backup og meta

ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ကြိုက်နှစ်သက်တဲ့အရသာတွေ အမြဲတမ်းပြောင်းလဲနေတတ်တယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ ကြိုက်နှစ်သက်တဲ့အရသာတွေ အမြဲတမ်းပြောင်းလဲနေတတ်တယ်ဆိုတာ

    လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မတူကြတာသဘာဝပါပဲ။ အနောက်တိုင်းလူမျိုး‌တွေဟာ အဆီအဆိမ့် အစားများပြီး အရှေ့တိုင်းလူမျိုးတွေဟာ ချဉ်ငံစပ် အရသာတွေကို ပိုခံတွင်းတွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီမှာမှ လူတစ်ယောက်ထဲမှာတောင် အချိန် ရာသီဥတုတို့အပေါ် မူတည်ပြီး ခံတွင်းတွေ့တဲ့စားစရာ‌တွေ အလိုက်သင့်‌ပြောင်းလဲ‌နေတတ်ပါ‌ေသးတယ်။ ဥပမာ – ချမ်းအေးတဲ့အချိန်မှာဆို ပူပူစပ်စပ်လေးတွေကို ပိုခံတွင်းတွေ့ကြတာမျိုးပေါ့။

    ဒီမှာပြောပြပေးသွားမှာကတော့ အချိန် ရာသီဥတုတွေကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အရ‌သော်လည်း‌ကောင်း ဟော်မုန်းပြောင်းလဲမှုကြောင့်သော်လည်းကောင်း ကြိုက်နှစ်သက်တဲ့ အရသာ ရုတ်တရက် ပြောင်းလဲသွားတတ်တယ်ဆိုတာပါပဲ။ သွေးကတောင့်တတယ်တို့ ၊ချဉ်ခြင်းတက်တယ်တို့လည်း ကျွန်မတို့ ပြောလေ့ရှိကြပါတယ်။ ရုတ်တရက် အဲ့ဒီအရသာကိုမှ စားချင်လာတယ်ဆို‌တာမျိုးပေါ့။ ဒီဆောင်းပါးမှာတော့ လက်လှမ်းမီသလောက် လေ့လာချက်တွေရဲ့ ဖော်ပြချက်တွေကို မှီငြမ်းပြီး အဓိက ချို၊ ချဉ်၊ ငန်၊ ခါး၊ ဖန် ဆိုတဲ့ အရသာ ၅ မျိုးအ‌ကြောင်းကို အဓိက ပြောပြပေးသွားပါမယ်။

    ရုတ်တရက် အချိုဓာတ်ကို တောင့်တခြင်းဟာ စိတ်ခံစားမှု မတည်မငြိမ်ဖြစ်တဲ့ အချိန်‌တွေမှာ အဖြစ်များတယ်လို့ဆိုပါတယ်။ သကြားဓာတ်ဟာ ဦးနှောက်ကနေ “feel-good” ဟော်မုန်းတွေကို ထွက်လာအောင် ပြုလုပ်ပေးနိုင်တဲ့အတွက်ပါ။

    အချဉ်

    အချို့သော လေ့လာချက်တွေအရ အချဉ်စားချင်စိတ်ပေါ်တာဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ သဘာဝအတိုင်း ရှိနေတဲ့ ပိုးမွှားလေးတွေ  အနည်းနဲ့အများ အတက်အကျဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

    ခန္ဓာကိုယ်မှာ minerals လို့ခေါ်တဲ့ သတ္တုဓာတ်တွေ အတက်အကျ အပြောင်းအလဲဖြစ်တဲ့ အခါမှာ ရေနဲ့ ဓာတ်ဆားဆုံးရှုံးသလို ခံစားရနိုင်ပါတယ်။ အဲ့လိုအချိန်မှာ အငန်ဓာတ်ကို ထူးထူးခြားခြားတောင့်တတာမျိုးဖြစ်တတ်ပါတယ်။

    အစပ် နဲ့ အခါး

    အဆီအဆိမ့်တွေ အစားများပြီး အီလည်လည်ဖြစ်တဲ့အခါ အစပ်တို့ ၊အခါးတို့ စားချင်လာတာမျိုးဖြစ်တတ်ပါတယ်။ အကြောင်းကတော့ အဆိုပါ အရသာရှိတဲ့ အစား‌အသောက်တွေဟာ အစာချေဖျက်မှုကို မြန်ဆန်အောင် လှုံ့ဆော်ပေးလို့ပါပဲ။

    ရေးသားသူ – Dr. Saint

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement