backup og meta

5

မျှဝေပါ။

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ

အစာအိမ် ရောင်တာက ဘာတွေကြောင့် ဖြစ်ရတာလဲ။ ဘယ်လို လက္ခဏာတွေ ဖြစ်နိုင်သလဲ။ ဘာတွေ သတိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အစာအိမ် ရောင်တဲ့အခါ လိုက်နာရမှာလေးတွေကို ကြည့်လိုက်ရအောင်နော်။

ဘာတွေကြောင့် အစာအိမ် ရောင်နိုင်သလဲ

အစာအိမ် အူလမ်းကြောင်းရောင်ရမ်းတာက ဗိုင်းရပ်စ်၊ ဘက်တီးရီးယား ဒါမှမဟုတ် ကပ်ပါးပိုးတွေကြောင့် ဖြစ်ပါတယ်။ အများအားဖြင့် –

  • H.pylori ဘက်တီးရီးယားပိုး ကူးစက်ခံရတာ
  • အစားအသောက် (အထူးသဖြင့် ပင်လယ်စာ)
  • ပိုးပါနေတဲ့ သောက်သုံးရေ
  • ရောဂါပိုး ရှိနေတဲ့ လူနဲ့ထိတွေ့မှု
  • လက်မဆေးခြင်း
  • ဇွန်း၊ တူ စတာတွေ မသန့်ရှင်းခြင်း တို့ကတဆင့် ရောဂါပိုးကို ကူးစက်နိုင်ပါတယ်။

အစာအိမ် ရောင်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

လက္ခဏာတွေ ကတော့ –

  • မအီမသာ ဖြစ်ခြင်း၊
  • ချွေးထွက် များခြင်း၊
  • ရင်ခေါင်း တောင့်ခြင်း
  • ပျို့အန်ခြင်း၊
  • ဝမ်းလျှောခြင်း၊
  • ဗိုက်နာခြင်း၊
  • အနည်းငယ် ကိုယ်ပူခြင်းတို့ပဲ ဖြစ်ပါတယ်။

ရောင်ရမ်းခြင်းရဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဒီ လက္ခဏာတွေဟာ တစ်ရက်ကနေ တစ်ပတ်ကျော် အထိ ကြာမြင့် တတ်ပါတယ်။

အစာအိမ် ရောင်တဲ့အခါ ဒါတွေရှောင်ပါ

အကြမ်းဖျင်း အားဖြင့်တော့ အစာအိမ် ရောင်တဲ့အခါ အချဉ်၊ အစပ် မပါတဲ့ အစာ ပျော့ပျော့ပဲ စားရမှာပါ။ ရှောင်သင့်တဲ့ အရာတွေ အကြောင်း အသေးစိတ်လေး ပြောရရင်တော့ –

  • ဆီကြော်နဲ့ အဆီများတဲ့ အစားအစာတွေ ၊
  • ချဉ်ဖတ် နဲ့ အချဉ်တည် ထားတာတွေ၊ ဆားရည်စိမ်တွေ၊
  • ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး စတာတွေကို အစိမ်းစားတာတွေ၊
  • အငန် နဲ့ အစပ်ကဲတဲ့ အစားအစာတွေ၊
  • ကော်ဖီ၊ လက်ဖက်ရည်၊ နဲ့ ကဖင်းများတဲ့ သောက်စရာတွေ၊
  • အရက် နဲ့ ဘီယာလို အယ်လ်ကိုဟောတွေ၊
  • အချဉ်စူးတဲ့ အသီးတွေ နဲ့ ဖျော်ရည်တွေ၊
  • ဂက်စ် ပါတဲ့ အချိုရည်ဘူးတွေ၊
  • ရေခဲမုန့် လိုမျိုး ပျစ်နှစ် နေတဲ့ နို့ထွက်ပစ္စည်းတွေ၊ ချိစ်များတဲ့ မုန့်တွေ ရှောင်သင့်ပါတယ်။

ဒါ့အပြင် အမဲသား၊ ဝက်သားတို့လို အသားတွေကို များများမစားသင့်ပါဘူး။

အစာ စားရင် တစ်ခါတည်း အများကြီး ပြည့်အင့်နေအောင် မစားပါနဲ့။ အချိန် သတ်မှတ်ပြီး နည်းနည်းချင်း ခွဲပြီးစားပါ။ ပမာဏ များများ ဖိစား လိုက်တဲ့အခါ အစာအိမ်ကို ဝန်ပိစေနိုင်လို့ပါ။

ဘာတွေစားလို့ရမလဲ

ဒီအချိန်မှာ –

  • ပန်းသီး၊ အုတ်ဂျုံ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ပဲ တို့လို အမျှင်ဓာတ် များတဲ့ အစားအစာတွေ၊
  • ငါး၊ ကြက်ရင်ပုံသား တို့လို အဆီ နည်းတဲ့ အစားအစာတွေ၊
  • ဂက်စ် မပါတဲ့ အချိုရည်တွေ၊
  • ကဖင်း မပါတဲ့ သောက်စရာတွေ က သင့်တော်ပါတယ်။

ကောင်းကောင်းအနားယူပါ။

အစာအိမ် ရောင်တဲ့ အချိန်မှာ ခန္ဓာကိုယ်က ရောဂါပိုးကိုတိုက်ထုတ်ဖို့ အနားယူဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝအောင် အိပ်ပါ၊ တစ်နေ့တာမှာ လှုပ်ရှားမှုသိပ်မများအောင် ဂရုစိုက်ပါ။ အပင်ပန်း မခံဘဲ နားနားနေနေ နေပါ။

အစာအိမ်ရောင်တာက အများအားဖြင့် ရက်ပိုင်းလောက်နေရင်  အလိုလိုသက်သာနိုင်ပါတယ်။ အဲ့အချိန်မှာ အစာအိမ်ကို သေချာအနားပေးဖို့တော့ လိုတာပေါ့။ တကယ်လို့ ခဏခဏ အစာအိမ်ရောင်တယ်ဆိုရင် အစာအိမ်ပိုးကြောင့် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသပြီး သေချာကုသဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.verywellhealth.com/your-guide-to-gastritis-1742800

Accessed Jan-21, 2020.

https://www.healthline.com/health/gastritis-diet#what-to-eat

Accessed Jan-21, 2020.

 

 

ယခုပုံစံ

04/03/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/03/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement