backup og meta

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းအရာများစွာ ရှိပါတယ်။ သင့်ဆီမှာ ဖြစ်နိုင်ခြေရှိ၊ မရှိ သိရအောင် အောက်ပါအချက်တွေကို မှတ်သားဖတ်ရှုနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေမြင့်စေသော အရာများ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

အမျိုးအစား (၁) ဆီးချိုရောဂါ

သုတေသနပြုချက်များအရ အမျိုးအစား (၁) ဆီးချိုရောဂါ အကြောင်းကို တိကျစွာမသိရပေမယ့် ဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အကြောင်းအရာတွေ ရှိပါတယ်။

  • မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာရှိရင် သင့်မှာ ဖြစ်နိုင်ခြေမြင့်ပါတယ်။
  • ပတ်ဝန်းကျင်အခြေအနေ။
  • ကိုယ်ခံအားဆဲလ်များ ပျက်စီးခြင်း။ မိမိကိုယ်ကို တိုက်ထုတ်တဲ့ ခုခံပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကြောင့် လူတိုင်းမှာတော့  ဆီးချို မဖြစ်တတ်ပါဘူး။
  • စားသောက်မှုပုံစံ။ တချို့လေ့လာချက်တွေမှာ နွားနို့ကို စောစီးစွာ စသောက်ဖူးခြင်း၊ ဗီတာမင်ဒီ စားသုံးမှု နည်းခြင်း၊ အသက်လေးလမတိုင်မီ အစေ့အဆန်များ ကျွေးခြင်း စတာတွေကြောင့်လို့  ဆိုပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေဟာ အမျိုးအစား (၁) ဆီးချိုနဲ့ တိုက်ရိုက် ဆက်စပ်နေကြောင်း အတိအကျ မပြောနိုင်ကြပါဘူး။

အမျိုးအစား (၂) ဆီးချို

အချို့အကြောင်းအရာတွေဟာ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။

  • ကိုယ်အလေးချိန်များခြင်း
  • လှုပ်ရှားမှုနည်းခြင်း။ လှုပ်ရှားမှုနည်းလေ၊ အဖြစ်များလေပါပဲ။ ကိုယ်လက်လှုပ်ရှားခြင်းဟာ သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ဖို့၊ ဂလူးကို့စ်ကို စွမ်းအင်အနေနဲ့ ရယူဖို့၊ သင့်ရဲ့ဆဲလ်တွေဟာ အင်ဆူလင်ကို ပိုပြီးအာရုံခံမိစေဖို့ အရေးကြီးတဲ့ လုပ်ငန်းဖြစ်ပါတယ်။
  • မိသားစုရာဇဝင်။ သင့်ရဲ့ မိဘနဲ့ မွေးချင်းတွေမှာ အမျိုးအစား (၂) ဆီးချိုဖြစ်ရင် သင့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • လူမျိုးစု။ ဟစ်ပန်းနစ်၊ အမေရိကန် အင်ဒီးယန်း၊ အာရှ၊ အမေရိကန် တွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အကြောင်းရင်းတော့ သေချာမသိသေးပါဘူး။
  • အသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒါပေမယ့် အမျိုးအစား (၂) ဆီးချိုဟာ ကလေးများ၊ အရွယ်ရောက်ခါစ လူငယ်များမှာ အဖြစ်များတာကို တွေ့လာရပါတယ်။
  • ကိုယ်ဝန်ဆောင်စဉ်ဆီးချိုဖြစ်ခြင်း။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဆီးချိုဖြစ်ရင် နောင်မှာ ဆီးချိုဖြစ်နိုင်ခြေ မြင့်လာတတ်ပါတယ်။
  • အမျိုးသမီးများတွင် ဖြစ်တတ်သော Polycystic ovary syndrome ရောဂါ (သားဥအိမ်အရည်အိတ်တည်ခြင်း ရောဂါစု)။  ဒီရောဂါရှိနေရင်လည်း အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်တတ်ပါတယ်။
  • သွေးတိုးခြင်း။ သွေးပေါင်ချိန် ၁၄၀/၉၀ နဲ့ အထက်ကို တက်ခြင်းဟာ အမျိုးအစား (၂) ဆီးချိုဖြစ်နိုင်ခြေ များပါတယ်။
  • ပုံမှန်မဟုတ်သော ကိုလက်စထရောနဲ့ triglyceride မြင့်တက်ခြင်း

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ

အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုဖြစ်တတ်ပေမယ့် အချို့အမျိုးသမီးများဟာ သူများတွေထက် ဖြစ်နိုင်ခြေ များပါတယ်။ အောက်ပါ အချက်တွေဟာ ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

  • အသက်အရွယ်။ ၂၅ နှစ်ထက်ကြီးတဲ့ အမျိုးသမီးတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ကိုယ်အလေးချိန်။ ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန် များတာဟာ ဖြစ်နိုင်ခြေပိုများစေပါတယ်။
  • မိသားစုနဲ့ မိမိရာဇဝင်။ မိဘများ၊ မွေးချင်းများမှာ အမျိုးအစား (၂) ဆီးချို ဖြစ်တာရှိရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ယခင် ကိုယ်ဝန်ဆောင်ခဲ့ချိန်မှာ ဆီးချိုဖြစ်ဖူးရင်၊ ကလေးကြီးကြီး မွေးဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Increases My Risk of Diabetes?. http://www.webmd.com/diabetes/guide/risk-factors- for-diabetes#1.
Accessed January 7 th , 2017.

Diabetes Risk Factors. http://www.diabetes.co.uk/Diabetes-Risk- factors.html. Accessed January 7 th , 2017

ယခုပုံစံ

12/10/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ် ထိန်းပေးမယ့် စားစရာများ

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement