backup og meta

ဆီးချိုကာကွယ်ရန် ဆယ်ကျော်သက်အရွယ် နေထိုင်မှုပုံစံ

ဆီးချိုဆိုတာ အရွယ်ရောက်ပြီးသူသာမက ကလေးငယ်များကျန်းမာရေးကိုပါ ခြိမ်းခြောက်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးပါ။ သိပ်မကြာသေးခင်က ဆယ်ကျော်သက်ဆီးကျော်ဖြစ်ပွားမှုတွေမြင့်လာတာတွေ့ရပါတယ်။ တကယ်လို့ သင့်ကလေးက အဝလွန်နေရင် သူ့မှာဆီးချိုဖြစ်နိုင်ချေနှစ်ဆပိုများပါတယ်။ အခုချိန်က ဆယ်ကျော်သက်တွေကို ဆီးချိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာသိအောင် ကူညီပေးရမယ့်အချိန်ပါ။

ဆီးချိုကာကွယ်ရန် ဆယ်ကျော်သက်အရွယ် နေထိုင်မှုပုံစံ

ဆီးချိုဆိုတာဘာလဲ

လူတစ်ယောက်သွေးထဲမှာသကြားဓါတ်များနေရင်အဲဒီလူမှာဆီးချိုရှိပါတယ်။ သကြားဓါတ်က ကျွန်တော်တို့စားလိုက်တဲ့ အစာအစာတွေကရတာပါ။ ဥပမာ – ပေါင်မုန့်၊ ကွေကာ၊ ဆန်၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ နို့ထွက်ထုတ်ကုန်။ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓါက ပြေးဖို့ကစားဖို့ ရေကူးဖို့စွမ်းအင်ထုတ်ဖို့အတွက် သကြားဓါတ်လိုပါတယ်။ မုန့်ချိုအိတ်ကထုတ်တဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ အင်ဆူလင်က ဆဲလ်တွေရဲ့တံခါးကိုဖွင့်ဖို့သော့လိုပါဘဲ။ ဆဲလ်တွေပွင့်သွားရင် သွေးထဲကအင်ဆူလင်တွေက ဆဲလ်ထဲဝင်ပြီး လိုအပ်တဲ့စွမ်းအင်ထုတ်ပါတယ်။ အင်ဆူလင်မလုံလောက်တာဘဲ ဖြစ်ဖြစ်၊ အင်ဆူလင်က ဆဲလ်တွေကိုမဖွင့်နိုင်တာမျိုးဖြစ်တဲ့အခါ သွေးထဲကသကြားဓါတ်မြင့်တက်ပြီးဆီးချိုဖြစ်ပါတယ်။ တကယ်လို့ သင့်ဆယ်ကျော်သက်ကလေးမှာ ဆီးချိုရှိရင် သူတို့ကိုအင်ဆူလင်ထိုးပေးဖို့ လိုအပ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ဆီးချိုကိုကာကွယ်ဖို့ ဘာတွေလုပ်လို့ရလဲ။

ပထမဆုံးနဲ့အရေးကြီးဆုံးက သင်နဲ့သင့်တော်တဲ့အားကစားတစ်မျိုးကိုလုပ်ပြီး ကျန်းမာအောင်ထိန်းထားပါ။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို မိနစ် ၃၀ ကနေ တစ်နာရီထိ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကိုယ်အလေးချိန် မှန်မှန်ကျစေတယ်လို့ ဆိုပါတယ်။ ဒါက ဆီးချိုအမျိုးအစား (၂)မဖြစ်အောင် ကာကွယ်ဆေးသောက်ခြင်းထက် အကျိုးသက်ရောက်မှုပိုများပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းဖြင့် သွေးတိုးနိုင်ချေလျော့စေတဲ့အပြင် ဆီးချိုဖြစ်စေတဲ့အရာတွေဖြစ်တဲ့ သွေးထဲကသကြားဓါတ်နဲ့ကိုယ်အလေးချိန်ကိုထိန်းချုပ်ပေးပါတယ်။ ဆယ်ကျော်သက်တွေက အရိုးနဲ့ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းတွေကိုရွေးချယ်ပြီး အနည်းဆုံးတစ်ပတ် ၃ ကြိမ် လုပ်သင့်ပါတယ်။

နောက်မှတ်ထားရမှာတစ်ခုက နေ့စဉ်စားတဲ့အစားအစာတွေကိုဂရုစိုက်ပါ။ ကလေးက သူ့မိဘတွေကျွေးတာကို စားမှာဖြစ်တဲ့အတွက် မိဘတွေအနေနဲ့ကလေးကိုကျွေးတဲ့အစားအစာအပေါ် ဂရုစိုက်သင့်ပါတယ်။ ကလေးနဲ့ဆယ်ကျော်သက်အများစုက အသင့်စားအစာအစာတွေကို အလွန်ကြိုက်ကြပါတယ်။ အဲဒီအသင့်စားအစာတွေမှာ ကျန်းမာရေးအတွက်မကောင်းတဲ့ အရာတွေပါပါတယ်။ မိဘတွေအနေနဲ့ ကလေးကို ဒါတွေရှောင်ဖို့သင်ပေးပြီး ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းတာတွေ ကျွေးသင့်ပါတယ်။ တစ်ဖက်မှာလည်း ဆယ်ကျော်သက်တွေက သူတို့ဘာစားလဲဆိုတာ အာရုံစိုက်ပြီးအဆီနဲ့သကြားအများကြီးပါတဲ့ အစားအစာတွေကိုရှောင်သင့်ပါတယ်။ ဆီးချိုကိုကာကွယ်ပေးတဲ့ကျန်းမာတဲ့ အစားအစာတွေကတော့ အဆီမပါနွားနို့၊ အစေ့အဆံများ၊ လတ်ဆတ်တဲ့အသီးများ၊ မုန်လာဥနီ၊ ချယ်ရီသီး၊ ခရမ်းချဉ်သီး၊ အဆီနည်းတဲ့ဒိန်ခဲ၊ သကြားနည်းတဲ့ အစေအဆံတို့ပဲဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can Diabetes Be Prevented?.

http://kidshealth.org/en/teens/prevention.html?WT.ac=p-ra.

Accessed October 26, 2016.

Living with diabetes.

https://www.niddk.nih.gov/health-information/health-communication-programs/ndep/living-with-diabetes/youth-teens/tips-lower-risk/Pages/publicationdetail.aspx.

Accessed October 26, 2016.

Diabetes – issues for children and teenagers.

https://www.betterhealth.vic.gov.au/health/conditionsandtreatments/diabetes-issues-for-children-and-teenagers

ယခုပုံစံ

12/05/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Yu Wadi Lwin မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါကြိုတင်ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံပြောင်းလဲမှု (၈) ချက်

ဆီးချိုရှိလာနိုင်တဲ့အန္တရာယ်တွေ ကိုယ့်မှာရှိနေပြီလား


Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ