backup og meta

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ …. ဒီဘက်ခေတ်မှာ လူကြီး၊ လူငယ်မရွေး အရက်နဲ့ ကင်းနိုင်ကြတာမဟုတ်ပါဘူး။ ပေါင်းသင်းဆက်ဆံရေးအရ၊ အလုပ်ခွင်မှာ မိတ်ဆုံစားပွဲလုပ်တာဖြစ်ဖြစ် အရက်လေးကတော့ အနည်းနဲ့ အများပါလိုက်ကြတာပါပဲ။ အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေတာမှန်ပေမယ့် နေ့စဉ်နေ့တိုင်းသောက်တာ၊ သောက်တဲ့ပမာဏ မများဘူးဆိုရင်တော့ အဆင်ပြေပါတယ်။ ကဲ ဒါဆိုရင် အားလုံးစိတ်ညစ်ရတဲ့ အရက်နာကျတဲ့အကြောင်း ဆက်သွားလိုက်ကြတာပေါ့။

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ

အရက်နာကျရင် ဘာတွေခံစားရမလဲ။

အရက်သောက်ပြီး နောက်တစ်နေ့နိုးလာတာနဲ့ ပထမဆုံးခံစားရမယ့် ပြဿနာကတော့ အရက်နာကျတာပါပဲ။ ဒါက သောက်လိုက်တဲ့ပမာဏရော၊ လူတစ်ယောက်ရဲ့ သောက်နိုင်တဲ့ ပမာဏပေါ် မူတည်ပြီး ဝေဒနာ ပြင်းထန်မှုကွာသွားနိုင်ပါတယ်။ များသောအားဖြင့် အရက်နာကျတဲ့အခါမှာ

  • ခေါင်းတွေ အရမ်းမူးမယ်
  • ခေါင်းကိုက်မယ်
  • အော့အန်ချင်တာ
  • ဗိုက်ထဲမှာ အောင့်သလို ရေ၊ လေတွေများပြီး မအီမသာဖြစ်တာ
  • အစာစားချင်စိတ်၊ ရေသောက်ချင်စိတ်တောင် မရှိတာ
  • လူတစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်တော့တာ
  • နေအလင်းရောင်စူးစူးကို စိုက်မကြည့်နိုင်တာ
  • ဘာအလုပ်မှမလုပ်ချင်တာ
  • ဝမ်းချုပ်တာ
  • ဝမ်းခဏခဏသွားတာ
  • အနက်ရောင်၊ အညိုရောင်ရှိတဲ့ ဝမ်းတွေ သွားတာ
  • ဆီးအရောင်နောက်ကျိနေတာ
  • စိတ်မကြည်မလင်ဖြစ်တာ စတဲ့လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ

အရက်သောက်ပြီး နောက်တစ်နေ့မှာ ဝမ်းခဏခဏသွားတာဘာကြောင့်လဲ ဆိုတော့

၁။ အရက်ကို သောက်လိုက်တဲ့အခါ လည်ချောင်းမှတစ်ဆင့် အစာအိမ်အတွင်း ဖြတ်ကျော်ရပါတယ်။ ဗိုက်ထဲမှာ အစာရှိနေတဲ့အခါ အရက်နဲ့ အစာမှာပါတဲ့ အာဟာရဓာတ်တချို့က အစာအိမ်နံရံကနေ သွေးကြောအတွင်း စုပ်ယူခံလိုက်ရပါတယ်။ ဒီအခြေအနေဟာ အရက်ကို အစာအိမ်က ချေဖျက်တဲ့လုပ်ငန်းစဉ်ကို နှေးကွေးသွားစေပါတယ်။

၂။ ဗိုက်ထဲ အစာမရှိဘဲ အရက်သောက်လိုက်တဲ့အခါ အစာအိမ်မှ အူငယ်အတွင်းသို့ လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသွားပြီး အရက်သောက်နေတဲ့သူအတွက်လည်း တစ်ခွက်ပြီးတစ်ခွက် သောက်ချင်စိတ်၊ မြူးကပြီး ခုန်ချင်စိတ်ကို ပိုဖြစ်စေကာ အရက်ရဲ့ အရှိန်ကို တက်စေပါတယ်။

၃။ အမျှင်ဓါတ်ဆိုတာ ပုံမှန်အချိန်မှာ အစာချေဖျက်မှုစနစ်ကို အထောက်အကူပေးတဲ့ အစားအစာဆိုပေမယ့် အရက်နဲ့တော့ လုံးဝမတည့်တဲ့အရာပါ။ ဒီတော့ ဗိုက်ထဲမှာ အမျှင်ဓါတ်ပါတဲ့ အစားအစာတွေ များနေတဲ့အခါ အရက်ကို ချေဖျက်နိုင်စွမ်းနဲ့ သွေးကြောကနေ စုပ်ယူနိုင်စွမ်းက ပိုများလာပြီး လျင်မြန်စွာ ဆီးနဲ့ ဝမ်းအဖြစ် အပြင်ဘက်သို့ စွန့်ထုတ်ပေးပါတယ်။

၄။ အရက်သည် ဝမ်းစွန့်ချင်စိတ်ကို ပိုဖြစ်စေသလို အစာဟောင်းတွေနဲ့ အရက်တွေပါ ရောပြီး စွန့်ထုတ်စေတဲ့အတွက် ဝမ်းသွားတဲ့အခါ အကြိမ်ရေလည်း ပိုများသလို ပုံမှန်အမာဝမ်းမဟုတ်တော့ဘဲ အရည်တွေနဲ့ ပြည့်လာပါတယ်။

၅။ ရေသာက်တဲ့ပမာဏပေါ် မူတည်ပြီး ဝမ်းအရည်ရဲ့ အရောင်သည် အနက်ရောင်ကနေ အညိုရောင်ကို ပြောင်းလဲသွားနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်အရ အရက် ပမာဏ အနည်းငယ်ပဲ သောက်တဲ့သူတွေက ဝမ်းမကြာခဏ သွားချင်စိတ်ကို ဖြစ်စေပြီး အရက် ပမာဏကို အလွန်အကျွံသောက်တဲ့အခါ ဆန့်ကျင်ဘက်အနေနဲ့ ဝမ်းချုပ်သွားနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ဒီလက္ခဏာဟာ တစ်ရက်ကနေ ၃ရက်လောက်အထိ ကြာနိုင်ပြီး အရက် သောက်တာ ရပ်လိုက်ပြီး ပုံမှန်အစားအစာတွေ ပြန်စားပြီဆိုတာနဲ့ ဝမ်းသွားနှုန်းနဲ့ အစာခြေစနစ်က နဂိုအတိုင်း အလုပ်လုပ်သွားမှာဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ။

၁။ ဂလူတန် ဓာတ်မတည့် အူသိမ်ရောဂါ (Celiac Disease)

၂။ နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (Irritable Bowel Syndrome)

၃။ အစာအိမ်၊ အူနံရံရောင်သော ရောဂါ (Crohn’s Disease) ရှိတဲ့သူတွေအပြင်

၄။ ညမအိပ်ဘဲ အလုပ်လုပ်တတ်သူတွေမှာ ပိုအဖြစ်များပါတယ်။

အရက်သောက်ပြီး နောက်နေ့ ဝမ်းလျှောပြီဆိုရင် ဘာလုပ်သင့်လဲ။

၁။ ဗိုက်အခြေအနေ နဂိုအတိုင်း ပြန်ကောင်းသွားတဲ့အချိန်ထိ အရက်ကို ရှောင်ပေးပါ။

၂။ အရက် သောက်ပြီး နောက်တစ်နေ့မှာ ရေများများသောက်ပါ။

၃။ မနက်စာ လုံးဝမစားဘဲနေလိုက်တာထက် ကြက်ဥ၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ကြက်သားစတဲ့ အစာတွေကို ပေါ့ပေါ့ပါးပါးလုပ်ပြီး စားပေးပါ။

၄။ အများကြီးစားဖို့ မလိုပါဘူး။ ဗိုက်ထဲအစာရှိနေဖို့ပဲ လိုတာပါ။

၅။ သစ်သီးဖျော်ရည်တွေ၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည် သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

၆။ အမျှင်ဓာတ်များလွန်းတဲ့ အစားအစာတွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အဆီများတဲ့အသားတွေ၊ ဟင်းခတ်မှုန့်အများကြီး ထည့်ချက်တဲ့ ဟင်းတွေကို ရှောင်ပေးပါ။

၇။ ဝမ်းလျှောတာ သက်သာစေမယ့် ဆေးတွေကို နီးစပ်ရာဆေးခန်းတွေမှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်။

ဆရာဝန်နဲ့ ပြဖို့လိုအပ်လား။

များသောအားဖြင့်တော့ အရက်ကြောင့်ဖြစ်တဲ့ ဝမ်းလျှောခြင်းဟာ ရက်အနည်းငယ်မှာ သူ့အလိုလို ပြန်ကောင်းသွားတတ်တာကြောင့် ဆရာဝန်နဲ့ အမြန်ပြရလောက်တဲ့အထိ စိုးရိမ်ဖို့ မလိုပါဘူး။ တစ်နေ့ကို အကြိမ်များစွာ ဝမ်းသွားတာ၊ ဝမ်းကို ဘယ်လိုထိန်းလို့မရတော့တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေ လုံးဝမသက်သာဘူးဆိုရင်တော့ ပြကြည့်သင့်ပါတယ်။

အားလုံးပဲ အရက်ကို လုံးဝမရှောင်နိုင်ဘူးဆိုရင်တောင် ကိုယ့်ကျန်းမာရေးကို အစဉ်ရှေးရှုပြီး သတိနဲ့သောက်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/diarrhea-after-drinking-alcohol#see-a-doctor(September 3, 2019)

ယခုပုံစံ

21/03/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရက်နာကျတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ