brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Dyspepsia (အစာမကြေခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dyspepsia (အစာမကြေခြင်း) ကဘာလဲ။

အစာမကြေခြင်း သို့မဟုတ် ဒစ်ပက်ပ်စီးယားဆိုသည်မှာ အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ပိုင်း (အစာအိမ်၊ အစာရေမျိုပြွန်၊ အူသိမ်ဦး) တွင် မအီမသာ သို့မဟုတ် နာကျင်မှုကိုခံစားရခြင်းဖြစ်သည်။ အစာမကြေခြင်းခြင်းတွင် ရောဂါလက္ခဏာအမျိုးမျိုးပါဝင်ပြီး ဗိုက်ကယ်ခြင်း၊ ပျို့ခြင်းနှင့် လေချဉ်တက်ခြင်းတို့ဖြစ်နိုင်ပါသည်။ အစာမကြေခြင်းသည် အောက်ခံပြဿနာတစ်ခုခု၏ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါသည်။

Dyspepsia (အစာမကြေခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အစာမကြေခြင်းကို ရောဂါတစ်ခုအဖြစ်မယူဆသင့်ပါ။ ၎င်းသည် အောက်ခံမကျန်းမာသည့်အခြေအနေ တစ်ခုခု၏ လက္ခဏာတစ်ရပ်ဖြစ်နိုင်သလို လူတိုင်းတွင်လည်း ခဏခဏဖြစ်တတ်သော အခြေအနေတစ်ခုဖြစ်ပါသည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Dyspepsia (အစာမကြေခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အစာမကြေခြင်း၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ

  • ဗိုက်ကယ်ခြင်း
  • ပျို့ခြင်းနှင့်အန်ခြင်း
  • အစာအိမ်ထဲတွင် ပူနေခြင်း
  • ပုံမှန်ပမာဏသာ စားပြီးသော်လည်း အလွယ်တကူဗိုက်ပြည့်သွားခြင်း
  • ပါးစပ်ထဲ၌ချဉ်နေခြင်း
  • လေချဉ်တက်ခြင်း
  • အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

    • အလွန်အန်ခြင်း သို့မဟုတ် အန်ဖတ်များတွင် သွေးပါခြင်း
    • မရှင်းပြနိုင်ပဲ ကိုယ်အလေးချိန်ကျသွားခြင်း
    • မျိုချရခက်ခြင်း
    • ရင်ဘတ်အောင့်ခြင်း
    • မျက်လုံးနှင့်အရေပြားဝါခြင်း
    • အသက်ရှုရခက်ခဲခြင်း
    • ရင်ပူခြင်း

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမည်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်ခြင်းက အကောင်းဆုံးပင်။

    အကြောင်းရင်းများ

    Dyspepsia (အစာမကြေခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အစာမကြေခြင်းကို ရောဂါတစ်ခုထက် လက္ခဏာတစ်ခုအဖြစ်သာ ယူဆရမည်။ အစာမကြေခြင်းကိုဖြစ်စေသော တစ်ချို့ရောဂါများမှာ

    • အစာအိမ်မှ အစာရေမျိုပြွန်သို့ ပြန်တက်ခြင်း (GERD) – ၎င်းသည် အစာအိမ်မှအက်စစ်များ အစာရေမျိုပြွန်အတွင်းသို့ ပြန်ကန်တက်ခြင်း ဖြစ်ပါသည်။ ထိုအက်စစ်များသည် စပ်ဖျဉ်းဖျဉ်းဖြစ်စေပြီး အစာရေမျိုပြွန်ကို ဒဏ်ရာရစေနိုင်သည်။
    • အဝလွန်ခြင်းကလည်း အစာမကြေဖြစ်နိုင်ခြင်းကို များစေပါသည်။
    • စိတ်ဖိစီးမှုများခြင်း သို့မဟုတ် စိုးရိမ်လွန်ခြင်း
    • Irritable bowel syndrome – အူမကြီးတွင် ပုံမှန်မဟုတ်ပဲ ကျုံ့ခြင်း
    • အစာအိမ်တွင် Helicobacter pylori ပိုးဝင်ခြင်း
    • အစာအိမ်အနာများ – အစာအိမ်နံရံများ ပါးခြင်း သို့မဟုတ် အပေါက်လေးများဖြစ်ခြင်း
    • အစာအိမ်ကင်ဆာ

    တစ်ချို့သောဆေးများကလည်း အစာမကြေခြင်းကို ဖြစ်ပွားစေနိုင်ပါသည်။

    • အက်စ်ပရင်နှင့် NSAIDs အကိုက်အခဲပျောက်ဆေးများ
    • နိုက်ထရိုက်ပါသောဆေးများ (သွေးတိုးကျဆေးများ)
    • အီစထရိုဂျင်နှင့် သားဆက်ခြားဆေးများ
    • စတီးရွိုက်ဆေးများ
    • တစ်ချို့သော ပဋိဇီဝဆေးများ
    • သိုင်းရွိုက်ဆေးများ

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Dyspepsia (အစာမကြေခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    နေ့စဉ်အမူအကျင့်များကလည်း သင့်ကို အစာမကြေခြင်းဖြစ်စေနိုင်ပါသည်။ တစ်ချို့သောရောဂါများနှင့် အထက်ပါအကြောင်းရင်းများအပြင် အစာမကြေခြင်းဖြစ်နိုင်သည့် တခြားအကြောင်းရင်းများ ရှိပါသေးသည်။

    • ဆေးလိပ်သောက်ခြင်း
    • အရက်သောက်ခြင်း
    • အစာကို များများနှင့် မြန်မြန်စားခြင်း
    • စိတ်ဖိစီးခြင်းနှင့်မောပန်းလွယ်ခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Dyspepsia (အစာမကြေခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    လက္ခဏာနှင့်ဆိုင်သော မေးခွန်းများကို ဆရာဝန်မှမေးပြီး ဗိုက်နှင့်ရင်ဘတ်ကို စမ်းသပ်ပါလိမ့်မည်။ သင့်အခြေအနေကို ပိုနားလည်နိုင်ရန်နှင့် တခြားသော အကြောင်းရင်းများကို သိနိုင်ရန်အတွက် စစ်ဆေးမှုတစ်ချို့ပြုလုပ်ပါလိမ့်မည်။

    • မှန်ပြောင်းကြည့်ခြင်း – ဤစစ်ဆေးမှုကို ကုသမှုများလုပ်နေသော်လည်း မသက်သာပါက ပြုလုပ်မည်ဖြစ်သည်။ အစာအိမ်အတွင်းသို့ မှန်ပြောင်းပါသော ပြွန်ငယ်လေးဖြင့် သွင်းပြီး ကြည့်ရှု့မည်ဖြစ်သည်။
    • pylori စစ်ဆေးခြင်း – ရောဂါအပြင်းအထန်နှင့် တခြားသော အချက်အလက်များပေါ်မူတည်ကာ H. pylori ကိုရှာသော စစ်ဆေးမှုအုပ်စုကြီးဖြစ်ပါသည်။ ထိုစစ်ဆေးမှုများတွင် ဝမ်းတွင် ပဋိပစ္စည်းပါမပါစစ်ခြင်း၊ ရှုထုတ်လေကိုစစ်ခြင်း၊ သွေးစစ်ခြင်းတို့ ပါဝင်ပါသည်။
    • အသည်းလုပ်ငန်း စစ်ဆေးခြင်းများ – အသည်းမှ သည်းခြေရည်များထုတ်ပါသည်။ သည်းခြေရည်သည် အဆီများကို ချေဖျက်နိုင်သည်။ အသည်းပြဿနာရှိသူများတွင် သည်းခြေရည်လျော့ကျသွား၏။ ထိုမှ အစာမကြေခြင်း ဖြစ်လာနိုင်ပါသည်။
    • ဓါတ်မှန်နှင့် တီဗီဓါတ်မှန် – အစာအိမ်တွင်ပိတ်နေသည်များ ရှိမရှိသိနိုင်ရန်။

    Dyspepsia (အစာမကြေခြင်း) ကို ဘယ်လိုကုသပါသလဲ

    ကုသမှုသည် အစာမကြေခြင်း၏လက္ခဏာများကို လျော့ချရန်အတွက် ဦးတည်ရပါမည်။ ထို့အပြင် အောက်ခံရောဂါကိုပါ ရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားသည့်ဆေးများနှင့် တခြားအထောက်ပံ့ရကုထုံးများကို အောက်ခံရောဂါအခြေအနေအရ ကုသရမည်ဖြစ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အစာမကြေခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများက သင့်အနေဖြင့် အစာမကြေခြင်းကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • အစားစားလျှင် သင့်တင့်လျောက်ပတ်ရုံသာ စားပါ။
    • ညအိပ်ယာဝင်ချိန် အစာမကြေခြင်းခံစားရပါက ညနောက်ကျမှ အစားစာခြင်းမျိုးကိုရှောင်ပါ။
    • အပူအစပ်နှင့် အဆီများသည်များကိုရှောင်ပါ။ ၎င်းတို့က ရင်ပူစေနိုင်၏။
    • ဖြည်းဖြည်းစားဖို့ကြိုးစားပါ။
    • ဆေးလိပ်လျော့ပါ။ ဖြတ်ပါ။
    • ကျန်းမာသောကိုယ်အလေးချိန်ကိုထိန်းပါ။
    • ကော်ဖီ၊ အချိုရည်များနှင့် အရက်တို့ကို လျော့ချပါ။
    • အစာအိမ်အား ပြဿနာဖြစ်စေသော NDAIDs နှင့် အက်စ်ပရင်များကို အစားထိုးရန် ဆရာဝန်နှင့်ဆွေးနွေးပါ။
    • နေ့စဉ်ဘဝတွင် စိတ်ဖိစီးမှုနည်းအောင်နေပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/03/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။