- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
- ဗိုက်အောင့်တာ
- အော့အန်တာ
- ခေါင်းမူးပြီး မအီမလည်ဖြစ်တာ
- အဖျားတက်တာတွေပဲ ဖြစ်ပါတယ်။ တချို့သောအခြေအနေတွေမှာ ရောဂါလက္ခဏာ အလွန်ပြင်းထန်နိုင်ပြီး အရေးပေါ် ကုသမှုခံယူနိုင်သည်အထိ ဖြစ်စေနိုင်ပါတယ်။
စအိုအက်ကွဲခြင်း (Anal Fissure)
မကြာခဏ ဝမ်းလျှောတာ၊ ဝမ်းအမာတွေ သွားတာအပြင် တခြားဝမ်းနဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့် စအိုဝအောက်နားက အက်ကွဲတတ်ပါတယ်။ ဒီအခါ ဝမ်းသွားရပိုခက်သွားသလို အလွန်အမင်းနာကျင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆေးဆိုင်ကနေ နာကျင်မှုသက်သာစေတဲ့ လိမ်းဆေးဖြင့် အလွယ်တကူဝယ်လိမ်းရင် ရပါတယ်။ မသက်သာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
အူပိတ်ခြင်း (Bowel Obstruction)
အူကျွံတာ၊ စအိုမှာ အသားပိုထွက်တာ၊ စားစရာမဟုတ်တဲ့ အရာတွေ ဗိုက်ထဲရောက်သွားပြီး ဝမ်းအဖြစ်အပြင်ကို မစွန့်ထုတ်နိုင်တာကြောင့် အူပိတ်ခြင်း ဖြစ်စေနိုင်ပါတယ်။
- ဗိုက်ထဲမှာ လေတွေပွနေတာ
- ဝမ်းဗိုက်ဖောရောင်ခြင်း
- ဗိုက်အောင့်ခြင်း
- ဝမ်းချုပ်ခြင်း စတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး အချိန်အတော်ကြာလို့မှ မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာပြကြည့်ဖို့ လိုပါတယ်။
ခရောင်းရောဂါ (Crohn’s Disease)
ဝမ်းသွားစဉ် နာကျင်ခြင်း၊ ဝမ်းသွားရခက်ခဲခြင်းတွေကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခရောင်းရောဂါဟာ အချွဲဝမ်းတွေ ထွက်စေတဲ့ အဓိကပြဿနာဆိုလည်း မမှားပါဘူး။ ဒီအချွဲတွေဟာ ဝမ်းအရောင်ရှိပြီး ပိုပြီးစေးကပ်တတ်ပါတယ်။ တစ်ခါတလေ စအိုအတွင်း အနာပေါက်နေတာရှိရင် သွေးနဲ့ ပြည်တွေ ထွက်လာတတ်သလို ပိုးဝင်ဖို့လည်း ပိုလွယ်ကူပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။