သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရောဂါလက္ခဏာရပ်တွေအကြောင်းသိကောင်းစရာ

ဆီးချိုရောဂါရဲ့ အစောဆုံးလက္ခဏာရပ်တွေကသွေးတွင်းသကြားဓါတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ်ပမာဏက ပုံမှန်ထက်မြင့်တက်နေတာပဲဖြစ်ပါတယ်။ ဆီးချိုရောဂါဖြစ်ကာစလက္ခဏာတွေက သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြပါတယ်။ အချို့သူတွေမှာဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်မှာ ထိခိုက်ယိုယွင်းတာတွေဖြစ်လာတဲ့အခါမှ ဆီးချိုရောဂါခံစားနေရတာကိုသိသွားတာမျိုးလည်းရှိပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါမှာတော့လက္ခဏာရပ်တွေဖြစ်ပေါ်မှုက မြန်ဆန်လေ့ရှိပြီးတော်တော်လေးလည်း ပြင်းထန်တတ်ပါတယ်။ ရက်ပိုင်းအတွင်း ဒါမှမဟုတ်ရင် သီတင်းပတ်အနည်းငယ်အတွင်းမှာ ရောဂါလက္ခဏာတွေ ကိုသိရတာမျိုးတွေလည်းရှိပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူအများစုဟာ ကလေးအရွယ်နဲ့အရွယ်ရောက်စမှာကတည်းက ရောဂါခံစားနေရတာကိုသိရှိနိုင်ပြီးရောဂါလက္ခဏာတွေက အရွယ်သုံးပါးစလုံးမှာအတူတူပဲဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေမှာတော့ ကလေးငယ်တွေလိုမျိုးရောဂါခံစားနေရမှုကိုမြန်မြန်ဆန်ဆန် အတည်မပြုနိုင်ပါဘူး။

အတွေ့များတဲ့ရောဂါလက္ခဏာရပ်တွေ

ဆီးချိုရောဂါအမျိုးအစား၂ရပ်စလုံးမှာ ရောဂါခံစားနေရတယ်လို့သိရှိနိုင်တဲ့အချက်အချို့ကခပ်ဆင်ဆင် ဖြစ်နေတတ်ပါတယ်။

ဆာလောင်ခြင်းနဲ့ပင်ပန်းနွမ်းလျခြင်း – ခန္ဓါကိုယ်က စားသုံးလိုက်တဲ့အစားအသောက်တွေကို ဆဲလ်တွေက စွမ်းအင်အနေနဲ့ အသုံးပြုနိုင်မယ့် ဂလူးကို့စ်တွေအဖြစ်ပြောင်းလဲပေးပါတယ်။ တကယ်လို့ ခန္ဓါကိုယ်က အင်ဆူလင်ပမာဏကိုလုံလောက်အောင်မထုတ်ပေးနိုင်ရင်ဖြစ်ဖြစ် ဆဲလ်တွေက ခန္ဓါကိုယ်ကထုတ်လုပ်တဲ့ အင်ဆူလင်ကို ခုခံနေတဲ့အနေအထားမျိုးဖြစ်နေရင်ပဲဖြစ်ဖြစ် ဂလူးကို့စ်ကဆဲလ်တွေထဲကိုမရောက်ရှိနိုင်တော့ဘဲ အားမရှိသလိုခံစားရစေမှာဖြစ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ပိုမိုဆာလောင်စေပြီး ပုံမှန်ထက်ပိုပင်ပန်းတယ်၊လို့ခံစား ရမှာ ဖြစ်ပါတယ်။ ဆီးချိုဝေဒနာခံစားနေရသူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာတွေက ဆာလောင်မှုကို လျော့ပါးသက်သာစေဖို့အတွက်နဲ့သွေးတွင်းဂလူးကို့စ်ပမာဏကိုထိန်းညှိရာမှာ အထောက်အပံ့ ဖြစ်စေဖို့ ရည်ရွယ်ထုတ်လုပ်ထားလေ့ရှိပါတယ်။

ဆီးခဏခဏသွားခြင်းနဲ့ပုံမှန်ထက်ရေပိုငတ်ခြင်း- လူတစ်ယောက်ဟာပျမ်းမျှအားဖြင့် ၂၄ နာရီအတွင်း ဆီးကို ၄ ကြိမ်ကနေ ၇ ကြိမ်အထိသွားလေ့ရှိတယ်ဆိုပေမယ့် ဆီးချိုဝေဒနာခံစားနေရသူတွေကတော့ ဆီးသွားတဲ့အကြိမ်ရေ ကပိုများနေနိုင်ပါတယ်။

ခံတွင်းခြောက်ခြင်းနဲ့အရေပြားယားယံခြင်း – ဆီးခဏခဏသွားရတဲ့အခါ ခန္ဓါကိုယ်ရဲ့အခြားကဏ္ဍတွေအတွက် အစိုဓါတ်လျော့နည်းသွားပြီး ရေဓါတ်ခမ်းခြောက်တာနဲ့ ခံတွင်းခြောက်တာမျိုးတွေကိုခံစားရနိုင်ပါတယ်။ အရေပြား ခြောက်သွေ့တာကယားယံခြင်းတွေကိုဖြစ်ပေါ်စေပါတယ်။

အမြင်အာရုံဝေဝါးခြင်း – ခန္ဓါကိုယ်ထဲကအရည်ပမာဏပြောင်းလဲမှုက မျက်လုံးအိမ်အတွင်းမှာရှိတဲ့ မှန်ဘီလူးကို ရောင်ကိုင်းစေပြီး ပုံရိပ်ရဲ့အရွယ်အစားကိုပြောင်းလဲစေနိုင်သလို အာရုံစိုက်နိုင်စွမ်းကိုလည်း လျော့ကျစေနိုင်ပါတယ်။

အမျိုးအစား-၂ ဆီးချိုရောဂါရဲ့လက္ခဏာရပ်များ

သွေးတွင်း ဂလူးကို့စ်ပမာဏအချိန်ကြာမြင့်စွာမြင့်တက်နေတဲ့အခါအောက်ပါရောဂါလက္ခဏာရပ်တွေ ခံစားရနိုင် ပါတယ်။

မှိုပိုးကူးစက်ခြင်း (Yeast infections) – ဆီးချိုဝေဒနာခံစားနေရတဲ့ အမျိုးသားရော၊အမျိုးသမီးမှာပါ မှိုပိုးကူးစက်မှု ကို ခံစားရနိုင်ပါတယ်။ မှိုပိုးကူးစက်မှုက လက်ချောင်းခြေချောင်းတွေကြား၊ရင်သားအောက်ဘက်နဲ့ လိင်အင်္ဂါ အတွင်းနဲ့ လိင်အင်္ဂါတဝိုက်မှာအဖြစ်များပါတယ်။

အနာကျက်နှေးခြင်း- သွေးတွင်းသကြားဓါတ်မြင့်မားနေမှုက သွေးစီးဆင်းမှုကိုထိခိုက်စေပြီး အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အနာကျက်နှေးစေတာဖြစ်ပါတယ်။

အမျိုးအစား-၁ ဆီးချိုရောဂါလက္ခဏာရပ်များ

အကြောင်းအရင်းမရှိဘဲကိုယ်အလေးချိန်ကျဆင်းနေခြင်း- ခန္ဓါကိုယ်က အစားအစာတွေကနေစွမ်းအင်ကိုမရရှိတဲ့ အခါစွမ်းအင်အတွက် ကြွက်သားနဲ့အဆီတွေကို စတင်လောင်ကျွမ်းစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အစားအသောက်ပုံစံပြောင်းလဲတာမျိုးမရှိဘဲကိုယ်အလေးချိန်ကျဆင်းတာမျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။

မအီမသာဖြစ်ခြင်းနဲ့ပျို့အန်ခြင်း –ခန္ဓါကိုယ်က အဆီလောင်ကျွမ်းမှုအပေါ်မှာပဲ အားပြုထားရတဲ့အခါ ketones လို့ခေါ်တဲ့ သွေးတွင်းအက်ဆစ်ထုတ်လွှတ်မှုကိုဖြစ်ပေါ်စေပါတယ်။ သွေးထဲမှာ ketones ပမာဏက အန္တရာယ် ဖြစ်စေနိုင်တဲ့အတိုင်းအတာအထိမြင့်တက်လာတဲ့အခါ diabetic ketoacidosis လို့ခေါ်တဲ့ ဆီးချိုရောဂါရဲ့ ပြင်းထန်တဲ့နောက်ဆက်တွဲရောဂါကိုခံစားရစေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 27/08/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။