ဆရာဝန်ဟာ အသည်းကိုထိခိုက်နိုင်ခြေရှိတဲ့ အရာတွေကိုလည်း စစ်ဆေးပြီး အသည်းခြောက်ခြင်း ရှိမရှိ အတည်ပြုပါလိမ့်မယ်။
Alcoholic Liver Cirrhosis: Causes, Symptoms & Diagnosis (အရက်ကြောင့်အသည်းခြောက်ခြင်းဆိုတာ ဘာလဲ) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်များဟာ အသည်းရောဂါတချို့ကို ပြန်ကောင်းအောင် ကုသနိုင်ပေမယ့် အရက်ကြောင့် အသည်းခြောက်ခြင်းကိုတော့ ပျောက်ကင်းအောင် မကုနိုင်ပါဘူး။ ဒါပေမယ့် ရောဂါတိုးပွားနှုန်းနဲ့ လက္ခဏာတွေကို လျှော့ချနိုင်တဲ့ ကုသမှု နည်းလမ်းတွေတော့ ရှိပါတယ်။
- ကုသမှုပထမအဆင့်ကတော့ အရက်ဖြတ်ခြင်းပါပဲ။
အရက်ကြောင့်အသည်းခြောက်သူများဟာ အရက်ကို အလွန်စွဲသွားတာကြောင့် ဖြတ်မယ်ကြံရင် ကျန်းမာရေးပြသနာတွေ ကြုံရပြီး ဆေးရုံမတက်ဘဲ မဖြတ်နိုင်ကြပါဘူး။ ဆရာဝန်တွေဟာ အရက်ဖြတ်သူများအတွက် ဘယ်ဆေးရုံက အသင့်တော်ဆုံးဆိုတာ ညွှန်ပြပေးနိုင်ပါလိမ့်မယ်။
တခြားကုသမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- ဆေးဝါးကုသခြင်း။ ဆရာဝန်ညွှန်းနိုင်တဲ့ ဆေးဝါးတွေကတော့ ကော်တီကိုစတီးရွိုက်၊ ကယ်လ်ဆီယမ်လမ်းကြောင်းတားမြစ်ဆေး၊ အင်ဆူလင်၊ ဓါတ်တိုးဆန့်ကျင်ဆေးများ၊ S-adenosyl-L-methionine (SAMe) စတာတွေ ပါဝင်ပါတယ်။
- အာဟာရဆိုင်ရာ ဆွေးနွေးခြင်း။ အရက်သောက်ခြင်းဟာ အဟာရချို့တဲ့စေနိုင်ပါတယ်။
- အပိုဆောင်းပရိုတိန်း။ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်မလာအောင် ပရိုတိန်း အမျိုးအစားအချို့ လိုအပ်ပါတယ်။
- အသည်းအစားထိုးခြင်း။ အသည်းအစားထိုးမယ့် လူနာဟာ အနည်းဆုံး၆လခန့် ကြိုတင်ပြီး အရက်ဖြတ်ထားရပါမယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရက်ကြောင့်အသည်းခြောက်ခြင်းအတွက် အထောက်အကူ ပြုသလဲ
အောက်ပါနေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေဟာ အရက်ကြောင့် အသည်းခြောက်ခြင်းအတွက် အထောက်အကူပြုပါတယ်။
- အရက်မသောက်ပါနှင့်။ အသည်းခြောက်ခြင်းဟာ အရက်ကိုရေရှည်သောက်သုံးခြင်းကြောင့်လား၊ တခြားရောရာလား သိရအောင် အရက်ဖြတ်ပါ။ အရက်သောက်ခြင်းဟာ အသည်းကို ပိုမိုပျက်စီးစေပါတယ်။
- ဆိုဒိယမ်နည်းတဲ့အစာ စားပါ။ ဆားများများ စားခြင်းဟာ ကိုယ်ခန္ဓါထဲမှာ အရည်တွေစုနေပြီး ဗိုက်နဲ့ခြေထောက်တွေကို ဖောရောင်စေပါတယ်။ ဆားအစား အသီးအရွက်ထွက်ကုန်တွေသုံးပါ။ ဆိုဒီယမ်နည်းတဲ့ အသင့်ပြင်ဆင်ပြီး အစာတွေစားပါ။
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားပါ။ အသည်းခြောက်ခြင်းဟာ အာဟာရဓါတ် လျော့နည်းစေပြီး ကြွက်သားတွေကို သေးသိမ်သွားစေပါတယ်။ ဒီပြသနာကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ၊ အသီးအရွက်တွေ စားသုံးပါ။ ပရိုတိန်းလည်း လိုအပ်ပါတယ်။ အရင်ကတော့ အသည်းခြောက်သူတွေအတွက် ဒီအုပ်စုကို ကန့်သတ်ခဲ့ကြပါတယ်။ ပဲအမျိုးမျိုး၊ ကြက်ဘဲ၊ ငါး စတာတွေ စားသုံးပြီး ပင်လယ်စာ အစိမ်းစားခြင်း ရှောင်ကြဉ်ရပါမယ်။
- ရောဂါပိုးမဝင်အောင် သတိပြုပါ။ အသည်းခြောက်ချိန်မှာ ရောဂါပိုးဝင်ခြင်းကို တွန်းလှန်ဖို့ ခက်ခဲပါတယ်။ လက်ကို မကြာခဏ ဆေးခြင်းဖြင့် ကာကွယ်ပါ။ အသည်းရောင် အေ၊ ဘီ၊ တုတ်ကွေး၊ အဆုတ်ရောင်ခြင်း စတာတွေအတွက် ကာကွယ်ဆေးထိုးပါ။
- မိမိဖာသာသုံးစွဲတဲ့ ဆေးတွေကို သတိထားပါ။ အသည်းခြောက်နေတဲ့အခါ ဆေးဝါးတွေကို ချေဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ဘယ်ဆေးပဲဖြစ်ဖြစ် မသုံးစွဲခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အက်စပရင်၊ အိုင်ဘျူပရိုဖင် စတာတွေကို ရှောင်ကြဉ်ပါ။ အသည်းမှာထိခိုက်ပျက်စီးမှုရှိထားရင် ဆရာဝန်ဟာ acetaminophen (Tylenol နဲ့အခြား) ဆေးဝါးတွေကို နည်းနည်းပဲသောက်ဖို့ ပြောပါလိမ့်မယ်။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။