အဖြေကောင်းတယ်ဆိုတာ ၇အောက် ရောက်တာကို ပြောတာပါ။ တော်တော်များများ လူနာတွေ အတွက် A1C ၇အောက်က ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဖြစ်တာလည်း မကြာသေးဘူး၊ တခြားရောဂါတွေလည်း ရှိမနေဘူးဆိုရင် ၆.၅အောက်ထိ ချထားနိုင်တာ ပိုကောင်းပါတယ်။
လက်ထိပ်ဖောက် စစ်ဆေးခြင်း
လက်ထိပ်ဖောက် စစ်ဆေးတာမှာ အသုံးများတာကတော့ ဘာမှ မစားခင် စစ်တာနဲ့ စားပြီး ၂နာရီခြား စစ်တာပါ။
- ဘာမှမစားခင် စစ်လိုက်ရင် 70-130 mg/dL (3.9-7.2 mmol / L) ရှိရပါမယ်။
(ဘာမှမစားခင်ဆိုတာ အစာနဲ့ ၈နာရီခြားထားတာကို ပြောတာပါ။ မနက်ဘာမှမစားခင် ဖောက်ကြတာ များပါတယ်။)
- စားပြီး ၂နာရီ စစ်လိုက်ရင်တော့ <180mg/dL (<10 mmol /L) ရှိရမှာပါ။ အစာစားပြီး ၂နာရီခြားနေရင် စစ်ရမှာပါ။ ၂နာရီကျော်သွားလို့ ရတဲ့ အဖြေကို သုံးလို့ မရပါဘူး။
လက်ထိပ်ဖောက်စစ်တာက ဘယ်သူစစ်ခိုင်းခိုင်း မခိုင်းခိုင်း ကိုယ့် အသိစိတ်ဓာတ်ကို စစ်ရမှာပါ။ ဖောက်စစ်ပြီး စာအုပ်ထဲမှာ သေချာမှတ်ထားရမှာပါ။
A1Cက လွန်ခဲ့တဲ့ ၃လဟာကို စစ်တယ်ဆိုပေမယ့် လက်ထိပ်ဖောက်တာကတော့ တစ်နေ့စာကို စစ်တာပါ။ ခုဆိုရင် မစားခင် ဘယ်လောက်ရှိရမယ်၊ စားပြီး ဘယ်လောက်ရှိမလဲ ဆိုတာ သိနေပြီပဲ။ ကိုယ့်အဖြေပေါ်မူတည်ပြီး များရင်များသလို အစားအသောက် ဆင်ခြင်ရမှာပါ။ ဒါကြောင့် ဖောက်ဖြစ်အောင် ဖောက်ပါ။
ဒီလောက်ဆိုရင် ဆီးချိုစစ်ရင် ဘာကို စစ်ရမှာလဲ။ ဘယ်သူတွေ စစ်သင့်လဲ။ ဘယ်လောက်ရရင် ကောင်းလဲဆိုတာ သိလောက်ပါပြီ။ ဆီးချိုထိန်းတဲ့ နေရာမှာ လူနာရဲ့ ပါဝင်မှုက အရေးကြီးပါတယ်။ ဆရာဝန်က အကြံပဲ ပေးနိုင်တာပါ။ လူနာက တကယ်လိုက်လုပ်မှပဲ ဆီးချိုကို ကောင်းကောင်းထိန်းနိုင်တာပါ။
(အထက်ပါ ကိနိးဂဏန်းများသည် ADAမှ စံသတ်မှတ်ချက်များ ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စံသတ်မှတ် ပေါ်မူတည်၍ ကိန်းဂဏန်းများ အပြောင်းအလဲ ရှိနိုင်သည်။)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။