ဗီတာမင်အေကို အသားအရေနှင့် အမြှေးပါးများ ကျန်းမာဖို့အတွက် လိုအပ်သည်။ ၎င်းသည် အရိုးနှင့် သွားများ သန်မာကြီးထွားဖို့ ကူညီပြီး ကိုယ်ခံအားကောင်းစေသည်။ ဗီတာမင် အီးသည် ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပြီး ဆဲလ်နံရံများကို ကာကွယ်ပေးသည်။ ဗီတာမင်ကေသည် သွေးခဲခြင်းကို ကူညီပေးသည်။
ထို ဗီတာမင်ဓါတ်တွေကို ဘယ်က ရနိုင်သလဲ။
ထိုဗီတာမင်ဓါတ်တွေကို အစားအစာတွေကနေ ရရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့် ညီညွှတ်မျှတသော ကျန်းမာစေသည့် အစားအသောက်များသည် ဗီတာမင်ဓါတ်များ အလုံအလောက်ပေးနိုင်စွမ်းရှိသည်။ သို့သော် နာတာရှည် အူလမ်းကြောင်းရောင်ရမ်းသော Crohn’s disease ရောဂါ ဖြစ်ပွားနေသူအတွက် ဗီတာမင်နှင့် သတ္တုဓါတ်များ စုပ်ယူနိုင်စွမ်းသည် လျော့နည်းလျက်ရှိသည်။ သင်သည် ထိုဗီတာမင်ဓါတ်တွေကို အောက်ပါ အစားအသောက်များကနေ ရရှိနိုင်ပါတယ်။
- ဗီတာမင် ဘီ ၁၂ ။ ။ အသား၊ ဝက်သား၊ ငါး၊ ပင်လယ်စာ၊ ဥ၊ နို့်နှင့် နို့ထွက်ပစ္စည်းများ ။ အပင်များတွင်တော့ မတွေ့ရပါ။
- အသားရင်းမြစ်မှ ရသော ဗီတာမင် အေ (Retinol)။ ။ အာဟာရဓါတ်ဖြည့်ထားသော နို့၊ ဒိန်ခဲ၊ ခရင်မ်၊ ထောပတ်၊ အာဟာရဓါတ် ထပ်ဖြည့်ထားသော မာဂျရင်း၊ ဥများ၊ အသည်း။
· အပင်ရင်းမြစ်မှ ရသော ဗီတာမင်အေ (Beta-carotene)။ ။ အစိမ်းရင့်ရောင် ဟင်းရွက်များ၊ လိမ္မော်ရင့်ရောင် သစ်သီးဝလံများ (သခွားမွှေးသီး) နဲ့ ဟင်းသီးဟင်းရွက်များ (မုန်လာဥ၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ )
- ဗီတာမင်အီး ။ ။ အရွက်မှရသော ပိုလီ မပြည့်ဝဆီ (ပဲပိစပ်၊ ပြောင်းဖူး၊ ဝါစေ့၊ ဆူးပန်း) ၊ အစိမ်းရောင် အရွက်ရှိသော ဟင်းသီးဟင်းရွက်များ၊ ဂျုံ၊ အစေ့အဆန်ထွက်ကုန်များ၊ အသည်း၊ ဥအနှစ်၊ အခွံမာသီး နှင့် အစေ့များ။
- ဗီတာမင် ကေ။ ။ အစိမ်းရောင်အရွက် ရှိသော ဟင်းသီးဟင်းရွက်များ၊ ဂေါ်ဖီထုပ်များ၊ နို့။ ဗီတာမင်ကေကို အူလမ်းကြောင်းတွင် ဘက်တီးရီးယားပိုးများမှ တစ်ဆင့်လည်း ထုတ်လုပ်ပေးသည်။
သင်သည် ထိုဗီတာမင်ဓါတ်များ ရရှိစေဖို့ ဖြည့်စွက်စာများလည်း စားသုံးနိုင်ပါသည်။ Crohn’s disease ရောဂါ ပြင်းထန်မှုနှင့် ရောင်ရမ်းမှုဖြစ်ပွားသော နေရာကိုလိုက်၍ တစ်ဦးနှင့် တစ်ဦး လိုအပ်ချက်များကွဲပြားနိုင်သည်။
အကယ်၍ ရောင်ရမ်းခြင်းသည် အူသိမ် အဖျားပိုင်း (ileum) တွင် ဖြစ်ပွားလျှင် ဗီတာမင် ဘီ၁၂ ဖြည့်စွက်စာ လိုအပ်ပါသည်။ ထိုဖြည့်စွက်စာများကို သောက်ဆေး၊ ထိုးဆေး၊ နှာဖြန်းဆေး အနေဖြင့် ရရှိနိုင်ပါသည်။ အကယ်၍ သင့်မှာ အထက်ပါ ရောဂါ အခြေအနေရှိလျှင် ဆရာဝန်က သင့်သွေးအားနည်းရောဂါကို ကုသဖို့ သွေးတွင်း ဗီတာမင် ဘီ၁၂ ဓါတ် ပမာဏကို စစ်ဆေးမှာ ဖြစ်ပါတယ်။
အူလမ်းကြောင်းလုပ်ငန်းဆောင်တာ ပုံမှန်မဟုတ်သောရောဂါ (Irritable bowel disease, IBD) ကို ခံစားနေရသော လူအများစုအတွက် အားဆေး ပုံမှန်သောက်ရခြင်းသည် မလွန်ပါ။ နာတာရှည်အူလမ်းကြောင်းရောင်ရမ်းသော ရောဂါ (Crohn’s disease)တွင် အစာကို မချေဖျက်နိုင်ခြင်းသည် ဖြစ်လေ့ရှိသော အရာတစ်ခုဖြစ်သည်။ အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ သည် ဆေးလုံးအနေထက် ဆေးရည်အနေဖြင့် သောက်သုံးပါက ပို၍ စုပ်ယူအားကောင်းစေသည်။
အူလမ်းကြောင်းရောင်ရမ်းသော ဝေဒနာခံစားနေရသော လူနာအများစုသည် အာဟာရနှင့် ရေဓါတ်ဆုံးရှုံးမှုနည်းစေရန် အစားအသောက်ကို ချင့်ချိန်စားသုံးဖို့ လိုအပ်သည်။ သင့်လိုအပ်ချက်အတွက် အသင့်တော်ဆုံး စားသောက်မှုပုံစံအတွက် ဆရာဝန် (သို့) အာဟာရကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။