backup og meta

ဘယ်အရာတွေက အသည်းရောင်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေပါသလဲ

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါသည် အသည်း၏လုပ်ငန်းများကိုပျက်စီးစေသည့် ထင်ရှားသောရောဂါဖြစ်ပါသည်။ ဒီရောဂါသည် အသည်းကင်ဆာဖြစ်စေနိုင်သော အဓိကအကြောင်းရင်းများထဲက တစ်ခုလည်း ဖြစ်သည်။ သင်သည်ဆေးရုံ (သို့) နေ့ကလေးထိန်းကျောင်းတွင် အလုပ်လုပ်လျှင်(သို့) ခရီးသွားရင်းမသန့်သည့် အစာကို အမှတ်တမဲ့စားမိလျှင် ရောဂါရနိုင်ချေပိုများပါသည်။

ဘယ်အရာတွေက အသည်းရောင်ခြင်း ဖြစ်ပွားနိုင်ချေ ကိုမြင့်စေပါသလဲ

ဗိုင်းရပ်စ်ပိုးများသည် အသည်းရောဂါအများစုကိုဖြစ်စေပါသည်။ ၎င်းပိုးများနှင့်တိုက်ရိုက်ဖြစ်စေ (သို့) သွေး၊ မစင်၊ မိန်းမကိုယ်မှထွက်သောအရည်၊ သုက်ပိုးစသည့် ခန္ဓါကိုယ်မှထွက်သောအရည်များမှတစ်ဆင့် ထိ၍ဖြစ်စေ ကူးစက်နိုင်ပါသည်။ ထို့အပြင် အရက်နှင့် ဆေးများအလွန်အကျွံသုံးစွဲခြင်း၊ ခုခံအားကျခြင်းကလည်း အသည်းရောင်ရောဂါဖြစ်စေသည်။

အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများ

အသည်းရောင်ရောဂါဖြစ်နှုန်းများစေသည့် အပြုအမှုများမှာ

အကြောထဲသို့ဆေးသွင်းခြင်း။ ဆေးထိုးအပ်မျှသုံးခြင်းမှကူးစက်နိုင်သည်။ သွေးကြောမှဆေးသွင်းနေရသူတိုင်း ၃လတစ်ခါ အသည်းရောင်ရောဂါရှိ၊မရှိစစ်ဆေးသင့်ပါသည်။

ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိခြင်း။ အကယ်၍သင်သည် ရောဂါပိုးရှိသောဆေးထိုးအပ်မျှသုံးခြင်း၊ ပိုးရှိသောသွေးသွင်းမိခြင်း၊ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့မတစ်ဆင့်ခုခံအားကျဆင်းမှုကူးစက်ရောဂါရှိနေပါကအသည်းရောင်ရောဂါဖြစ်နိုင်ချေပိုများပါသည်။

ခန္ဓါကိုယ်မှအရည်များနှင့်ထိတွေ့ခြင်းကအသည်းရောင်ရောဂါပိုးဖြစ်နိုင်ချေကိုသာ မြင့်စေသည်။ ခုခံအားကျဆင်းမှုရောဂါကိုတော့ပိုမဆိုးစေပါ။

တက်တူးထိုးခြင်း၊ အပ်နှင့်ထိုးမိခြင်း။ တက်တူးထိုးမည်ဆိုလျှင်အပ်အသစ်ကိုမသုံးပါကအသည်းရောင်ရောဂါနှင့် သွေးမှတစ်ဆင့်ကူးစက်တတ်သောခုခံအားကျဆင်းမှုကူးစက်ရောဂါတို့ ပိုဖြစ်နိုင်ပါသည်။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း(စအိုနှင့်ပါးစပ်မှလဲကူးစက်နိုင်သည်)။ အသည်းရောင်ရောဂါ(အေ) နှင့် (အီး)သည်မသန့်သောအစာစားရာမှ ကူးစက်နိုင်သည့်အပြင် စအို(သို့)ပါးစပ်နှင့် လိင်ဆက်ဆံပါကလည်း ကူးစက်နိုင်သည်။

ဆေးဝါးနှင့်အရက်သုံးစွဲခြင်း

ဆေးဝါးများကိုေ သာက်ရမည့်အညွှန်းထက် ပို၍သောက်မိပါက အသည်းကိုဆိုးဝါးစွာထိခိုက်နိုင်ပါသည်။ ဥပမာ-acetaminophen။ ၎င်းသည်ဆေးကြောင့်အသည်းထိခိုက်စေခြင်းတွင် အရေးကြီးဆုံးအကြောင်းရင်းတစ်ခုဖြစ်သည်။ Methotrexate သွေးလေးဖက်နာနဲ့ဆိုရီးရေးစစ် အရေပြားရောဂါအတွက် ပေးသောဆေးများကလည်း အသည်းရောင်ရောဂါဖြစ်စေသည်။

အရက်ကို နှစ်ရှည်သောက်ခြင်းက အရက်ကြောင့်ဖြစ်သောအသည်းရောင်ရောဂါကို ဖြစ်စေပါသည်။ အချို့ဆိုးဝါးသောကိစ္စများတွင် လူ ၄၀ ရာခိုင်နှုန်းကို စဖြစ်ခါစမှ ခြေက်လအတွင်း သေစေနိုင်ပါသည်။ အ န္တရာယ်အများဆုံး လူများမှာမည့်သည့် အရက်အမျိုးအစားကိုမဆိုတစ်ရက် ၁၀၀ဂရမ် (အကြမ်းဖျင်းတစ်နေ့၁၀ ခွက် နှင့်အထက်) နှစ်ပေါင်းများစွာသောက်သူများဖြစ်သည်။

အရက်နှင့် acetaminophen တွဲသောက်မိပါက အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်သောအသည်းရောင်ခြင်းကို ဖြစ်နိုင်ချေရှိသည်။

လူနေမှုပုံစံနှင့်အလုပ်

အောက်ပါလူများသည ်ရောဂါပို၍ဖြစ်နိုင်သည်။

• ကလေးများအတွက် အလုပ်လုပ်ပေးရသောသူများသည် အသည်းရောင်(အေ)ရောဂါ ပိုဖြစ်နိုင်ချေရှိသည်။ သူသည်ကလေးသေးခံလဲပေးပြီးနောက် လက်ဆေးရန်မေ့နိုင်သည်။ အိမ်သာသွားပြီးနောက် လက်ဆေးဖို့မေ့နေသောကလေး ကိုင်တွယ်ထားသည့်ကစားစရာပစ္စည်းများ နှင့် တခြားအရာများကိုကိုင်တွယ်မိရာမှ တစ်ဆင့် ထိုသူသည်ရောဂါကူးစက်နိုင်သည်။

• အသည်းရောင်ရောဂါရှိသူနှင့်အတူနေခြင်း။ ရောဂါပိုးရှိသောသွေးအနည်းငယ်ထိထားသည့် သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓါး၊ လက်သည်းညှပ်များ မျှဝေသုံးစွဲရာမှ တစ်ဆင့်ကူးစက်နိုင်သည်။

• ကျန်မာရေးလုပ်သားများ။ လူနာ၏သွေး(သို့)ဆေးထိုးအပ်၊ ကျန်းမာရေးကိရိယာများကို ထိမိခြင်းအားဖြင့် ကူးစက်နိုင်ချေပိုများပါသည်။

အစားအစာနှင့်ရေ

အသည်းရောင်ရောဂါ (အေ) နှင့် (အီး) အများစုသည် မသန့်ရှင်းသောဝမ်းနဲ့ထိတွေ့မိသောအစာများကို စားသောက်မိခြင်းမှ ကူးစက်နိုင်သည်။ အထူးသဖြင့် ဝမ်း နဲ့ထိတွေ့မိသော မသန့်ရှင်းသည့်အစာနှင့်ရေကိုစားသောက်မိခြင်း၊ မသန့်ရှင်းသောရေတွင် ဟင်းသီးဟင်းရွက်နဲ့သစ်သီးများဆေးမိခြင်း၊ ထိုမသန့်ရှင်းသောရေနဲ့အစားအသောက်များပြုလုပ်မိခြင်းတို့မှ ကူးစက်နိုင်ပါသည်။

ခရီးသွား အန္တရာယ်

ခရီးသွားရင်း မသန့်ရှင်းသောရေများ သောက်သုံးမိနိုင်ပါသည်။ ထို့ကြောင့် ခရီးမသွားမီ အသည်းရောင်အသားဝါ ကာကွယ်ဆေးထိုးထားသင့်ပါသည်။ အသည်းရောင်(အေ)နှင့် (ဘီ)ပိုးအတွက်သာ ကာကွယ်ဆေးရှိပါသည်။

အခြားအသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေကိုမြင့်စေသောအရာများ

အခြားအသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေကို မြင့်စေသောအရာများမှာ

• သွေးသွင်းခြင်း- ၁၉၉၀မတိုင်ခင်သွေးသွင်းဖူးလျှင် အသည်းရောင်ရောဂါ(ဘီ)ပိုးရှိ၊မရှိတစ်ခါမှ မစစ်ရသေးလျှင် ဆရာဝန်ဆီ သွားရောက်စစ်ဆေးသင့်သည်။

• ကိုယ်ခံအားကျစေသောကုထုံးများ (သို့) ကင်ဆာဆေးသွင်းခြင်း- အစားထိုးထားသော ကိုယ်တွင်းအင်္ဂါများကို ခန္ဓါကိုယ်မှတိုက်ခိုက်ခြင်းကို ကာကွယ်ရန် သုံးရသောဆေးများနှင့် ကင်ဆာဆေးသွင်းခြင်းတို့တွင် သုံးသောဆေးတို့သည် ခန္ဓါကိုယ်၏ကိုယ်ခံအားကိုကျစေပြီး အသည်းရောင်ရောဂါပိုဖြစ်စေနိုင်ပါသည်။

• မိခင်မှကလေးသို့ ကလေးမွေးစဉ်ကူးစက်ခြင်း။

အသည်းရောင်ရောဂါဖြစ်ပွားနိုင်ချေမြင့်စေသောအဖြစ်များသည့် အကြောင်းရင်းအချို့ရှိပါသည်။ ဥပမာ -အန္တရာယ်ရှိသောအပြုအမှုများ၊ ဆေးဝါး နဲ့အရက် အလွဲသုံးစားခြင်း ၊ ခရီးသွားအန္တရာယ် ၊ လူနေမှုပုံစံ၊ အလုပ်အကိုင်၊ မသန့်ရှင်းသောရေ နှင့် အစားအသောက်များ ဖြစ်ပါသည်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What is hepatitis? http://www.who.int/features/qa/76/en/. Accessed January 20, 2017.

Hepatitis Health Center. http://www.webmd.com/hepatitis/default.html. Accessed January 20, 2017.

Hepatitis C. http://www.mayoclinic.org/diseases-conditions/hepatitis- c/basics/definition/con-20030618. Accessed January 20, 2017.

Hepatitis B. http://www.mayoclinic.org/diseases-conditions/hepatitis- b/basics/definition/con-20022210. Accessed January 20, 2017.

Hepatitis A. http://www.mayoclinic.org/diseases-conditions/hepatitis- a/basics/definition/con-20022163. Accessed January 20, 2017.

ယခုပုံစံ

25/08/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ