backup og meta

အသည်းရောင်အသည်းဝါရှိသည့်သင့်မိတ်ဆွေကိုဘယ်လိုအားပေးမလဲ

သင့်မိတ်ဆွေတွင် အသည်းရောင်ရောဂါရှိသည်ဟု သိပြီးနောက်တွင် သင်ဘာလုပ်ပေးနိုင်မည်ကို ရှာဖွေရမည်။ သင့်မိတ်ဆွေကို ကူညီချင်သော်လည်း မည်ကဲ့သို့ အားပေးရမည်ကို မသိပေ။ အောက်ပါ အကြံပေးချက်များကို ဖတ်ရှုလေ့လာပါ။

အသည်းရောင်အသည်းဝါရှိသည့်သင့်မိတ်ဆွေကိုဘယ်လိုအားပေးမလဲ

နေ့စဉ်ကိစ္စများတွင်ကူညီပါ။

အသည်းရောင်ရောဂါဖြစ်နေသည့် မိတ်ဆွေသည် အခြားသူများကို ဝန်ထုပ်ဖြစ်စေသည်ဟု တွေးလေ့ရှိသည်။ ထို့ကြောင့် သူတို့လိုအပ်နေလျှင်တောင်မှ အကူအညီတောင်းရန် ခက်ခဲပါသည်။ ထိုသို့ အကူအညီတောင်းရန်စောင့်နေမည့်အစား နေ့စဉ်သွားလာနေရသည့် ကုန်စုံဆိုင်သွားခြင်း၊ ကလေးထိန်းခြင်း၊ ကျောင်းမှ ကလေးသွားကြိုခြင်း၊ အဝတ်အစားလျှော်ဖွတ်ခြင်းတို့ကို ကူ၍လုပ်ပေးနိုင်သည်။ သင်လုပ်ပေးချင်သည်များကို စာရင်းပြုစုကာ သင့်မိတ်ဆွေကိုမေး၍ ကူညီနိုင်သည်။

စောင့်ရှောက်သူနှင့်မိသားစုဝင်များကိုအားပေးပါ။

သင့်မိတ်ဆွေအားေ စာင့်ရှောက်ပေးသူနှင့် အခြားမိသားစုဝင်များကို အားပေးခြင်းသည် လူနာကို အားပေးသကဲ့သို့ပင်ဖြစ်သည်။ သင့်မိတ်ဆွေ၏ မိသားစုဝင်များ ဘာတွေလုပ်နေလဲ၊ မိမိ ဘာတွေအကူအညီပေးနိုင်လဲ ဆိုသည်ကိုမေးမြန်းကာ ကိစ္စအသေးစားများကိုကူညီပေးပါ။ မိသားစုဝင်နှင့် စောင်ရှောက်ပေးသူတို့ အနားယူလျှင် သင်သည် အနားတွ င်နေပေးနိုင်သည်။

အကောင်းဆုံးလုပ်ဆောင်ပါ။

သင့်မိတ်ဆွေကို ကူညီရာတွင် အရာအာလုံး ကူညီရန်မလိုပါ။ မိမိ မကူညီနိုင်သည့် ခက်ခဲသောကိစ္စရပ်များကို တွန်းအားပေး၍ ကူညီပါက ပြဿနာပေါ်လာနိုင်ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိကူညီနိုင်သည်ကိုသာ အကောင်းဆုံးလုပ်ရန် အကြံပြုပါသည်။ မိမိ၏ကိုယ်ပိုင်အရည်အချင်းနှင့် အခြေအနေပေါ်မူတည်၍ ပေးနိုင်သည့်အကူအညီကို ရွေးချယ်ရန်လိုပါသည်။ အကယ်၍သင်ကချက်ပြုတ်ခြင်းဝါသနာပါလျှင် သင့်မိတ်ဆွေအတွက် ကောင်းမွန်သောဟင်းတစ်ခွက် ချက်ပေးသင့်သည်။ သင်ကစုဆောင်းရခြင်းကို ကြိုက်လျှင် ဆေးကုသနေစဉ်သုတေသနများ စုဆောင်းခြင်း၊ မှတ်စုတိုမှတ်ပေးခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။

သူတို့ရင်ဆိုင်နေရသည်များကိုနားလည်းပေးခြင်း

အသည်းရောင်ရောဂါရှိသည့် သင့်မိတ်ဆွေ ဘာတွေရင်ဆိုင်နေရသည်ကို မသိရှိလျှင် သင်ဘာမှကူညီနိုင်မည် မဟုတ်ပါ။ ဘာတွေရင်ဆိုင်နေရသည်ကို သိခြင်းအားဖြင့် တစ်ယောက်ထဲ ကြိတ်ခံစားနေရသည်ကို ကူညီပေးနိုင်သည်။ အသည်းရောင်ရောဂါသည် ကုသနိုင်သော်လည်း သင့်မိတ်ဆွေသည် ရောဂါမှ နေပြန်ကောင်းရေးနှင့်အနာဂတ်အတွက် ပူပန်နေနိုင်သည်။ ထိုကဲ့သို့အရာများကို တစ်ယောက်ထဲ မရင်ဆိုင်ပါစေနှင့်။ စကားပြောရန် အခွင့်အရေးပေးပြီး အားပေးပါ။ သင်လုပ်ရမည်က နားထောင်ပေးဖို့ပင်ဖြစ်သည်။

သင့်မိတ်ဆွေအတွက် ခက်ခဲသည်ဆိုသည်မှာ အနာဂတ်မသေချာမှုနှင့် ယုံကြည်မှုအားနည်းလာခြင်းတို့ဖြစ်သည်။ သင်မှကူညီ၍ နေ့စဉ်လုပ်ငန်းသေးသေးလေးမှစ၍ ဆေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အကြီးကြီးချရသည်အထိ အားပေးရမည်။

သင်မိတ်ဆွေ၏ ရောဂါကို ဆေးကုသမှုတွင် မကူညီနိုင်သော်လည်း သူတို့မတောင်းဆိုဘဲနှင့် တက်တက်ကြွကြွကူညီဖေးမခြင်းသည် ရောဂါကိုတိုက်ခိုက်နိုင်ပြီး မကောင်းသောအတွေးများ မတွေးအောင်လုပ်ပေးနိုင်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.who.int/features/qa/76/en/

http://www.webmd.com/hepatitis/hepa-guide/default.html

http://www.mayoclinic.org/diseases-conditions/hepatitis- c/basics/definition/con-20030618

ယခုပုံစံ

05/07/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement