backup og meta

ပီကေဝါးရင်း မျိုချမိရင် အန္တရာယ်ရှိလား

ပီကေစားရင်း မျိုချမိရင် အူမှာကပ်ပြီးသေတတ်တယ်၊ ပီကေက အစာအိမ်ထဲ၊ အူထဲမှာ ကပ်သွားပြီး လုံးဝပြန်မထွက်တော့ဘူး ဆိုတဲ့ စကားတွေ ငယ်ငယ်က ကြားဖူးမှာပါ။ ဒီလိုစိတ်ပူတတ်တဲ့ လူကြီးတွေက ကိုယ်တွေကို ပီကေမစားရဘူးလို့ တားမြစ်ခဲ့ကြပါတယ်။ ပီကေဆိုတာ လူကြီးဖြစ်မှ စားရမယ်ဆိုတဲ့အသိလေးလည်းခေါင်းထဲစွဲလို့။

ပီကေဝါးရင်း မျိုချမိရင် အန္တရာယ်ရှိလား

ခုချိန်ထိ ပီကေမျိုချမိမှာကို အရမ်းကြောက်နေမိတာလည်း အမှန်ပါပဲ။ တကယ်ရော ဘာဖြစ်သွားမှာလဲ….

မတော်တဆ မျိုချမိတဲ့အခါ

ပီကေရဲ့ပါဝင်ပစ္စည်းအများစုက သဘာဝကုန်ကြမ်းတွေမဟုတ်တဲ့အတွက် လူ့အစာအိမ်ထဲမှာ ဒါတွေကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေမရှိပါဘူး။ ဒါပေမယ့်နောက်ဆုံးမှာ ပီကေကို အူမကြီးအထိရွေ့လျားရောပါသွားပြီး ဝမ်းအညစ်အကြေးတွေနဲ့အတူ စွန့်ထုတ်လိုက်မှာပါ။ အူနံရံမှာကပ်နေမှာတို့၊ တစ်သက်လုံးပြန်မထွက်တော့ဘူးလို့ကြောက်စရာအတွေးတွေ ဖိစီးနေဖို့ မလိုပါဘူး။

ဗိုက်ထဲမှာ ဘယ်လောက်ကြာမှာလဲ

ပီကေကို မျိုချမိပြီးတဲ့အခါ အများအားဖြင့် တစ်ရက်၊နှစ်ရက်၊သုံးရက်လောက်ကြာမှပြန်စွန့်ထုတ်လာနိုင်ပေမယ့် သိပ်မကြာတဲ့သူတွေလည်းရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့အစာခြေစနစ်အလုပ်လုပ်ပုံနဲ့ ဆိုင်ပါလိမ့်မယ်။ယေဘုယျတော့ ရက်ပိုင်းအတွင်းပဲ ကြာနိုင်ပါတယ်။ သီတင်းပတ်လည်းမချီဘူး၊ နှစ်နဲ့လည်းမချီနိုင်ပါဘူး။

အန္တရာယ်ရှိလား

ပီကေဆိုတာ မျိုမချဘဲ ဝါးဖို့ပဲ စီမံထုတ်လုပ်ထားတာဖြစ်ပေမယ့် တစ်ခါတစ်လေတော့ မျိုချမိလည်း အန္တရာယ်မရှိနိုင်ပါဘူး။ ပီကေကို အစာခြေစနစ်က မချေဖျက်နိုင်တာ မှန်ပါတယ်။ သို့သော် ပီကေက အစာအိမ်ထဲမှာ အမြဲကပ်ကျန်နေမှာမဟုတ်ပါဘူး။ ချေဖျက်ထားတဲ့အစာတွေနဲ့အတူ ရောပါသွားပြီး စွန့်ထုတ်လိုက်မှာပါ။

ဖြစ်ခဲတဲ့အခြေအနေဆိုပေမယ့် မျိုချထားတဲ့ပီကေက ပမာဏများနေတာနဲ့ ဝမ်းချုပ်ခြင်းပေါင်းစပ်လိုက်တဲ့အခါ ကလေးတွေမှာ အူပိတ်ဆို့တဲ့ပြဿနာဖြစ်လာနိုင်တယ်။ ဥပမာ ပီကေမျိုချထားမိပြီး သိပ်မကြာခင် ထပ်ကာထပ်ကာမျိုချမိတဲ့ပီကေတွေ စုလာတာမျိုး၊ ကလေးမို့ထွေးထုတ်ရမှန်းမသိ အမြဲမျိုချနေမိတာမျိုးကို စိုးရိမ်ရတာပါ။

ကလေးတွေအတွက် သတိထားရမယ့် ပီကေရဲ့အန္တရာယ်ကတော့

  • မျိုချရင်း လမ်းကြောင်းမှားပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာကြောက်ရတယ်၊
  • အချိုကြောင့် သွားပျက်စီးမှာ စိုးရတယ်၊
  • မျိုချမိရင် ပီကေတွေမှာပါတဲ့ ပါဝင်ဓါတ်ပစ္စည်းတွေကို စိတ်ပူရတယ် (သူတို့က အစာလမ်းကြောင်းထဲမှာ အချိန်ကြာရင် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ အတိအကျမသိနိုင်ပါဘူး၊)
  • ပီကေတွေများပြီး အူလမ်းကြောင်းပိတ်ဆို့တဲ့အန္တရာယ် စိုးရိမ်ရတယ်။

လူကြီးတွေ မှန်ပါတယ်။ အကောင်းဆုံးကတော့ ကလေးငယ်ငယ်တွေကို ပီကေမကျွေးသင့်ပါဘူး။ ပီကေဆိုတာ မျိုမချရဘူးလို့ နားလည်တဲ့အရွယ်ကပဲ စပြီး ပီကေစားခွင့်ပေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.rd.com/health/wellness/what-happens-swallow-chewing-gum/

Accessed July 15.7.2019.

https://www.webmd.com/children/features/swallowing-gum

Accessed July 15.7.2019.

https://www.healthline.com/health/swallowed-gum

Accessed July 15.7.2019.

ယခုပုံစံ

04/06/2020

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းချုပ်နေတဲ့အချိန် ဒါတွေစားရင် ပိုဆိုးစေနိုင်တယ်

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း)


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/06/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ