ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
-ကျန်းမာရေးနဲ့ပတ်သက်တဲ့နောက်ကြောင်းမေးမြန်းခြင်း။ အရင်ကဗိုက်မှာဒဏ်ရာရတာတို့ ဒါမှမဟုတ် မုန့်ချ ိုအိတ်ယောင်ခြင်းတို့ကpseudocyst ဖြစ်နိုင်ပါတယ်။
-CT ရိုက်ကြည့်ခြင်း။ ဒီပုံရိပ်ဖော်နည်းလမ်းကနေမှ မုန့်ချိုအိတ်မှအရည်အိတ် ရဲ့ အရွယ်အစားတည်ဆောက်ပုံတွေကိုသိနိုင်ပါတယ်။
-MRI ရိုက်ခြင်း။ ဒီပုံရိပ်ဖော်နည်းကတော့ မုန့်ချိုအိတ်ကအရည်အိတ်ကိုအသေးစိတ်ပုံဖော်ကြည့်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ချေ များတဲ့ အစိတ်အပိုင်းတွေများပါနေမလားဆိုတာထိ ကြည့်လို့ရပါတယ်။
-Endoscopic Ultrasound မှန်ပြောင်းထည့်ပြီးတီဗီဓါတ်မှန်ရိုက်ကြည့်ခြင်း။ ဒီနည်းကလည်း MRI လိုပဲအရည်အိတ်ကိုအသေးစိတ်ကြည့်လို့ရပါတယ်။ အရည်အိတ်ထဲကရရှိတဲ့အရည်ကိုဓါတ်ခွဲစမ်းသပ်ခြင်းနဲ့လည်းကင်ဆာဖြစ်နိုင်တဲ့လက္ခဏာတွေရှိနိုင်မလားဆိုတာသိနိုင်ပါတယ်။
သင့်ရဲ့အသက်အရွယ် ယောက်ကျားမိန်းမအရည်အိတ်ရဲ့တည်နေရာထူးခြားတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဆရာဝန်တွေက သင့်ဆီမှာဘယ်လိုအရည်အိတ်မျိုးရှိနေတယ်ဆိုတာပြောပြပေးနိုင်ပါတယ်။
–
-serous cystadenoma:ဒီအရည်အိတ်မျိုးကတော့ အနီးအနားက အင်္ဂါတွေကို ဖယ်ပစ်တဲ့အထိ ကြီးလာနိုင်ပြီး ဗိုက်နာခြင်းနဲ့ ဗိုက်တင်းခြင်းတွေကို ဖြစ်စေပါတယ်။
-mucinous cystadenoma:ဒီ ပုံစံကတော့ မုန့်ချိုအိတ်ရဲ့ အလည်ဘက် ဒါမှမဟုတ် အမြီးဘက် မှာဖြစ်တတ်ကြပြီး အသက်၄၀-၅၀ အရွယ် တွေမှာအများဆုံး တွေ့ရပါတယ်။mucinous cystadenomaက ကင်ဆာဖြစ်နိုင်တဲ့အခြေအနေရှိတဲ့အတွက် မကုသပဲထားပါက ကင်ဆာဖြစ်လာနိုင်ပါတယ်။
-intraductal papillary mucinous neoplasm:ဒီပုံစံကတော့ မုန့်ချိ ုအိတ်ရဲ့ လမ်းကြောင်း ဒါမှမဟုတ် သူ့ရဲ့ လမ်းကြောင်းခွဲတစ်ခုမှာ ကြီးထွားမှုဖြစ်ပါတယ်။ ၎င်းဟာလည်း ကင်ဆာဖြစ်နိုင်ပါတယ်။
-papillary cystic tumor:ဒီအရည်အိတ်မျိ ုးကတော့ များသောအားဖြင့် မုန့်ချိ ုအိတ်ရဲ့ အလယ်ဘက် ခန္ဓါကိုယ်ပိုင်းနဲ့ အမြီးဘက်မှာ အဖြစ်များပြီး အသက် ၃၅နှစ်အောက်
အမျိ ုးသမီးတွေမှာ အတွေ့ရများပါတယ်။
-cystic islet cell tumor:အများအားဖြင့် အခဲပုံစံဖြစ်တတ်ပြီး အရည်အိတ်လိုအပိုင်းလည်းပါဝင်တတ်ပါတယ်။ ဒီ အကြိတ်မျိးကတော့ ရှားပါတယ်။
မုန့်ချိုအိတ်အရည်အိတ်ဖြစ်ခြင်းကိုအခုခေတ်မှာပုံရိပ်ဖော်နည်းပညာတွေတိုးတက်လာခြင်းကြောင့် အရင်ကထက်ပိုပြီးရောဂါရှာလို့ရလာတာကိုကျေးဇူုးတင်ရမှာပါ။ မုန့်ချိုအိတ်အရည်အိတ်ဖြစ်ခြင်းကိုအခြားပြသနာများအတွက်ဗိုက်ကိုဓါတ်မှန်ရိုက်ကြည့်ခြင်းတွေကနေရှာတွေ့တာများပါတယ်။ အဖြေရှာရှာမှာဒီအရည်အိတ်ကကင်ဆာဖြစ်သွားမလားဆိုတာကိုဆုံးဖြတ်ဖို့ကအဓိကအခက်အခဲအဖြစ်ရှိနေတာပါ။ အောက်မှာပြောပြမယ့် နည်းလမ်းတွေဟာရောဂါရှာဖွေဖို့နဲ့ကုသမှုပေးမှုတွေမှာမကြာခဏသုံးတဲ့နည်းတွေဖြစ်ပါတယ်။ |
Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
လိမ့်မယ်။
-စောင့်ကြည့်ခြင်း၊ ရိုးရိုး ဘာဒုက္ခမှမပေးတဲ့ အရည်အိတ်ဆိုရင် အရမ်းပဲကြီးနေပါစေ ဘာမှ အနှောင့်အယှက်မပေးရင် သူ့ဘာသာ ဒီအတိုင်း ထားနိုင်ပါတယ်။serous cystadenoma က ကင်ဆာဖြစ်သွားတာရှားတဲ့အတွက် ရောဂါလက္ခဏာတွေမပြရင် ကြီးမလာဘူးဆိုရင် ဒီအတိုင်းထားနိုငပါတယ်။ ဒါပေမယ့် ဘယ်အရည်အိတ်ပဲဖြစ်ဖြစ် သေချာ ကြည့်ရှုစောင့်ကြည့်နေရပါမယ်။
-မြောင်းဖောက်ခြင်း၊ မုန့်ချိ ုအိတ်က အရည်အိတ်ကနေ ဒုက္ခပေးတဲ့ လက္ခဏာတွေရှိလာရင် ဒါမှမဟုတ် ကြီးလာခဲ့ပါက မြောင်းဖောက်ပြီး အရည်တွေစီးဆင်းစေလို့ရပါတယ်။ နည်းလမ်းက
တော့ ပျော့ပျောင်းတဲ့ ပြွန်ခပ်သေးသေးတစ်ခုကို (endoscope)ကို သင့်ပါးစပ်ကနေ သင့်အစာအိမ်နဲ့ အူသိမ်ထိဖြတ်ခိုင်းတာပါ။
ပြီးတော့ ဒီ ပြွန်လေးထည့်တာကို တီဗီ ဓါတ်မှန်မှာကြည့်လို့ရတဲ့ ကိရိယာလေးနဲ့ တွဲထားပြီး မုန့်ချိ ုအိတ်က အရည်အိတ်ကို အပ်လေးနဲ့ဖောက်ကာ အရည်တွေစီးစေတာပါ။ တစ်ခါတစ်လေမှာ
အရေပြားကနေ ဖောက်ချဖို့လိုအပ်ပါတယ်။
-ခွဲစိတ်ခြင်း:ခွဲစိတ်ခြင်းကတော့ အရမ်းကြီးမားတဲ့အရည်အိတ်မျိ ုးတွေ ဒါမှမဟုတ် serous cystadenoma လိုမျိ ုးတွေမှာ နာကျင်မှု
ဖြစ်လာရင် ဒါမှမဟုတ် တစ်ခြား ရောဂါလက္ခဏာတွေဖြစ်လာရင် ခွဲစိတ်ဖို့ အကြံပေးပါတယ်။ တစ်ခြား မုန့်ချ ိုအိတ်အရည်အိတ်တွေကလည်း ကင်ဆာ အန္တရာယ်ကို ကြောက်ရတာကြောင့် ခွဲစိတ်ပြီးထုတ်ပစ်ဖို့ ယေဘုယျအားဖြင့် လိုတတ်ပါတယ်။
လူနေမှု ဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ။
မုန့်ချိုအိတ်အရည်အိတ်ဖြစ်ချိန်မှာ ကူညီနိုင်မယ့် လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။
အရည်အိတ်ဖြစ်ခြင်းကို ကာကွယ်နိုင်မယ့် အသုံးဝင်မယ့် နည်းလေးတွေကတော့
-လေ့ကျင့်ခန်းမလုပ်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့မမေ့ပါနဲ့
-သင့်ကို သက်တောင့်သက်သာမဖြစ်စေတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ဖို့ကြိုးစားပါ။
-အနားယူဖို့နဲ့ နာလန်ထဖို့ကြိုးစားပါ။
(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)
ဘယ်လိုအရည်အိတ်ရှိသလဲဆိုတာပေါ်မူတည်မယ် အရွယ်အစား သူ့တို့ရဲ့ လက္ခဏာတွေ ဘာတွေက ရောဂါလက္ခဏာတွေကိုဖြစ်စေတာလဲ ဆိုတာတွေကြည့်ပြီး ဘယ်နည်းလမ်းနဲ့ကုသရမလဲဆိုတာ သင့်ဆရာဝန်က ဆုံးဖြတ် ပါ |
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။