ဗိုက်ပွတယ်၊ လေထိုး လေအောင့် ဖြစ်တယ် ဆိုတာ ရုတ်တရက် ခံစားရတတ်တဲ့ ဝေဒနာ ဖြစ်ပြီး အတော် ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်း ဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေ စားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။
လေထိုး လေအောင့် ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲ ဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ် ဘဝမှာ အများဆုံး လုပ်မိလေ့ရှိတဲ့ အရာတွေနော်။
လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်
လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်။ ဘယ်လို အမူအကျင့်တွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။
(၁) အစားကို အမြန်စားမိတာ
သူငယ်ချင်းတွေနဲ့ ဆိုင်မှာ သွားစားတယ်၊ မောင်နှမတွေ အိမ်မှာ အတူ စားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း အမြန်စားမိကြမှာပဲ။ တစ်ခါတလေ သိပ်ဆာနေတဲ့အချိန် ဒရောသောပါး စားမိတတ်ကြပါတယ်။ အရသာတောင် သိပ်မခံလိုက်မိတာမျိုး။ အဲဒီအချိန်မှာ လေတွေပါ မျိုချမိနိုင်တာကြောင့် ဗိုက်ထဲ လေပွတာ၊ လေထိုးတာတွေ ဖြစ်နိုင်တယ်နော်။
(၂) အချိုရည်ကို ပိုက်နဲ့သောက်တာ
အချိုရည် သောက်ပြီဆိုရင် ဘူးမှာဖြစ်ဖြစ်၊ အအေးခွက်မှာဖြစ်ဖြစ် ပိုက်ကလေးနဲ့ သောက်ကြရတာပဲ။ တော်တန်ရုံက ဘာမှ သိပ်မဖြစ်ပေမယ့် သောက်တာများရင်တော့ သောက်လိုက်တိုင်း ဝင်သွားတဲ့ လေတွေစုပြီး လေပွစေမှာပေါ့။ လေတက်ရင်၊ လေလည်ရင်တော့ ဝေဒနာ သက်သာတာပေါ့။
(၃) ရေသိပ်မသောက်တာ
ရေဓာတ် အလုံအလောက် မဖြည့်ပေးရင် လေတွေ ထကြွစေပါတယ်တဲ့။ ကိုယ်က လေနာဝေဒနာဖြစ်တတ်တယ် ဆိုရင် ပိုသတိထားရမှာပေါ့။ ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေထဲမှာ အစာချေဖျက်ခြင်းကို ပိုကောင်းစေတဲ့အချက် ပါဝင်ပါတယ်။