backup og meta

အသည်းရောင်ရောဂါအမျိုးမျိုး

အသည်းရောင်ရောဂါအမျိုးမျိုး

ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါဆိုသည်မှာ အသည်း၏လုပ်ငန်းများကိုထိခိုက်စေပြီး အသည်းကင်ဆာအထိဖြစ်ပွားစေနိုင်ပါသည်။ အသည်းရောင်ရောဂါ A,B,C,D,E ဟူ၍ မျိုးကွဲငါးမျိုးရှိပြီး ပိုးအားလုံးဟာအသည်းရောင်ရောဂါဖြစ်ပွားစေနိုင်သော်လည်း ဖြစ်ပွားပုံနည်းလမ်းများကွာခြားပါသည်။

အသည်းရောင်ရောဂါ(အေ)ပိုး

အသည်းရောင်ရောဂါ(အေ)ကိုဖြစ်စေပြီး ကူးစက်မြန်ပါတယ်။ လူနာ၏မစင်တွင်ပါတတ်ပြီး မသန့်ရှင်းသောရေနှင့် အစားအစာတို့မှကူးစက်နိုင်ပါသည်။ ထို့အပြင်လိင်ဆက်ဆံခြင်းမှလည်းကူးစက်နိုင်သည်။

မပြင်းထန်သော အသည်းရောင်ရောဂါ(အေ)သည် ကုသရန်မလိုပါ။ အသည်းအား တစ်စုံတစ်ရာထိခိုက်ခြင်းမရှိဘဲ ပြန်ကောင်းနိုင်ပါသည်။ သို့သော်လည်း အသည်းရောင်ရောဂါ(အေ)သည် တစ်ခါတရံတွင် ပြင်းထန်စွာ ဖြစ်ပွားတတ်ပြီး အသက်အန္တရယ်ဖြစ်စေနိုင်ပါသည်။

ညစ်ညမ်းသောနေရာများတွင်အဖြစ်များသည့်အတွက်ကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှြုမှင့်တင်ခြင်းသည် အကောင်းဆုံးကာကွယ်မှုဖြစ်သည်။ အသည်းရောင်ရောဂါပိုး (အေ)ကို ကာကွယ်ရန်အတွက် လုံခြုံထိရောက်သော ကာကွယ်ဆေးများလည်းရရှိနေပါပြီ။

အသည်းရောင်ရောဂါ(ဘီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)သည် အသည်းရောင်အသားဝါ(ဘီ)ပိုးကြောင့်ဖြစ်သော ပြင်းထန်သည့်အသည်းရောဂါဖြစ်သည်။ ရောဂါပိုးပါသောသွေး၊ သုတ်ပိုးနှင့် အခြားခန္ဓါကိုယ်မှ အရည်များဖြင့်ထိတွေ့ခြင်းဖြင့် ကူးစက်နိုင်သည်။ ရောဂါပိုးပါသောသွေးအားသွင်းမိခြင်း၊ အပ်စူးခြင်းတို့မှလည်းကူးစက်နိုင်သည်။

အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိခင်မှကလေးမွေးချိန်တွင်လည်းကောင်း ၊ကလေးငယ်သေးချိန်တွင်အသည်းရောင်အသားဝါ(ဘီ)ပိုးရှိသော မိသားစုဝင်မှလည်းကောင်းကူးစက်နိုင်သည်။ တစ်နှစ်အောက်ကလေးနှင့်ကလေးငယ်များတွင် နာတာရှည်အသည်းရောင်ရောဂါ(ဘီ)ဖြစ်လွယ်သည်။

ကျန်းမာရေးလုပ်သားများတွင်လည်း အဖြစ်များပြီးရောဂါပိုးသယ်ဆောင်သော အပ်စူးမိခြင်းမှကူးနိင်သည်။ လုံခြုံထိရောက်သောကာကွယ်ဆေးများလည်းရရှိနေပါပြီ။ ရောဂါကိုပျောက်ကင်းအောင်မကုသနိုင်သေးပါ။

ရောဂါပိုးရှိသူသည် အခြားသူများအားမကူးစက်အောင် ကြိုတင်ကာကွယ်မှုများပြုလုပ်ကာ ရောဂါမပြန့်ပွားစေရန် ပြုလုပ်ရမည်ဖြစ်သည်။

အချို့သူများတွင် အသည်းရောင်အသားဝါ(ဘီ)ပိုး ကူးစက်ခံရမှုသည် နာတာရှည်အဖြစ်သို့ ကူးပြောင်းသွားတတ်ပါသည်။ ကူးစက်ခံရပြီး ခြောက်လကျော်သည်အထိ ပိုးမပျောက်ကင်းသည့်အခါ နာတာရှည်အသည်းရောင်(ဘီ) အဖြစ်သတ်မှတ်ပြီး နာတာရှည် အသည်းရောင် (ဘီ) သမားများတွင် အသည်းပျက်စီးမှုနှင့် အသည်းကင်ဆာ၊ အသည်းခြောက်မှုများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာစေပါသည်။

အသည်းရောင်ရောဂါ(စီ)ပိုး

အသည်းရောင်ရောဂါ(စီ)ပိုးသည် အသည်းကိုတိုက်ခိုက်ပြီး အသည်းအားရောင်ရမ်းစေတတ်သော ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါပိုးပါသောသွေးနှင့်ထိတွေ့ခြင်း၊ မူးယစ်ဆေးသုံးစွဲစဉ်အပ်များမျှဝေသုံးစွဲခြင်းတို့မှ ကူးစက်နိုင်ရုံသာမက လိင်မှတစ်ဆင့်(အဖြစ်နည်း)လည်း ကူးစက်နိုင်သည်။ အသည်းရောင်အသည်းဝါ(စီ)ပိုး အသည်းရောင်အသည်းဝါပိုးများထဲတွင် အဆိုးဆုံးဖြစ်သည်။ ကာကွယ်ဆေးမရှိပါ။

အသည်းရောင်ရောဂါ(ဒီ)ပိုး

အသည်းရောင်ရောဂါ(ဘီ)ပိုးရှိသောသူသည် အသည်းရောင်ရောဂါ(ဒီ)ပိုးပါတွဲရှိနေတတ်ပြီး ပို၍ဆိုးဝါးသောရလဒ်များရရှိနိုင်သည်။ ဘီပိုးကာကွယ်ဆေးသည် ဒီပိုးအတွက်လည်းကာကွယ်မှုပေးသည်။

အသည်းရောင်ရောဂါ(အီး)ပိုး

အသည်းရောင်ရောဂါ(အီး)ပိုးသည် မသန့်ရှင်းသောရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်တတ်သည်။ အချို့ဖွံဖြိုးဆဲနိုင်ငံများတွင် အသည်းရောင်ရောဂါများအဖြစ်များသည်။ ကာကွယ်ဆေးများထွက်ပေါ်နေပြီဖြစ်သော်လည်း ကျယ်ပြန့်စွာမရရှိနိုင်သေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hepatitis Health Centerhttps://www.webmd.com/hepatitis/default.htm Accessed Date 10 August 2018

Hepatitishttps://www.healthline.com/health/hepatitisAccessed Date 10 August 2018

Hepatitis (Viral Hepatitis, A, B, C, D, E, G)https://www.medicinenet.com/viral_hepatitis/article.htmAccessed Date 10 August 2018

ယခုပုံစံ

20/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းအဆိပ်ဖြေမယ့် ဆေးဖက်ဝင်အပင်များ

အသည်းအားဖြည့်ဆေးများက အသည်းရောင်အသားဝါ ဘီရောဂါ အတွက် အကျိုးရှိနိုင်သလား။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement