ဗိုက်အောင့်လိုက်တာ။ အလုပ်တွေမလုပ်နိုင်တော့ဘူး အစာအိမ်က အောင့်နေပြီ။ ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် အကြံလေးပေးမယ်နော်။ အစာခြေရည်ပြန်ဆန်တက်လို့ ရင်ပူဝေဒနာခံစားနေရသူတွေဆို မကုစားဘဲ ဒီတိုင်းနေလို့ အခန့်မသင့်ရင် ခွဲစိတ်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့အကြောင်းရင်းတွေက –
- ဝမ်းချုပ်တာ၊
- အစာမကြေတာ၊
- စားချဉ့်ရည်ပြန်ဆန်တက်တာ ၊
- အော့အန်တာ၊
- စိတ်ဖိစီးမှုများတာ နဲ့
- အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ ရောဂါတွေအပြင်
ပိုပြင်းထန်ရင်တော့
- အူအတက်ပေါက်တာ၊
- အူအတက်ရောင်တာ၊
- သည်းခြေအိတ်ကျောက်တည်တာ၊
- ကျောက်ကပ်မှာကျောက်တည်တာ၊
- ကျောက်ကပ်ပိုးဝင်တာတွေအထိ ဖြစ်နေနိုင်တယ်။
အစာအိမ်ကြောင့်ဖြစ်တယ်ဆိုရင်တော့ ဒီလက္ခဏာတွေပါ ဖြစ်နေနိုင်ပါတယ် –
- လေထိုးလေအောင့်ဖြစ်နေတာ
- ရင်ပူဝေဒနာဖြစ်လာပြီးရင် ဗိုက်ကယ်ပြီးလေပွနေတာ(နေလို့မကောင်း)
- မအီမသာနဲ့ ပျို့အန်ချင်တာ
- ခဏခဏပူလောင်ပြီးဆာတာ
- အစာမစားခင်နဲ့ အစာစားပြီး အောင့်တာ စတဲ့လက္ခဏာတွေက သိသာပါတယ်။
ဒါ့ကြောင့် အစာအိမ်အောင့်တယ်ဆိုရင် ဘာကြောင့်လဲအဖြေရှာဖို့ ဆေးခန်းမသွားနိုင်သေးခင် ဒီအချက်လေးတွေ လုပ်ကြည့်ပါ။
ဗိုက်အောင့်သက်သာစေမယ့် နည်းလမ်းလေးတွေကတော့ –
- အမြန်ဆုံးက ဗိုက်အောင့်သက်သာစေတဲ့ အစာအိမ်လေဆေးတွေသောက်ပါ။
- သက်တောင့်သက်သာလေးနေပါ။
- အသက်မှန်မှန်ရှုပေးပါ။
- အရည်များများသောက်ပါ။
- အစာခပ်ပျော့ပျော့လေးတစ်ခုခုစားပေးပါ။
- ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ။
- ရေကို မကြာခဏသောက်ပေးပါ။
- အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ။
- ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ။
- ဗိုက်ကို ရေနွေးအိတ်ကပ်ပေးပါ။ သိပ်တော့မပူစေနဲ့နော်။
- ကော်ဖီ၊ လက်ဖက်ရည်ရှောင်ပါ။
- အချိန်နည်းနည်းကြာလို့ မသက်သာဘူး၊ မခံမရပ်နိုင်အောင်အောင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြရမယ်နော်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmr]