backup og meta

ဆေးမသောက်ရဘဲ ဗိုက်အောင့်သက်သာစေမယ့် နည်းလေးတွေရှိတယ်

အစာစားချိန်နောက်ကျလို့အောင့်တယ်၊ အစားများလို့အောင့်တယ်၊ လေထိုးလေအောင့်တယ်၊ အစာမကြေလို့ အောင့်တယ်၊ အစာအိမ်နာလို့အောင့်တယ် ဗိုက်အောင့်တဲ့အကြောင်းရင်းကစုံလို့ပါပဲ။ ဗိုက်အောင့်ဗိုက်နာတဲ့အချိန် ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိတယ်နော်။

ဆေးမသောက်ရဘဲ ဗိုက်အောင့်သက်သာစေမယ့် နည်းလေးတွေရှိတယ်

(၁) ဒိန်ချဉ်

ဗိုက်အောင့်နေတဲ့အချိန်မှာ အစာခြေစနစ်ကိုသက်တောင့်သက်သာဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုပါ ကောင်းစေမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ ဒိန်ချဉ်ထဲမှာပါပါတယ်။ ဒါပေမယ့် အဆီများတဲ့ဒိန်ချဉ်တွေ၊ အရသာတွေထပ်ပေါင်းဖြည့်စွက်ထားတဲ့ဒိန်ချဉ်တွေ မဟုတ်ရင်တော့ပိုကောင်းပါလိမ့်မယ်။

(၂) ချင်း

ဟိုးအရင်တည်းက ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့ပါတယ်။ နာကျင်တာကအစ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကိုအသုံးပြုနိုင်ပါတယ်။ ချင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေတယ်၊ ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ တချို့တွေက ချင်းနဲ့ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ၊ ဖြည့်စွက်စာလေးတွေကို စားလေ့ရှိကြသလို ချင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် ရေနွေးကြမ်းနှပ်ပြီး သောက်တာမျိုးလည်းရပါတယ်။ အများကြီးတော့မသုံးနဲ့ပေါ့။

(၃) ရေနွေးအိတ်

လေထိုးလေအောင့်တာ၊အစာမကြေတာလိုမျိုး ဗိုက်အောင့်ဝေဒနာတွေမှာ အရမ်းမပူတဲ့ ရေနွေးအိတ်လေး ကပ်ပေးတာက မြန်မြန်သက်သာစေနိုင်ပါတယ်။ ရေနွေးစပ်ပြီးရေချိုးတာလည်း ရပါတယ်။ ရေနွေးအိတ်ကပ်ရင်တော့ မိနစ် ၂၀ လောက်နေရာလေးရွှေ့ပြီးကပ်ပေးလို့ရပါတယ်။

(၄) သင်္ဘောသီး

သင်္ဘောသီးမှာ အစားအစာထဲက ပရိုတင်းတွေကိုချေဖျက်ပေးပြီး အစာကြေလွယ်၊စုပ်ယူလွယ်နိုင်အောင် ကူညီပေးတဲ့ papain အင်ဇိုင်းပါဝင်ပါတယ်။

(၅) ပူစီနံ

ပူစီနံမှာ menthol ဓါတ်ပါဝင်ပြီး အဆိုပါ menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်လို့ ပူစီနံကိုပျို့အန်ခြင်းနဲ့ဗိုက်အောင့်ခြင်းတို့အတွက် အသုံးပြုလေ့ရှိကြပါတယ်။ ချင်းလိုပဲ ပူစီနံကိုလည်း အရွက်ခပ်ထားတဲ့ရေနွေးကြမ်းပူပူလေး လုပ်သောက်လို့ရသလို ထမင်းစားရင် အတို့အမြှုပ်အဖြစ်နဲ့ စားလို့ရပါသေးတယ်။

(၆) သံပုရာရေနွေးကြမ်း

ရေနွေးထည့်ထားတဲ့မက်ခွက်ထဲကို သံပုရာသီးတခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသောဖျော်ရည်တခွက်ကိုရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.webmd.com/pain-management/guide/abdominal-pain-causes-treatments

Accessed Sep 10, 2019.

https://www.medicalnewstoday.com/articles/322047.php

Accessed Sep 10, 2019.

ယခုပုံစံ

25/08/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

စိတ်ဖိစီးလို့ ဗိုက်အောင့်တာ ဒီတိုင်းကြိတ်ခံနေတော့မလား

အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ