backup og meta

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ကဘာလဲ။

ulcerative colitis (UC) ဆိုတာ အစာချေလမ်းကြောင်းမှာ အနာဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရည်တွေကနေ အူအသေးတွေနဲ့ အူမကြီးမှာ အစာပျော်ဝင်အောင် ပြုလုပ်ပေးခြင်းကြောင့် အနာတွေကို ပြန့်နှံ့စေပါတယ်။၎င်းအနာတွေဟာ သွေးထွက်တတ်ပြီး ပြည် သို့ အချွဲတွေလဲ ထွက်လာတတ်ပါတယ်။ အရည်တွေက အစာချေလမ်းကြောင်းကနေ အူမကြီးဆီရောက်ပါတယ်။ အူမကြီးဟာ ခဏခဏအစာကို ကုန်အောင်လုပ်ရတာကြောင့် တခခါတစ်ရံ ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

UC က ကျား/မ မရွေးဖြစ်နိုင်ပြီး မျိုးရိုးဗီဇနဲ့လဲ ဆိုင်သလို ရှိပါတယ်။ ဒီရောဂါ ဖြစ်ပွားတတ်တာတော့ အသက် ၁၅ နှစ် နှင့် ၃၅ နှစ်အတွင်း ဖြစ်နိုင်ပါတယ်။ လူအများစုမှာUC ကို တသက်လုံးဖြစ်နေတာတွေ ရှိပါတယ်။ လူနာတစ်ဝက်လောက်မှာ ရောဂါလက္ခဏာအနည်းငယ်သာ တွေ့ရပါတယ်။ တခြားသူတွေမှာ ပိုပြီးဆိုးဝါးတဲံ ကိုက်ခဲမှုတွေနဲ့ ခဏခဏဖြစ်တတ်တာကို တွေ့ရပါတယ်။

လက္ခဏာများ

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း နှင့် ချွဲဝမ်းသွားခြင်းတို့ ဖြစ်ကြပါတယ်။ နောက်ဖေးသွားခြင်းဖြင့် ဗိုက်ဘယ်ဘက်ပိုင်းအောင့်ခြင်းကို သက်သာစေပါတယ်။UC က ပိုဆိုးလာမယ်ဆိုလျှင် ဝမ်းလျှောတာက တရက်ထက်တရက် ပိုများလာပါလိမ့်မယ်။ ရောဂါပြန်ဖြစ်ခြင်းက ဖြစ်နိုင်ပါတယ် သို့သော် လူနာ ၇၅% လောက်ကတော့ ပျောက်ကင်းသွားကြပါတယ်။

တခြားလက္ခဏာတွေကတော့ မောပန်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ခံတွင်းပျက်ခြင်းနှင့် ဖျားခြင်းတို့ ဖြစ်ကြပါတယ်။ အူအပြင်ဘက် လက္ခဏာတွေ အနေနဲ့ အဆစ်ကိုက်ခဲခြင်း အထူးသဖြင့် ဒူးဆစ်၊ခြေချင်းဝတ်နှင့် လက်ကောက်ဝတ်တွေမှာ ပိုဆိုးပါတယ်။ အမြင်ပိုင်းဆိုင်ရာ ပြသနာတွေလဲ ဖြစ်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးအလွန်အကျွံထွက်ခြင်း၊ အူပေါက်ခြင်း နှင့် အစာအိမ်ရောင်ခြင်းတို့ ဖြစ်ကြပါတယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ဖြစ်နေတဲ့ သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ဖို့ ပိုများပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ဖျားခြင်း သို့ ချမ်းတုန်ခြင်းဝမ်းသွားများလာခြင်း သို့ သွေးထွက်ခြင်း
  • ဝမ်းဗိုက် ဖောင်းကားလာခြင်း၊ဗိုက်အောင့်ခြင်း သို့ အန်ခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေတဲ့ အရာကိုတော့ သေချာ မသိရသေးပါ။ အရင်တုန်းကတော့ အစားမမှန်တဲ့သူတွေ၊ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်တယ်လို့ ထင်ခဲ့ကြပေမယ့် ဒီအရာတွေက ဖြစ်ပွားမှုကို လှူံ့ဆော်ပေးတဲ့ အရာတွေသက်သက် ဖြစ်ပြီး တကယ့် အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ရဲ့ ဖြစ်စေတဲ့ အရာတွေ မဟုတ်ပါဘူး။

တခြားဖြစ်နိုင်တာကတော့ ကိုယ်ခံအားစနစ် ချို့ယွင်းတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် တွေ ဘက်တီးရီးယား တွေကို တိုက်ထုတ်တဲ့ အခါမှာ မူမမှန်တဲ့ စနစ်ရဲ့ တုန့်ပြန်မှု အနေနဲ့ ကိုယ်ခံအားစနစ်ဟာ အစာချေဆဲလ်တွေကို မှားပြီး တိုက်ထုတ်ကြပါတယ်။

မျိုးရိုးဗီဇဟာလဲ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) မှာ ပါဝင်ပတ်သတ်နေပါသေးတယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ဖြစ်ဖူးတဲ့ မိသားစုဝင်ရှိနေခြင်းဟာ သင့်ကိုလည်း ဒီရောဂါဖြစ်လာနိုင်စေပါတယ်။ သို့သော် တော်တော်များများမှာတော့ မိသားစုထဲမှာ မဖြစ်ဖူးကြပါ။

Risk factors

ငါ့ဆီမှာ Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဒီရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

  • အသက်။ ။ ဒီရောဂါ ဟာ ပုံမှန်အားဖြင့် အသက် ၃၀ မတိုင်ခင်မှာ ဖြစ်တတ်ပါတယ်။ သို့သော် အသက်အရွယ်မရွေးဖြစ်တတ်ပြီး တချို့ဆိုလျှင် အသက် ၆၀ ထိလဲ မဖြစ်သေးပါဘူး။
  • လူမျိုး။ ။ လူဖြူတွေဟာ ကူးစက်ရောဂါခံရနိုင်မှုများသော်လည်း ဒီရောဂါဟာ လူမျိုးမရွေးဖြစ်နိုင်ပါတယ်။ သင်ဟာ Ashkenazi Jew လူမျိုးဖြစ်မယ်ဆိုလျှင် ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။
  • မျိုးရိုး။ ။ သင်မိသားစု ဆွေမျိုးတွေထဲမှာ UC ဖြစ်ဖူးလျှင် သင်လဲ ဖြစ်လာနိုင်ပါတယ်။
  • Isotretinoin ဆေး (Amnesteem,Claravis,Sotret;formerly Accutane) သုံးခြင်း။ ။ isotretinoin ဆေးဟာ တခါတရံ ဝက်ခြံနှင့် ဝက်ခြံအမာရွတ်တွေ ပျောက်အောင် ကုတဲ့နေရာမှာ သုံးပါတယ်။ တချို့လေ့လာတွေ့ရှိချက်တွေအရ ဒီဆေးဟာ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis)ဖြစ်ပွားနိုင်ချေမြင့်မားစေတဲ့ အရာဖြစ်တယ်လို့ ပြောကြသော်လည်း ဒီရောဂါ နှင့် isotretinoin ရဲ့ ကြားကဆက်စပ်မှုကိုတော့ သေချာမသိရပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်ဆရာဝန်က သင့်မိသားစုကျန်းမာရေးကို လေ့လာခြင်း နှင့် လက်တွေ့စမ်းသပ်ခြင်းတို့ကို လုပ်ပါလိမ့်မယ်။ ဆရာဝန်က ဝမ်းနမူနာနှင့် သွေးနမူနာတို့ကို ယူပြီး သွေးထွက်ခြင်းနှင့် ရောဂါပိုးရှိမရှိ စစ်ဆေးပါလိမ့်မယ်။ အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ကို အစာအိမ်ကြည့် မှန်ပြောင်းနဲ့ ကြည့်ခြင်းဖြင့် တွေ့နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ကွေးနိုင် ဆန့်နိုင်ပြီး မီးပါတဲ့ မှန်ပြောင်းကို အူမကြီးတွင်းထည့်ကာ ကြည့်ရှုစစ်ဆေးပါတယ်။ အူမကြီး မှ တစ်ရှူးအသားစ ယူပြီးလဲ မိုက်ခရိုစကုပ်အောက်မှာ ကြည့်ပြီး အဖြေရှာနိုင်ပါတယ်။

Ulcerative Colitis (အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းရဲ့ ရည်မှန်းချက်ကတော့ ရောဂါလက္ခဏာတွေသက်သာဖို့နဲံ နောက်ဆက်တွဲရောဂါမဖြစ်ဖို့ ပဲ ဖြစ်ပါတယ်။

အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis)ကိုကုရာမှာ အသုံးများတဲ့ ဆေးတွေကတော့ အရောင်ကျဆေးများ mesalamine, sulfasalazine, olsalazine and steroids တို့ပဲဖြစ်ပါတယ်။ Mesalamie က ရောဂါပြန်မဖြစ်အောင်နဲ့ ရောဂါလက္ခဏာအသေးစားတွေကို သက်သာအောင် သို့ ပိုဆိုးမလာအောင် ထိန်းချုပ်ပေးတဲ့ အနေနဲ့ သုံးပါတယ်။ အရေးကြီးတဲ့ ရောဂါလက္ခဏာတွေ အတွက်ကတော့ ဆေးရုံတက်၊ အစာအိမ်ကို အနားပေး(ဘာမှမစား) ပဲ အကြောဆေးသာ သွင်းရပါမယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာခြေလမ်းကြောင်းတွင် အနာများဖြစ်ခြင်း (Ulcerative colitis) ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ဆရာဝန်ညွှန်တဲ့ဆေးကို သောက်ပါ။
  • သင် vitamin, သတ္တုဓါတ် သို့ သံဓါတ်အားဆေးတွေ သောက်လို့ရမရမေးပါ။
  • ပုံမှန် ကာယလှုပ်ရှားမှုကို ထိန်းထားပါ။
  • ဆရာဝန်နဲ့ ပုံမှန်ပြပါ။ အူမှန်ပြောင်းပုံမှန်ကြည့်ပေးခြင်းဖြင့် ရောဂါအခြေအနေတိုးတက်ပြောင်းလဲမှု နှင့် ကင်ဆာဖြစ်နိုင်ချေတွေကို သိရှိနိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page

341

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health

handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 172.Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page

handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 172.

ယခုပုံစံ

15/03/2018

Dr. Kaung Thar မှ ရေးသားသည်။

Dr. Kaung Thar မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

Dr. Kaung Thar မှ ရေးသားသည်။ · 15/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement