IBS (နာတာရှည်အူလမ်းကြောင်းရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 20, 2021 . 2 mins read
Share now

Irritable bowel syndrome (IBS) သည် အတွေ့ရများသော အစာချေစနစ်တွင် ဖြစ်သည့် နာတာရှည် အူလမ်းကြောင်း ပြဿနာ ဖြစ်သည်။ IBSက
ယေဘုယျအားဖြင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်ကယ်ခြင်း၊ လေလည်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းများကို ဖြစ်စေနိုင်ပါသည်။

နာတာရှည်အူလမ်းကြောင်းပြဿနာ (IBS) က ဘယ်လောက်အဖြစ်များသလဲ

IBSသည် လူငါးယောက်တွင် တစ်ယောက်နှုန်း ဖြစ်ပေါ်တတ်ပါသည်။ များသောအားဖြင့် အသက် ၂၀ မှ ၃၀ အတွင်းတွင် စဖြစ်တတ်ပါသည်။ အမျိုးသားများထက် အမျိုးသမီးများက နှစ်ဆ ဖြစ်နိုင်ချေ ပိုမြင့်၏။

IBS ရဲ့ လက္ခဏာတွေက ဘာတွေလဲ

IBS၏ လက္ခဏာများသည် လူတစ်ဦးနှင့် တစ်ဦးမတူနိုင်ဘဲ အချို့လူများတွင် ပိုဆိုးတတ်သည်။ IBSတစ်ခါတစ်ခါ ဖြစ်လျှင် ရက် အနည်းငယ်မှ လချီပြီးကြာတတ်သည်။ စိတ်ဖိစီးမှုများလျှင် ပိုကြာတတ်ပြီး အစားမှားလျှင်လည်း ဖြစ်တတ်သည်။

IBS၏ လက္ခဏာများသည် ဝမ်းသွားပြီးနောက် သက်သာသွားနိုင်သည်။ နာတာရှည်ဖြစ်သော်လည်း ကောင်းကောင်းကုသလျှင် အခြေအနေတိုးတက်နိုင်ပါသည်။

IBSသည် ဗိုက်နာခြင်း၊ ဝမ်းအလေ့အထ ပြောင်းခြင်းတို့နှင့် ဆက်နွယ်ပါသည်။ ဥပမာအားဖြင့် တချို့လူများတွင် ဝမ်းချုပ်ခြင်းကို အဓိကခံစားရနိုင်ပြီး (တချို့တွင်ဝမ်းလျှောသည်) နောက်ပိုင်းတွင် ဝမ်းချုပ်လိုက်၊ လျှောလိုက် တစ်လှည့်စီ ဖြစ်သွားတတ်ပါသည်။ အစာစားပြီးနောက်တွင် ဗိုက်နာတတ်ပြီး ဝမ်းသွားလိုက်လျှင် သက်သာသွားတတ်သည်။

IBS ၏ လက္ခဏာများသည် အချိန်ကြာလျှင် ပြောင်းသွားတတ်သည်။ တစ်ခါတစ်ရံလက္ခဏာများသည် ကာလတစ်ခုကြာ ပျောက်သွားပြီးနောက်မှ ပြန်ပေါ်လာတတ်သည်။ အဖြစ်များဆုံးလက္ခဏာများမှာ

• ဗိုက်အောင့်ခြင်း၊ နာခြင်း
• ဝမ်းအလေ့အထပြောင်းခြင်း (ဥပမာ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်း၊ တစ်ခါတစ်ရံ နှစ်မျိုးလုံးဖြစ်ခြင်း)
• ဗိုက်ကယ်ခြင်း၊ ဗိုက်ဖောခြင်း
• လေလည်ခြင်း
• ရုတ်တရက် ဝမ်းသွားလိုစိတ်ဖြစ်ခြင်း
• ဝမ်းသွားပြီးနောက် ဝမ်းကျန်သကဲ့သို့ခံစားရခြင်း
ဝမ်းတွင် အကျိအချွဲများ ပါခြင်း

IBS (Irritable Bowel Syndrome) (နာတာရှည်အူလမ်းကြောင်းပြဿနာ)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက် တွေ့ဆုံသင့်သလဲ

IBSကြောင့် လူနာအများအပြားတွင် စိတ်ကျခြင်းနှင့် စိုးရိမ်မှုကို ခံစားရနိုင်သည်။ ရောဂါအကြောင်းကို ပိုမိုလေ့လာခြင်း၊ ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးခြင်း၊ စိတ်ဖိစီးမှုနည်းစေရန် ကိုယ်တိုင်ပြုစုကုသခြင်းတို့ ပြုလုပ်ထားရမည်။

မိမိ၏ နေ့စဉ်အလုပ်များကို ထိခိုက်စေတဲ့အထိ စိုရိမ်မှုများ၊ စိတ်ကျမှုများ ရှိနေလျှင် ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန်မှ စိတ်ကျရောဂါကုဆေးများ၊ IBSကိုသက်သာစေမည့် cognitive behavioural therapy (CBT) အပြုအမူဆိုင်ရာ ကုထုံးများကို ပေးနိုင်ပါသည်။ ရောဂါကိုလဲ တိုက်ရိုက်ကုသပေးပါလိမ့်မည်။

IBSကို ဘာတွေက ဖြစ်စေသလဲ

IBS ဖြစ်စေသည့် အကြောင်းရင်းကို တိတိကျကျ မသိရပါ။ သို့သော် ကျွမ်းကျင်သူအများစု ထင်ကြသည်မှာ ၎င်းသည် အူများ ထိခိုက်လွယ်ခြင်း၊ အစာချေရာတွင် ပြဿနာရှိခြင်းတို့နှင့် ဆက်နွယ်နိုင်သည်ဟုဆိုသည်။

တချို့က ဦးနှောက်သည် အူလှုပ်ရှားမှုများအတွက် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် IBSသည်  ဦးနှောက်နဲ့ အူဆက်သွယ်နေသော ရောဂါတစ်မျိုးဖြစ်သည်ဟု ဆိုသည်။

ဆိုလိုသည်မှာ အူမှ နာကျင်မှုကို ပိုပြီးခံစားနိုင်မှု မြင့်လေလေ ဦးနှောက်သည် ထိုခံစားမှုကို တုံ့ပြန်ပြီး ဝမ်းသွားဖို့ ညွှန်ကြားလေလေ ဖြစ်သည်။ စိတ်ပိုင်းဆိုင်အချက်များဖြစ်သည့် စိတ်ဖိစီးမှု အခြေအနေများသည်လည်း IBSတွင် တစ်စိတ်တစ်ပိုင်း ပါရှိနေနိုင်သည်။

IBSဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အူလှုပ်ရှားမှုကို ဦးနှောက်က ထိန်းချုပ်ထားသောကြောင့် စိတ်ဖိစီးမှုများလျှင် IBSလက္ခဏာများကို ဆိုးဝါးစေနိုင်သည်။ လုံလောက်စွာ အနားယူပြီး စိတ်ပြေလျော့စေခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး IBSဖြစ်ပွားမှုကို လျော့စေနိုင်သည်။

IBS (Irritable Bowel Syndrome) (နာတာရှည်အူလမ်းကြောင်းပြဿနာ)

IBS ကို ဘယ်လိုကုသပါသလဲ

IBSကို အရှင်းပျောက်အောင် ကုသနိုင်သော နည်းမရှိပါ။ သို့သော် လက္ခဏာများ သက်သာအောင် အစားအသောက်နှင့် လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် ထိန်းချုပ်နိုင်သည်။ သတိထားရမည့် အချက်များမှာ

  • IBSလက္ခဏာများကို ဖြစ်စေသည့် အစားအသောက်များကို မှတ်ထားပြီး ရှောင်ကြဉ်ပါ။
  • အစားအစာတွင် ပါဝင်သော အမျှင်ဓာတ် ပမာဏကို ထိန်းချုပ်ပါ။ အမျှင်ဓာတ်များလွန်းရင် ဝမ်းလျှောနိုင်ပြီး၊ နည်းလွန်းရင် ဝမ်းချုပ်နိုင်ပါတယ်။ ကိုယ့်အခြေအနေပေါ် မူတည်ပြီး လိုသလို စားသုံးပါ။
  • လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။
  • စိတ်ဖိစီးမှု လျော့ကျရန် တရားထိုင်ပါ။

လူနေမှုပုံစံပြောင်းခြင်းဖြင့် မသက်သာပါက ဆေးဝါး အကူအညီ ယူနိုင်သည်။ သို့သော်လည်း မပြင်းထန်သည့် IBSလူနာအများစုတွင်တော့ ဆေးများကို အချိန်ခဏသာ လိုအပ်မည် ဖြစ်သည်။

  • Anti spasmodics (အူငြိမ်ဆေး)
  •  ဝမ်းပိတ်ဆေးများ
  •  ဝမ်းပျော့ဆေးများ
  •  စိတ်ဖိစီးမှု လျှော့ချသော ဆေးများ

Takeaways

IBS ရောဂါရှိသော လူနာအနည်းစုသာ ပြင်းထန်သည့် လက္ခဏာများကို ခံစားရပြီး အများစုသည် အစားအစာ၊ လူနေမှုပုံစံနှင့် စိတ်ဖိစီးမှုကို လျှော့ချပြောင်းလဲခြင်းဖြင့် လက္ခဏာများကို ထိန်းချုပ်နိုင်ကြပါသည်။ နာတာရှည်ရောဂါ ဖြစ်ပြီး အရှင်းပျောက်အောင် ကုသလို့ မရဘူးဟု ဆိုသော်လည်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်မယ်ဆိုရင် သာမန်လူတွေလိုပဲ နေထိုင်သွားနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လိပ်ခေါင်းခွဲစိတ်ကုသခြင်းအကြောင်း

လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းရာကနေ စဖြစ်တာပါ။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်းနဲ့ အတွင်းလိပ်ဆိုပြီး ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှုများတာမကောင်းပါဘူး။ ဘယ်အခြေအနေကို စိတ်ဖိစီးမှုများတယ်လို့ ဆိုနိုင်မလဲ။ ဘယ်လောက်အတိုင်းအတာဆိုရင် ဆိုးဆိုးရွားရွား လွန်ကဲနေပြီလို့ ပြောနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

လိင်အင်္ဂါရေယုန်နဲ့ ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

လိင်အင်္ဂါရေယုန် ပါးစပ်ရေယုန် လိင်ကတဆင့်ကူးစက် ရေယုန်ဗိုင်းရပ်စ် ရေယုန်အရည်ကြည်ဖုများ လိင်အင်္ဂါအနာ ကွန်ဒုံး စိတ်ဖိစီးမှုများ ကိုယ်ခံအားကျ HSV 1 HSV 2

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

တစ်ခုခုစားပြီးတိုင်း အိမ်သာပြေးနေရပြီဆိုရင်

အခုပဲ စားလို့ပြီးတယ်။ တော်ကြာအိမ်သာထဲမှာ သွားပြန်ထုတ်နေရတယ်ဆိုရင် သင့်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေနိုင်ပါတယ်။ ဂရုစိုက်ဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေရဲ့ အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 1 min read