backup og meta

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကဘာလဲ။

အူလမ်းကြောင်းပိတ်ခြင်းဆိုတာ သင့်ရဲ့ အူသိမ် သို့ အူမကြီး လုံး၀ သို့ တစိတ်တပိုင်းပိတ်ခြင်းဖြစ်တယ်။ ထိုပိတ်ဆို့သွားခြင်းဟာ အစာ၊ အရည်နဲ့ ဂက်စ်တွေကို အူအတွင်း သာမန်လမ်းကြောင်းအလိုက် ရွေ့ခြင်းကိုတားဆီးတယ်။ နာလိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြင်းထန်တဲ့နာကျင်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

များသောအဖြင့်တော့ ဖြစ်လေ့မရှိပါဘူး။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

လက္ခဏာများ

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အူလမ်းကြောင်းပိတ်ခြင်းမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ –

  • နာလိုက်၊ ပျောက်လိုက်ဖြစ်တတ်သည့် ဆွဲဆုတ်ထားသကဲ့သို့ ဗိုက်နာခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဝမ်းချုပ်ခြင်း
  • အန်ခြင်း
  • အူမလှုပ်ရှားနိုင်ခြင်း၊ လေမလည်နိုင်ခြင်း။
  • ဝမ်းဗိုက်ဖောင်းနေခြင်း။

ဖော်ပြထားတာတွေအပြင်တခြားအချက်တွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပြင်းပြင်းထန်ထန်နဲ့ ဆက်တိုက် ဗိုက်အောင့်၊ ဗိုက်နာနေမယ်ဆိုရင်တော့ ဆရာဝန်ချက်ခြင်းပြပါ။ ဒါဟာ အူလမ်းကြောင်းပေါက်သွားတာကြောင့် အူကိုထောက်ပံ့နေတဲ့ သွေးလမ်းကြောင်း ပြတ်တောက်သွားတာဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေဖြစ်တယ်။

အကြောင်းရင်းများ

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကျိတ်များ၊ အမာတ်ရွတ်တစ်သျူး၊ ဒါမှမဟုတ် အူလိမ်သွားခြင်း၊ လမ်းကြောင်းကျဉ်းခြင်းတို့ဟာ အူလမ်းကြောင်းပိတ်ဆို့ခြင်းဖြစ်စေနိုင်တယ်။ ဒါကိုရုပ်ပိုင်းဆိုင်ရာပိတ်ဆို့ခြင်းလို့ခေါ်တယ်။

အူသိမ်မှာ အမာရွတ်တစ်သျူးတွေဟာ အဓိကအကြောင်းအရင်းဖြစ်နိုင်တယ်။ တခြားအကြောင်းအရင်းတွေကတော့ အူကျွံခြင်းနဲ့ အူကိုလိမ်စေ၊ ကျဉ်းနေစေနိုင်သော Crohn ရောဂါ လို့ခေါ်တဲ့ အူရောင်ခြင်းတွေ၊ အူလမ်းကြောင်းပိတ်စေတဲ့အကျိတ်တွေဖြစ်နိုင်တယ်။ အူခေါက်များ အချင်းချင်းစွတ်သွားတဲ့အခါမှာလည်း အူလမ်းကြောင်းပိတ်နိုင်ပါတယ်။

အူမကြီးမှာတော့ ကင်ဆာကအဖြစ်အများဆုံးအကြောင်းအရင်းဖြစ်ပြီး တခြားအကြောင်းအရင်းတွေကတော့ ဝမ်းချုပ်ခြင်း၊ အူရောင်ခြင်းတို့ကြောင့် အူလမ်းကြောင်းကျဉ်းခြင်း တို့ဖြစ်တယ်။

ဖြစ်နိုင်ခြေများ

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အူလမ်းကြောင်းပိတ်ရန်အားပေးသောအချက်များ –

  • ဝမ်းဗိုက် သို့ တင်ပါးဆုံရိုးတွင်းရှိအင်္ဂါများခွဲစိတ်ခြင်း – အတွင်းအင်္ဂါများ၊ အမြှေးပါးများ တစ်ခုနဲ့တစ်ခု ငြိတွယ်ကပ်ငြိသွားစေပြီး အူလမ်းကြောင်းပိတ်စေနိုင်ပါတယ်။
  • Crohn ရောဂါ – အူနံရံများကိုထူလာစေပြီး လမ်းကြောင်းပိတ်စေပါတယ်။
  • ဝမ်းဗိုက်အတွင်းရှိကင်ဆာ – အထူးသဖြင့်အကျိတ်ဖယ်ရန် ခွဲစိတ်သောအခါ သို့ ဓါတ်ရောင်ခြည်ဖြင့်ကုသထားသောအခါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ခံစားရသောလက္ခဏာများ၊ အစာချေမှုပြဿနာများ စသည်တို့ကို ဆရာဝန်ကမေးပါလိမ့်မယ်။ လတ်တလောဝမ်းဗိုက်တဝိုက်လုပ်ထားတဲ့ ခွဲစိတ်မှုစသည်တို့အကြောင်းလည်းမေးပြီး နာကျင်မှုရှိမရှိ၊ လေပွနေခြင်းရှိမရှိစစ်ဆေးပါလိမ့်မယ်။

စစ်ဆေးမှုတွေကတော့ –

ဝမ်းဗိုက်ဓါတ်မှန် – အူသိမ်နဲ့ အူမကြီးအတွင်းရှိ ပိတ်ဆို့ခြင်းများကို ရှာတွေ့နိုင်ပါတယ်။

စီတီစကမ် – ပိတ်ဆို့ခြင်းကတစိတ်တပိုင်းလား၊ အပြည့်လားဆိုတာ သိရနိုင်ပါတယ်။

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

များသောအားဖြင့်က တစိတ်တပိုင်းပိတ်ဆို့ခြင်းတွေဖြစ်ပြီး ပြန်ကောင်းလာတတ်ပါတယ်။ တချို့လူတွေကတော့ ထို့ထက်ပိုတဲ့ ကုသမှုတွေလိုပြီး ထိုကုသမှုတွေကတော့ အရည်၊ လေ သို့ သေးငယ်သောပြွန်လေးတွေကိုသုံးပြီး ပိတ်ဆို့ခြင်းကိုဖွင့်ခြင်းဖြစ်တယ်။

အူလမ်းကြောင်းအပြည့်ပိတ်ဆို့တဲ့အခါ သို့ သွေးထောက်ပံ့မှုပြတ်လပ်သောအခါမှာ ခွဲစိတ်ရန်လိုနိုင်ပါတယ်။ ခွဲစိတ်ပြီးသောအခါမှာလည်း အူထုတ်ထားရန်လိုနိုင်တယ်။

ရောဂါဖြစ်နေသောအူပိုင်းကို ဖြတ်ထုတ်ဖယ်ပစ်ပြီး ကျန်သောအပိုင်းကို အရေပြားပေါ်အပေါက်ဖောက်ကာ ဆက်ထားခြင်းဖြစ်တယ်။ ခန္ဓါကိုယ်အတွင်းမှ အညစ်အကြေးများက ထိုအပေါက်မှတဆင့်ထွက်သွားပြီး အပြင်တွင်တပ်ထားသော တစ်ခါသုံးအိတ်ထဲဝင်သွားမှာဖြစ်တယ်။ တချို့မှာနေပြန်ကောင်းသည်ထိ ယာယီထုတ်ထားခြင်းဖြစ်ပြီး ပြန်ကောင်းသွားသောအခါ အူအစွန်းများကိုပြန်ဆက်ပြီး ဖောက်ထားသောအပေါက်ကိုပြန်ပိတ်လိုက်မှာဖြစ်တယ်။

တကယ်လို့ပိတ်ဆို့ခြင်းက တခြားသောရောဂါကြောင့်ဖြစ်ပါက ထိုရောဂါကိုမကုမချင်း ပြန်ပိတ်ဆို့နေနိုင်တယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အူမကြီးကင်ဆာကာကွယ်ဖို့အတွက် အဆီနည်းနည်း၊ အသီးရွက်များများစားပါ။ ဆေးလိပ်မသောက်ပါနဲ့၊ အသက် ၅၀ နောက်ပိုင်းမှာ အူမကြီးကင်ဆာစစ်ဆေးကြည့်ဖို့ ဆရာဝန်ပြပါ။

အူကျွံခြင်းကိုကာကွယ်ရန်အတွက် အလေးအပင်မခြင်းရှောင်ပါ – ဝမ်းဗိုက်တွင်း ဖိအားတက်စေကာ အူတစိတ်တပိုင်းကို လျော့ရဲနေသော ဝမ်းဗိုက်ကြွက်သားမှတဆင့်ထွက်သွားစေပါသည်။ ဝမ်းဗိုက်ကြွက်သားမှာ အထူးသဖြင့် ပေါင်ခြံ သို့ ခွဲစိတ်ထားသောနေရာတဝိုက်မှာ အဖုအလုံးတွေ့ပါက ဆရာဝန်ချက်ခြင်းပြပါ။

အူနံရံမှအိတ်ငယ်လေးများရောဂါတစ်မျိုးကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းပိတ်ဆို့ခြင်းကိုကာကွယ်ဖို့နည်းကတော့ မရှိသေးပါဘူး။ တချို့ဆရာဝန်တွေကတော့ အမျှင်ဓါတ်များများစားပေးပြီး ထိုအိတ်ငယ်လေးများထဲ ဝင်နေနိုင်တဲ့ အစေ့အဆန်များလျှော့စားသင့်တယ်လို့ထင်ကြပါတယ်။ တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Intestinal obstruction.

http://www.mayoclinic.org/diseases-conditions/intestinal-obstruction/home/ovc-20168459. Accessed July 28, 2017.
Bowel Obstruction – Topic Overview.

http://www.webmd.com/digestive-disorders/tc/bowel-obstruction-topic-overview#2. Accessed July 28, 2017.
Bowel Obstruction.

http://www.health.harvard.edu/diseases-and-conditions/bowel-obstruction. Accessed July 28, 2017.

ယခုပုံစံ

14/02/2018

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 14/02/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement