backup og meta

ကိုယ့်မှာဆီးချိုရှိနေရင် နှလုံးကိုမထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

ဆီးချိုနဲ့နှလုံးကျန်းမာရေးက ဆက်နွှယ်မှုကြီးမားတယ်လို့ပြောရင်တော်တော်များများက အံ့သြကြပါတယ်။ တကယ်တော့ နှလုံးရောဂါကသေဆုံးမှုများတဲ့အကြောင်းရင်းတစ်ခုဖြစ်ပြီး အမျိုးအစား ၂ ဆီးချိုရောဂါဝေဒနာရှင်တွေမှာနောက်ဆက်တွဲပြဿနာအဖြစ်တွေ့ရတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် ၃ ဦးမှာ ၂ ဦးနှုန်းကနောက်ဆုံးမှာ နှလုံးရောဂါ သို့မဟုတ်လေဖြတ်ခြင်းကြောင့်သေဆုံးကြတယ်လို့American Heart Association (AHA) ကဖော်ပြထားပါတယ်။

ဆီးချိုနဲ့နှလုံးရောဂါ ဘယ်လိုဆက်စပ်နေသလဲ

ဆီးချိုနဲ့နှလုံးရောဂါကြားက ဆက်နွှယ်မှုက နည်းနည်းတော့ရှုပ်ထွေးပါတယ်။ ဆီးချိုက သွေးတွင်းကိုလက်စထရောဓါတ်မြင့်တက်ခြင်း၊ သွေးတိုးနဲ့ အဝလွန်ခြင်းဖြစ်နိုင်ခြေပိုများစေတယ်။ ဒီအချက်တွေအားလုံးကရောင်ရမ်းမှုကိုဖြစ်စေနိုင်ပြီး ရုတ်တရက် နှလုံးခေတ္တရပ်ခြင်း သို့မဟုတ်လေဖြတ်ခြင်းတို့လို နှလုံးသွေးကြောကျဉ်းတဲ့အဖြစ်တွေဖြစ်လာစေနိုင်ပါတယ်။

ဆီးချိုဝေဒနာရှင်တွေဟာ ဆီးချိုမရှိသူတွေနဲ့ယှဉ်ရင် ရုတ်တရက်နှလုံးခေတ္တရပ်ခြင်း(heart attack) ကြောင့် အသက်ဆုံးရှုံးရနိုင်ခြေပိုများပါတယ်။heart attackဖြစ်လာရင်သွေးကြောမျှင်လေးတွေမှာ အပြောင်းအလဲတွေဖြစ်စေတဲ့အခါ ဆီးချိုသမားရဲ့နှလုံးဟာ ကျန်းမာတဲ့သူတွေလိုပြန်မကောင်းနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် နောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ရမယ့်အပြင် နှလုံးကိုကာကွယ်နိုင်ဖို့ သွေးတိုး၊ ကိုလက်စထရောနဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းဖို့လိုပါတယ်။

ဆီးချိုရှိနေပြီဆိုရင် နှလုံးကို ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲ

လေ့ကျင့်ခန်း

တော်သင့်ရုံ ကိုယ်လက်လေ့ကျင့်ခန်း မိနစ် ၁၅၀ ခန့် ဒါမှမဟုတ် အားစိုက်ရတဲ့လေ့ကျင့်ခန်း မိနစ် ၉၀ ခန့် တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။ ကိုယ့်ကျန်းမာရေးအတွက် တခြားဘာမှမလုပ်နိုင်ဘူးဆိုရင်တောင်လေ့ကျင့်ခန်းတော့လုပ်သင့်ပါတယ်။ လှုပ်လှုပ်ရှားရှားနေပေးတာကသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးဖို့၊ နှလုံးကျန်းမာရေးကိုကောင်းမွန်စေဖို့၊နဲ့သွေးတိုး၊ကိုလက်စထရောကို ထိန်းနိုင်ဖို့အဓိကသော့ချက်ဖြစ်ပါတယ်။ ကိုယ်က အဆစ်နာခြင်း ဒါမှမဟုတ် အရိုးပွရောဂါရှိနေသူဖြစ်ရင်တော့ရေထဲမှာအေရိုးဗစ်ကစားတာ၊ရေကူးတာ၊ စက်ဘီးဖြည်းဖြည်းစီးတာတွေလိုမျိုးပေါ့ပေါ့ပါးပါးလှုပ်ရှားမှုလေးတွေလုပ်နိုင်ပါတယ်။

အစာအာဟာရ

ကျန်းမာရေးအတွက်မကောင်းတဲ့ အဆီတွေကို တတ်နိုင်သလောက်လျှော့စားပါ။ပြည့်ဝဆီ ဆိုတာ ကိုယ်စားရမယ့် ကယ်လိုရီပမာဏရဲ့ ၇ ရာခိုင်နှုန်း( ၁၇ ဂရမ်ခန့်) သာပါဝင်သင့်ပါတယ်။transfatတွေစားသုံးခြင်းကိုတော့ တတ်နိုင်သလောက်ရှောင်ပါ။ ငါး၊ပြောင်းနှံ၊အသီးအရွက်တွေကရတဲ့အဆီတွေလို အရင်းအမြစ်ကောင်းတွေကနေရတဲ့ မပြည့်ဝဆီတွေကိုစားပါ။ ဆိုရရင် အသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ၊ ပဲ၊ ဂျုံပြောင်းနှံ၊ငါးတို့ကို ပိုစားပြီး အသင့်အမြန်စား အစားအစာတွေ၊ အငန်များတဲ့အစားအစာတွေနဲ့ အကြော်အလှော်တွေကိုလျော့စားပါ။ တစ်နေ့ကို အမျှင်ဓါတ် ၃၀ ဂရမ်အနည်းဆုံးစားသုံးသင့်ပါတယ်။

အငန်ဓါတ်

အငန်ဓါတ်ကသွေးတွင်းသကြားဓါတ်ပမာဏကို သက်ရောက်မှုမရှိပေမယ့် အငန်အစားများရင်သွေးတိုးမြင့်တက်စေနိုင်ပါတယ်။ ဆီးချိုရှိသူတွေဟာ တစ်နေ့ကို အငန်ဓါတ်စားသုံးမှု ၂၃၀၀ မီလီဂရမ်ထက်မကျော်သင့်ပါဘူး။သွေးတိုးရှိပြီးသားဆိုရင်ပိုပြီးတောင် အငန်လျှော့စားသင့်ပါတယ်။ အငန်ကိုလျှော့ဖို့က အစပိုင်းတော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အသင့်စီမံထုပ်ပိုးပြီးသား အစားအစာတွေအစား လတ်လတ်ဆတ်ဆတ်တွေကို အစားထိုးစားသုံးပါ။ ကိုယ့်အစားအစာတွေထဲ ဆားထည့်မယ့်အစားဆေးဖက်ဝင်ပစ္စည်းတွေနဲ့ဟင်းခတ်အမွှေးအကြိုင်တွေသုံးကြည့်ပါ။

သွေးဖိအား

သွေးဖိအားက ၁၂၀/၈၀ နဲ့အောက်ဖြစ်နေရင် ပုံမှန်လို့ယူဆရပါတယ်။သွေးဖိအားမြင့်တက်လာပြီဆိုရင် အပေါ်သွေးက ၁၃၀ နဲ့အထက်၊အောက်သွေးက ၈၀ နဲ့အောက်ရှိတတ်ပါတယ်။သွေးဖိအားကို အမြဲသတိထားစောင့်ကြည်နေရပါမယ်။ တတ်နိုင်ရင် အိမ်မှာသွေးပေါက်ချိန်စက်ကောင်းကောင်းတစ်ခုဝယ်ထားပါ။ သွေးပေါင်ချိန်က ပုံမှန်ထက်မြင့်တက်နေပြီဆိုရင် ကိုယ်လက်လှုပ်ရှားမှုပိုလုပ်ပြီး အစားအသောက်ကို ပိုဆင်ခြင်ပေးရပါမယ်။

ဆေးလိပ်မသောက်ဖို့

ဆေးလိပ်သောက်တတ်သူဖြစ်ရင်ဆေးလိပ်ဖြတ်ဖို့စဉ်းစားသင့်ပါတယ်။ ဆေးလိပ်ငွေ့မရှူမိအောင်လည်းရှောင်သင့်ပါတယ်။ဆေးလိပ်သောက်သူအများစုဟာ အကြံပေးဆွေးနွေးကုထုံး၊နီကိုတင်းအစားထိုးကုထုံးနဲ့ဆေးဝါးကုထုံးတို့ပေါင်းစပ်ထားတဲ့ကုသမှုကို ခံယူရတဲ့အခါဆေးလိပ်ဖြတ်ဖို့ပိုလွယ်ကူတာတွေ့ရပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:

3 Ways to Protect Your Heart With Type 2 Diabetes. https://www.everydayhealth.com/hs/type-2-diabetes-live-better-guide/protect-your-heart/. Accessed December 4, 2017.

9 ways to protect your heart when diabetes threatens it. https://www.health.harvard.edu/newsletter_article/9-ways-to-protect-your-heart-when-diabetes-threatens-it. Accessed December 4, 2017.

ယခုပုံစံ

31/01/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ



Yun Sandi Nan Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement