာ အကြံပြုချက်များ၏ အစားထိုးမဟုတ်ပါ။ နောက်ထပ် သိရှိလိုသည်များအတွက် ဆရာဝန်၊ ကျွမ်းကျင်သူတို့နဲ့ အမြဲတမ်း ဆွေးနွေးတိုင်ပင်ပေးပါ။

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကို ဘယ်လိုအတည်ပြုပါသလဲ

လူနာရဲ့ရောဂါရာဇဝင်ကို ကြည့်တာ ဒါမှမဟုတ် နားရွက်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ တကယ်လို့ :

-နားမှာထိခိုက်မှုရှိဖူးတယ်, နီရဲရောင်ယမ်းနေတယ်ဆိုရင် , ဒါဟာ နားရွက်ရောင်ရမ်းနာ( perichondritis) ရဲ့ ရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။

– ဒါမှမဟုတ်လည်း နားရွက်ကပုံပျက်နေပြီး ယောင်ကိုင်းနေတာမျိုးဆိုလည်း ဖြစ်နိုင်ပါတယ်။

Perichondritis (နားနှင့် အရိုးနုရောင်ယမ်းနာ ) ကို ဘယ်လိုကုသပါသလဲ

ပိုးသတ်ဆေး၊ သောက်ဆေးသော်လည်းကောင်း, အကြောတွင်းသွင်းပြီးတော့သော်လည်းကောင်း ကုသနိုင်ပါတယ်။ တကယ်လို့ ပြည်တွေစုနေတယ်ဆိုရငိ ခွဲစိတိပြီး ပြည်တွေထုတ်ပစ်ဖို့နဲ့ ပုပ်နေတဲ့အရေပြား, တစ်ရှူ းတွေကို ဖယ်ပစ်ဖို့လိုပါလိမ့်မယ်။

ပြီးတော့ ကုသမှုမှာ :

– ပြင်ပအရာတွေဖယ်ရှားပစ်တာ

– အကိုက်အခဲပျောက်ဆေးပေးတာ

– life style ပြောင်းတာနဲ့

– ဆေးဝါးတွေလည်း ပါဝင်ပါတယ်။

နေထိုင်မှုပြုပြင်ခြင်းနှင့် အိမ်တွင်းဆေးဝါးများ

နားရွက်ရောင်ရမ်းနာ( perichondritis) နဲ့ သင့်တော်တဲ့ နေထိုင်မှုပုံစံတွေက ဘာတွေလဲ?

အောက်ပါ နေထိုင်မှုပုံစံတွေက နားရွက်ရောင်ရမ်းနာ( perichondritis) ရောဂါနဲ့ သင့်တော်ပါတယ်။

ဒီရောဂါကို ကာကွယ် နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ နားအရိုူးနုကို ဖောက်ထွင်းမယ့်ကိစ္စတွေရှောင်တာပါပဲ။ ခေတ်စားနေတဲ့နားဖောက်တဲ့ကိစ္စတွေဟာ ဒီရောဂါဖြစ်နိုင်ချေကိုများစေပါတယ်။

သင်သိလိုတဲ့ မေးခွန်းများရှိပါက ပိုမိုသိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Perichondritis http://www.msdmanuals.com/home/ear,-nose,-and-throat-disorders/outer-ear-disorders/
perichondritis Accessed October 23, 2017
Perichondritis http://www.nytimes.com/health/guides/disease/perichondritis/overview.html Accessed
October 23, 2017

ယခုပုံစံ

12/09/2019

Phyo Wai Yan မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement