backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသည်းရောင်အသားဝါ ဘီရောဂါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသည်းရောင်အသားဝါ ဘီရောဂါ

အသည်းရောင်အသားဝါ ဘီပိုး ဟာ အသည်းမှာရောဂါကူးစက်စေနိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ သည်ရောဂါပိုး ဟာ အသည်းကိုထိခိုက်ပျက်စီးစေနိုင်တဲ့ နာတာရှည်ရောဂါကိုခံစားရစေနိုင်ပါတယ်။

အသည်းရောင် အသားဝါ ဘီပိုးဟာ သွေးနဲ့ကိုယ်ခန္ဓါကနေထွက်ရှိလာတဲ့အရည်တွေကတဆင့် ကူးစက်တတ်ပါ တယ်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာနဲ့ ရောဂါပိုးရှိသူအသုံးပြုထားတဲ့ သင်တုန်းဓါး၊သွားတိုက်တံတို့ လိုမျိုး ပစ္စည်းတွေနဲ့ ဆေးထိုးအပ်တွေကိုမျှဝေသုံးစွဲတာကနေလည်း ရောဂါကူးစက်နိုင်ပါတယ်။ ပွေ့ဖက်တာ၊ နမ်းတာနဲ့ အခြားထိတွေ့မှုတွေကနေတဆင့်လည်း အသည်းရောင်အသားဝါ ဘီရောဂါပိုးကကူးစက်နိုင်ပါတယ်။

အသည်းရောင် အသားဝါဘီပိုးကူးစက်မှုကြောင့် ဖြစ်နိုင်ခြေရှိတဲ့ရောဂါလက္ခဏာတွေကတော့ ပင်ပန်းနွမ်းလျ၊ ဖျားနာ၊ အစားစားချင်စိတ်လျော့နည်း၊ဝမ်းဗိုက်နာကျင၊ အသားဝါ၊ ဆီးအရောင်ရင၊့် ဝမ်းအမည်းတွေသွားတာတို့ပဲဖြစ်ပါတယ်။ အသည်းရောင်အသားဝါကူးစက်ခံရမှုတော်တော်များများ မှာ ရောဂါကူးစက်ခံထားရသူမှာ ရောဂါလက္ခဏာတွေမပြတာမျိုးဖြစ်တတ်သလို အခြားဝေဒနာတွေရဲ့ရောဂါ လက္ခဏာတွေလို့ မှားယွင်းယူဆမိတာမျိုးလည်းရှိပါတယ်။ အသည်းရောင်အသားဝါပိုးရှိနေလားဆိုတာကိုသေသေ ချာချာပြောနိုင်ဖို့က သွေးစစ်ကြည့်ဖို့လိုပါတယ်။ အသည်းပျက်စီးနေပြီလို့ယူဆတဲ့ရောဂါမျိုးမှာ ရောဂါကိုအတည်ပြုဖို့ အတွက် အသည်းအသားစကိုယူပြီးစစ်ဆေးဖို့လိုအပ်တာမျိုးလည်းရှိတတ်ပါတယ်။

အသည်းရောင်အသားဝါ ဘီရောဂါဟာ ဆေးမကုဘဲပျောက်သွားတာမျိုးလည်းရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူ တာနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာက အသည်းရောင်အသားဝါ ဘီရောဂါလက္ခဏာ တွေကို သက်သာစေပါတယ်။ ရေဓါတ်ပြည့်ဝအောင်သောက်သုံးပေးတာနဲ့ အရက်သေစာကိုရှောင်ရှားတာက လည်း အသည်းရောင်အသားဝါ ဘီရောဂါကိုသက်သာကောင်းမွန်အောင် အထောက်အကူပြုပါတယ်။ အသည်းရောင် အသားဝါ ဘီပိုးကြောင့် အသည်းပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်ဖို့အတွက် ဆေးကုသမှု ခံယးဖို့အတွက်ဆရာဝန်နဲ့တိုင်ပင်ဖို့လည်းအကြံပြုချင်ပါတယ်။

အချို့သော အသည်းရောင်အသားဝါရောဂါတွေမှာ ဆေးမကုသဘဲထားရာကနေ ပြင်းထန်တဲ့နောက်ဆက်တွဲ ရောဂါတွေ ခံစားရတာမျိုးကိုလည်းတွေ့ရပါတယ်။ သည်နောက်ဆက်တွဲရောဂါတွေထဲမှာ အသည်းကင်ဆာ၊ အသည်းပျက်စီးတာ၊အသည်းခြောက်နဲ့ ကျောက်ကပ်ပျက်စီးတာတွေကိုတောင်ခံစားရနိုင်တာမျိုးတွေရှိပါတယ်။ အသည်းကတော်တော်ကိုပျက်စီးသွားပြီဆိုရင်တော့ အသည်းအစားထိုးကုသတာကလည်း နည်းလမ်းတစ်ရပ်ပါ။

အသည်းရောင် အသားဝါဘီပိုးကို ကာကွယ်ဖို့အကောင်းဆုံသောနည်းလမ်းကတော့ ကာကွယ်ဆေးထိုးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း ကွန်ဒုံးကိုအသုံးပြုပါ။ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ အထူးသဖြင့် ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့ အခြားသူရဲ့သွေးကိုထိရခါနီးတိုင်း ပလပ်စတစ် လက်အိတ်အသုံးပြုပြီးမှထိဖို့မမေ့ပါနဲ့။

အသည်းရောင် အသားဝါရောဂါရှိနေပြီဆိုရင်တောင်မှ ရောဂါကိုကောင်းကောင်းထိန်းချုပ်ပြီး အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားလို့ရပါသေးတယ်။ ရောဂါအခြေအနေကိုကောင်းကောင်းသိအောင်လုပ်ပြီး ကိုယ့်ကိုကိုယ် အရင်ကထက်ပိုပြီးဂရုစိုက်ပါ။ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို လိင်ဆက်ဆံတဲ့အခါ အကာအကွယ်ပစ္စည်းအသုံးပြုဖို့ ပြောပါ။ အကူအညီလိုတဲ့အချိန်တိုင်းမှာ အကူအညီတောင်းခံပါ။ အသည်းရောင် အသားဝါဘီပိုးဟာနေ့စဉ်ထိတွေ့မှု ကနေ မကူးစက်နိုင်တာကြောင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အဆံမလုပ်ဘဲနေဖို့မလိုအပ်ပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement