backup og meta

Perforated Eardrum (နားစည်ပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Perforated Eardrum (နားစည်ပေါက်ခြင်း ) ကဘာလဲ။

နားစည်ပေါက်ခြင်းသည် အတွင်းနားနှင့် အပြင်နားအား ခြားနားထားသည့် အမြှေးပါး ပြဲသွားခြင်းဖြစ်သည်။ ၎င်းအမြှေးပါးအား စည်ပုံစံဖြစ်ပြီး အရေပြားနှင့် ဆင်တူသော တစ်ရှူးများနှင့် ဖွဲ့စည်းထား၏။

နားစည်သည် နား၏အရေးကြီးလုပ်ငန်းနှစ်ခုအား လုပ်ဆောင်ပေးသည်။ ၎င်းသည် အသံလှိုင်များကို ဖမ်းယူပြီး ဦးနှောက်ဆီသို့ အသံရောက်ရန် အာရုံကြောလှုံစော်မှုအချက်ပြများအဖြစ် ပြောင်းလဲပေး၏။ နားအတွင်သို့ ဘက်တီးရီးယားများနှင့် ပြင်ပဝတ္ထုများ မဝင်စေရန်လည်း ကာကွယ်ပေးပါသည်။

ပုံမှန်အားဖြင့် နားအလယ်ပိုင်းသည် ပိုးကင်စင်၏။ သို့သော် နားစည်ပေါကလျှင် ဘက်တီးရီးယားများ နားအလယ်ပိုင်းသို့ ဝင်သွားနိုင်ပြီး Otitis media ဟုခေါ်သော ပိုးကူးစက်ခြင်းကိုဖြစ်စေနိုင်ပါသည်။

Perforated Eardrum (နားစည်ပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

နားစည်ပေါက်ခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Perforated Eardrum (နားစည်ပေါက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နားစည်ပေါက်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

မြန်မြန်သက်သာသွားသော နားကိုက်ခြင်း

နားမှအရည်ကြည်များ သို့ ပြည်များသို့ သွေးများကျခြင်း

မကြားရတော့ခြင်း

နားတွင် တစီစီမြည်ခြင်း (tinnitus)

ချာချာလည်နေခြင်း (vertigo)

ချာချာလည်ခြင်းမှ ပျို့ခြင်း အန်ခြင်းဖြစ်စေခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောလျှင်စွာ သိခြင်းနှင့် ကုသခြင်းသည် ဤအခြေအနေအား ပိုဆိုးမသွားအောင် နောက်ထက် အရေးပေါ်အခြေအနေများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ပြင်းထန်သောအခြေအနေအား တားဆီးနိုင်ရန် ဆရာဝန်နှင့် တတ်နိုင်သလောက် စောစော တိုင်ပင်ပါ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Perforated Eardrum (နားစည်ပေါက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

နားစည်ပေါက်ခြင်းဖြစ်စေသည့် အကြောင်းရင်းများစွာရှိကြောင်း သက်သေပြပြီးဖြစ်ပါသည်။ အောက်ပါအကြောင်းရင်းများသည် အဖြစ်များသောအရာများဖြစ်ပါသည်။

နားအလယ်ပိုင်းပိုးဝင်ခြင်း (oitits media)

နားအလယ်ပိုင်းပိုးဝင်ခြင်းသည် နားအလယ်ပိုင်းတွင် အရည်များစုခြင်းကြောင်း မကြာခဏဖြစ်ရသည်။ ထိုအရည်များ၏ဖိအားကြောင့် နားစည်ပေါက်စေနိုင်သည်။

Barotrauma

Barotrauma ဆိုသည်မှာ အပြင်ဖက်နှင့် နားအတွင်းဖက် လေဖိအားမညီမျှသည့်အခါ နားစည်ပေါ်သို့ ဖိစီးမှုသက်ရောက်သည့်အခြေအနေကို ဆိုလိုသည်။ ဖိအားအလွန်ဆိုးဝါးလျှင် နားစည်ပေါက်နိုင်၏။ Barotrauma သည် လေကြောင်းခရီးသွားသည့်အခါ လေဖိအားပြောင်းလဲခြင်းကြောင့် အဖြစ်များသည်။

ရုတ်တရတ်ဖိအားပြောင်းစေသော တခြားအခြေအနေများ –

နားစည်ပေါက်ခြင်းဖြစ်နိုင်သည်များ – ရေငုပ်ခြင်း၊ နားတစ်ဝိုက်အားထိုးမိခြင်း ဥပမာ ကားတိုက်လျှင် လေအိတ်များနှင့် ဖိမိခြင်းမျိုးတို့ ဖြစ်ပါသည်။

အသံကျယ်ခြင်း သို့မဟုတ် ပေါက်ကွဲခြင်း (acoustic trauma)

အသံကျယ်ခြင်း သို့မဟုတ် သေနတ်သံ ဗုံးပေါက်သံများ – အသံလှိုင်းအားအလွန်ပြင်းသောအသံသည် နားစည်ကို ပေါက်ပြဲစေနိုင်ပါသည်။

ပင်ပဝတ္ထုများ နားထဲဝင်ခြင်း

ဂွမ်းစများ သို့ ဆံညှပ်များလို ပစ္စည်းလေးများသည် နားစည်အား ပြဲခြင်း ပေါက်ခြင်း ဖြစ်စေနိုင်ပါသည်။

ပင်းထန်သောခေါင်းထိခိုက်မှု

ပြင်းထန်သော ထိခိုက်မှု ဥပမာ ဦးခေါင်းရိုးကျိုးခြင်းသည် နားစည်အပါအဝင် နားအလယ်ပိုင်းနှင့် အတွင်းပိုင်းဖွဲ့စည်းပုံများအား နေရာလွဲခြင်း သို့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Perforated Eardrum (နားစည်ပေါက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နာစည်ပေါက်နိုင်ချေအများဆုံးသော အန္တရာယ်ရှိသူမှာ ကလေးများဖြစ်သည်။ တစ်ခါတစ်ရံ ကလေးများသည် တုတ်ချောင်းများ အရုပ်လေးများကို နားထဲထည့်ရာမှ ကိုယ့်ကိုယ်ကို နားစည်ကို ဖောက်မိသွားစေနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Perforated Eardrum (နားစည်ပေါက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

နားစည်ပေါက်ကြောင့် လက္ခဏာများကို ခံစားရပါက ဆရာဝန်သည် နားအတွင်းမှန်ပြောင်းကြည့်ပြီး စစ်ဆေးနိုင်ပါသည်။ နားအတွင်းကြည့်မှန်ပြောင်းသည်။ နားအတွင်းသို့ကြည့်ရာတွင်သုံးသော် မီးအလင်းပါသည့် ပစ္စည်းလေးဖြစ်သည်။ ဖြစ်ရပ်အများစုတွင် နားစည်ပေါက်ခြင်း သို့ ပြဲခြင်းရှိပါက ဆရာဝန်မှ မြင်နိုင်မည်ဖြစ်သည်။

တစ်ခါတစ်ရံတွင် နားဖာချေးများ အရည်များ များလွန်းနေလျှင် ဆရာဝန်မှ နားစည်ကို ကောင်းကောင်း မြင်နိုင်မည်မဟုတ်ပါ။ ထိုကဲ့သိုဆိုပါက ဆရာဝန်သည် နားအခေါင်းအား သန့်ရှင်းပေးခြင်း သို့မဟုတ် နားဆေးစက်ချကာ သန့်ရှင်းအောင် လုပ်ပေးပါလိမ့်မည်။

တစ်ခါတစ်ရံ နားစည်ပြွန်တွင် ရာဘာလေဖောင်းကိုတပ်က နားအတွင်းသို့ လေမှုတ်ထုတ်ရင်း ကြည့်ပါလိမ့်မည်။ နားစည်မပေါက်ပါက လေထိလျှင် လှုပ်ရှားမည်ဖြစ်သည်။ နားစည်ပေါက်နေပါက လှုပ်မည်မဟုတ်ပါ။

ထို့အပြင် ဆရာဝန်မှ သင့်အကြားအာရုံကို စစ်ဆေးပြီး နားစည်ပေါက်ခြင်းသည် အကြားအာရုံအပေါ် ဘယ်လောက်သက်ရောက်နေသလဲ ဆိုသည်ကို စမ်းသပ်ပါလိမ့်မည်။ ဆရာဝန်သည် သံစဉ်ခရင်းခွကို သုံးကာ စစ်ဆေးခြင်းဖြစ်သည်။

ဆရာဝန်သည် နောက်ထပ် audiology စမ်းသပ်ချက်အား စစ်ဆေးရန် ပြောပါလိမ့်မည်။ ၎င်းတွင် tone အမျိုးမျိုးကို နားကြပ်နှင့် နားထောင်ခိုင်းက သင်၏ အကြားအာရုံ လယ်ဗယ်ကို ဆုံးဖြတ်ပါလိမ့်မည်။

နားစည်ပေါက်ခြင်းကြောင့် အကြားအာရုံ ပျောက်သွားခြင်းသည် ခဏတာသာဖြစ်ပါသည်။ နားစည်ပြန်ကောင်းသွားလျှင် ပုံမှန်အကြားအာရုံ ပြန်ရမည်ဖြစ်သည်။

Perforated Eardrum (နားစည်ပေါက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

နားစည်ပေါက်ခြင်းအား ကုသရန် အမြဲတမ်းမလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော နားစည်သည် နားအတွင်း ခြောက်သွေ့အောင်ထားခြင်း သို့ ပိုးမဝင်လျှင် ရက်သတ္တပတ်အနည်းငယ်မှ လပိုင်းအတွင်း သူ့ဟာသူ ပြန်ကောင်းနိုင်သည်။

နာကျင်မှု သို့မဟုတ် သက်တောင့်သက်သာမရှိလျှင် ဆေးဆိုင်မှဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများဖြစ်သော ပါရာစီတမော သို့ ibuprofen တို့အား ဝယ်ယူသုံးစွဲနိုင်ပါသည်။ အသက် ၁၆ နှစ်အောက် ကလေးများကို အက်စ်ပရင် မပေးရသည်ကို သတိထားပါ။

ရေနွေးဝတ်ပွပွလေးနှင့် နားပေါ်အုပ်ပေးပါကလဲ နာကျင်မှုကို သက်သာစေပါသည်။ ထို့အပြင် နားစည်ပေါက်ခြင်းသည် ပိုးဝင်ခြင်းကြောင့် ဆိုပါက သို့မဟုတ် နားစည် အနာပြန်ကျက်နေချိန်တွင် ပိုးကူးစက်နိုင်ချေ ရှိပါက ဆရာဝန်မှ ပဋိဇီဝဆေးများ ပေးနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နားစည်ပေါက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

နားစည်ပေါက်လျှင် ပိုးမဝင်စေရန်အတွက် နားစည်မကျက်မချင်း နားကိုခြောက်သွေ့စွာ ထားခြင်းဖြင့် အကူအညီပြုပါသည်။

ရေမကူးရသည်ကို သတိရပါ။ ရေချိုးလျှင်လဲ နားကို အကာအုပ်ပြီးမှ ချိုးပါ။ အလုပ်လုပ်သည့်နေရာ သို့မဟုတ် အပန်းဖြေသည့်နေရာများတွင် အသံဆူညံမှုများရှိနေပါက သင့်နားအား မလိုလားအပ်သည့် ထိခိုက်မှုမျိုးမဖြစ်စေရန် အကာအကွယ်ပေးသည့် နားကြပ် နားအုပ်များ ဝတ်ဆင်ပေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Perforated eardrum. http://www.webmd.com/pain-management/ruptured-eardrum-symptoms-and-treatments#2 . Accessed December 7, 2016.
Perforated eardrum. http://www.mayoclinic.org/diseases-conditions/ruptured-eardrum/manage/ptc-20266032 . Accessed December 7, 2016.
Perforated eardrum. http://www.nhs.uk/Conditions/Perforated-eardrum/Pages/Introduction.aspx . Accessed December 7, 2016.

ယခုပုံစံ

02/12/2019

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မရှိတဲ့ အနံ့တွေရနေတာ ဘာကြောင့်လဲ

နှာခေါင်းထဲမှာ အနံ့ဆိုးတွေ ဖြစ်နေတာ ဘာကြောင့် ဖြစ်မလဲ!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement