backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရုတ်တရက်အိမ်သာတက်ချင်လာရင် ဖြေရှင်းနိုင်မယ့် အမြန်ဆုံးနည်းလမ်း(၅)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရုတ်တရက်အိမ်သာတက်ချင်လာရင် ဖြေရှင်းနိုင်မယ့် အမြန်ဆုံးနည်းလမ်း(၅)ခု

အန္တရာယ် မလွယ်နိုင်ဘူးလို့ပြောလေ့ရှိကြတယ်။ ရုတ်တရက်ဖြစ်လာခဲ့ရင် တကယ်လည်းလွယ်ထားဖို့ ခက်ပါတယ်။ အလုပ်ကိစ္စအရေးကြီးကာမှ အရေးပေါ်အိမ်သာတက်ချင်တာမျိုး၊ ခရီးဝေးသွားရပါမယ်ဆိုမှ လမ်းမှာ အိမ်သာသွားချင်တာမျိုး အတော်ဒုက္ခရောက်ပါတယ်။ လမ်းသွားရင်း အရေးပေါ်ဖြစ်လာရင် အနီးအနားမှာ ပြေးဝင်လို့ရတဲ့ဆိုင်ရှိရင်တော်သေး၊ မရှိရင် တိုင်ပတ်သွားနိုင်ပါတယ်။

ဖြစ်လာရင်တော့ချွေးစေးပဲထွက်ထွက်၊ ကြက်သီးမွေးညင်းပဲထထအောင့်ထားရမှာပဲပေါ့။အောင့်ထားတာကလည်း ပညာသားပါပါတယ်။ ဒါမှ ဟန်မပျက်ဘဲ အိမ်သာရှာနိုင်မှာ၊ ဒါမှမဟုတ် လိုရာခရီးရောက်တဲ့အထိအောင့်ထားနိုင်မှာပါ။ ကဲ ကြည့်ကြည့်ရအောင် ဘာပညာတွေများလဲလို့။

(၁) စအိုဝကြွက်သားကို ကျုံ့ညှစ်ထားပါ

စအိုဝကြွက်သားဟာ အလေးစွန့်တဲ့အခါ အဓိကထိန်းချုပ်ပေးနိုင်တဲ့ အချက်အချာပါ။ ပုံမှန်အားဖြင့်တော့ သူ့အလိုလိုကျုံ့ထားလိုက်ပြီးသားဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့် စအိုဝ တင်မကဘဲ တင်ပါးကြွက်သားတွေကိုပါ ကျုံ့ညှစ်တာက ပိုအထောက်အကူဖြစ်ပါတယ်။

(၂) သိပ်မလှုပ်ရှားပါနဲ့

ဝမ်းသွားချင်စိတ်ပျောက်အောင်၊ အာရုံပြောင်းအောင်ဆိုပြီး ဟိုလျှောက်ဒီလျှောက်လုပ်ရင် ပိုဆိုးကုန်မှာပါ။ အိမ်သာရှာနေတဲ့လမ်းမှာဆိုရင်တောင် ထိန်းပြီးလျှောက်ပါ။ လှုပ်ရှားမှုကြောင့် စွန့်ပစ်အညစ်အကြေးတွေ စအိုလမ်းကြောင်းကိုရောက်ရှိမှုမြန်စေပါတယ်။ဖြစ်ဖြစ်ချင်းမှာ အောင့်ပြီး ခဏလောက်ငြိမ်ငြိမ်လေးနေကြည့်ပါ။ပြီးမှ သွားသင့်တဲ့ဆီသွားပါ။

(၃)အောင့်ထားတဲ့အချိန် ထိုင်မနေပါနဲ့

ဒီလိုအချိန်မှာ ထိုင်နေတာထက် မတ်တတ်ရပ်နေတာပိုကောင်းပါမယ်နော်။ အဆိုးဆုံးကတော့ ခုံပုလေးမှာထိုင်တာတို့၊ဆောင့်ကြောင့်ထိုင်တာတို့ပါပဲ။ ဒီလိုထိုင်မယ်ဆို ဝမ်းဗိုက်မှာ ဖိအားဖြစ်စေပြီး ဝမ်းသွားဖို့ ပိုပြီးတွန်းအားပေးသလိုဖြစ်စေနိုင်ပါတယ်။ မဖြစ်မနေထိုင်နေရမယ်ဆိုလည်း ကုလားထိုင်မှာ မတ်မတ်ထိုင်ပါ။

(၄) တင်ပါးကြွက်သားတွေကို တတ်နိုင်သလောက် တင်းထားပါ

တကယ်တော့ ဝမ်းတွေကို ခန္ဓါကိုယ်ထဲမှာပဲဆက်ပြီးထိန်းထားနိုင်ဖို့ဘေးကနေဖိအားပေးတာပါ။ ဖြစ်ကာစမှာ တင်ပါးကြွက်သားတွေကိုတောင့်ထားခြင်းအားဖြင့် စအိုလမ်းကြောင်းကိုလည်း အဟန့်အတားလုပ်ပေးနိုင်ပါတယ်။

(၅) ဒီအကြောင်းပဲတွေးမနေပါနဲ့

ဝမ်းသွားချင်တဲ့ပြဿနာကိုပဲချွေးသီးချွေးပေါက်ကျအောင် ခံစားနေရတော့ဘေးပတ်ဝန်းကျင်တောင် သိပ်သတိမထားမိတတ်ပါဘူး။ ဒါပေမယ့် ဒီကိစ္စကိုချည်း မတွေးမိနေဖို့ ကြိုးစားရပါမယ်။ စိတ်ကိုလျှော့ပါ။ ရုပ်တည်နဲ့ပေါ့။

အာရုံပြောင်းဖို့ တခြားအရာတစ်ခုခုကိုတွေးပါ။ သီချင်းညည်းရင်ညည်း၊ တစ်ယောက်ယောက်နဲ့စကားပြောရင်ပြော၊ ဒါမှမဟုတ် ဘုရားစာရွတ်နေတာမျိုး လည်းရပါတယ်။

ဒါတွေက အရေးပေါ်ပြဿနာအတွက် အထောက်အကူဖြစ်စေမယ့် ယာယီနည်းလမ်းအကြံပြုချက်တွေပါနော်။ အမြဲတမ်းအောင့်ထားဖို့ကို အားမပေးသလို ဆီးနဲ့ဝမ်းလို အန္တရာယ်တွေကို လွယ်ထားတာကရေရှည်မှာမကောင်းပါဘူး။အောင့်ထားတာများလာရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေက တကယ်အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement