backup og meta

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ကျောက်ကပ်ရောဂါ ဟာ ဆီးချိုရောဂါကို ခံစားနေရသူတွေအတွက် အဆိုးဆုံးကြုံနိုင်တဲ့ နောက်ဆက်တွဲပြဿနာ ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါခံစားနေရသူများဟာလည်း ဆီးချိုကြောင့် ဖြစ်တတ်တာ များပါတယ်။ ဆီးချိုနဲ့ ဆက်နွယ်နေတဲ့ အခြားပြဿနာတွေလိုပဲ ရောဂါစတင်ခြင်းရဲ့ ကနဦးလက္ခဏာကို အနည်းငယ်လောက်ပဲ ပြပါတယ်။ လက္ခဏာစပြပြီးချိန်ကနေ ကျောက်ကပ်ကိုထိခိုက်တဲ့ အခြေအနေအထိ ဆယ်နှစ်လောက်လည်း ကြာနိုင်ပါတယ်။

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ။

ကျောက်ကပ်ထိခိုက်ခြင်းလက္ခဏာများ

များသောအားဖြင့် ကျောက်ကပ်အလုပ်ကောင်းကောင်းလုပ်နေသမျှ လက္ခဏာမပြတတ်ပါဘူး။ ကျောက်ကပ်ကို ထိခိုက်လာချိန်မှာ ပေါ်လာနိုင်တဲ့ လက္ခဏာတွေကတော့

  • ခန္ဓာကိုယ်တွင်းမှာ အရည်များစုခြင်း
  • ခြေဖမိုး၊ ခြေကျင်းဝတ်၊ ခြေထောက်များ ဖောရောင်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • အချိန်တိုင်းလိုလို မောပန်းအားနည်းသလို ခံစားရခြင်း
  • မကြာခဏခေါင်းကိုက်ခြင်း
  • အစာအိမ်အောင့်ခြင်း
  • ပျို့ခြင်း၊ အန်ခြင်း
  • အိပ်မပျော်ခြင်း
  • အာရုံစိုက်ရန်ခက်ခဲခြင်း စတာတွေ ဖြစ်ပါတယ်။

ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးခြင်း ဖြစ်နိုင်ခြေ မြင့်စေသော အကြောင်းများ

ဆီးချိုရောဂါရှိသူတွေမှာ ကျောက်ကပ်ကို ကောင်းမွန်အောင်ထိန်းသိမ်းနိုင်ဖို့ စောစီးစွာသိနိုင်ဖို့ လိုအပ်ပါတယ်။ ဆီးချိုရောဂါဖြစ်ပွားရင် ကျောက်ကပ်ဟာ အလုပ်ကို ပိုမိုအားစိုက်လုပ်ဆောင်ရလို့ ဖြစ်ပါတယ်။ ကျောက်ကပ်ကို ထိခိုက်နိုင်စေတဲ့ အခြားအခြေအနေတွေကတော့

  • သွေးပေါင်ချိန်မထိန်းနိုင်ခြင်း
  • သွေးတွင်းဆီးချိုဓာတ်ကို မထိန်းနိုင်ခြင်း
  • အဝလွန်ခြင်း
  • ကိုလက်စထရောများခြင်း
  • ကျောက်ကပ်ရောဂါ/ နှလုံးရောဂါဖြစ်ပွားသည့် မိသားစုရာဇဝင်ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အသက်အရွယ်ကြီးခြင်း စတာတွေ ဖြစ်ပါတယ်။

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ ဖြစ်ပွားရခြင်းအကြောင်းများ

အဓိကအားဖြင့် သွေးတွင်းသကြားဓာတ်ကို နှစ်နဲ့ချီပြီး မထိန်းချုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ တခြားအကြောင်းအရာတွေလည်း ရှိပါသေးတယ်။ ဥပမာ မျိုးရိုးဗီဇဖြစ်ပါတယ်။

ကျောက်ကပ်များဟာ ကိုယ်ခန္ဓာရဲ့သွေးတွေကို သန့်စင်ပေးရတဲ့တာဝန် ထမ်းဆောင်ပါတယ်။ ကျောက်ကပ်တခုမှာ နက်ဖရွန်လို့ခေါ်တဲ့ အစိတ်အပိုင်းပေါင်းများစွာရှိပြီး သွေးကို သန့်စင်ကြပါတယ်။

အကယ်၍ လူတဦးဟာ အမျိုးအစား ၂ ဆီးချိုဖြစ်ပွားနေရင် ကျောက်ကပ်တွေဟာ အလုပ်ပိုလုပ်ရပါတယ်။ အကြောင်းကတော့ သွေးထဲမှာ ပိုလျှံနေတဲ့ ဂလူးကို့စ်တွေကို ဖယ်ထုတ်နေရလို့ ဖြစ်ပါတယ်။ နက်ဖရွန်များဟာ အဆမတန်လုပ်ဆောင်လာရတဲ့အခါ ရောင်ရမ်းလာပြီး ပျက်စီးခြင်း စတင်လာပါတယ်။

နက်ဖရွန်များပျက်စီးလာတဲ့အခါ သွေးထဲကနေ ပုံမှန်ဖယ်ထုတ်ပေးနေရတဲ့ အရာတွေကို ဖယ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ ဥပမာ အယ်လ်ဗျူမင်ဆိုတဲ့ ပရိုတိန်းတမျိုး ဖြစ်ပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့တဲ့အခါ ဆီးထဲမှာ ပါလာပါတယ်။ ဒါကြောင့် ကျောက်ကပ်အလုပ်လုပ်တဲ့ အခြေအနေကို သိချင်ရင် ဆီးနမူနာထဲမှာ အယ်လ်ဗျူမင် ဘယ်လောက်ရှိနေသဲ စစ်ဆေးကြခြင်း ဖြစ်ပါတယ်။

ဒီထက်အခြေအနေပိုဆိုးလာပြီး ကျောက်ကပ်က သွေးသန့်စင်ခြင်းကို မလုပ်ဆောင်နိုင်တော့ရင် စက်ပစ္စည်းအကူအညီနဲ့ သွေးကိုသန့်စင်လာရပါတယ်။ ဒီအခြေအနေကို ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်သွေးသန့်စင်ခြင်း (Renal Dialysis) လို့ ခေါ်ပါတယ်။

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါကို ဘယ်လိုကာကွယ်မလဲ

ဆီးချိုနှင့်ဆက်နွယ်သော ကျောက်ကပ်ရောဂါ ကာကွယ်ဖို့ အကောင်းဆုံးကတော့ အစားအသောက်ကို ချင့်ချိန်ဖို့ပါပဲ။ ဆီးချိုရှိသူတွေအနေနဲ့ သွေးထဲမှာ ဂလူးကို့စ်ဓာတ် မျှတအောင်၊ သွေးတွင်း ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် အလုပ်ကို ပိုမိုလုပ်ဆောင်နေရလို့ ပိုမိုသတိပြုရပါတယ်။ အချိုအဆိမ့်များကို စားသုံးမှုလျှော့ချရပါတယ်။

ဒါ့အပြင် သွေးပေါင်ချိန်ကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျောက်ကပ်ရောဂါအစပျိုးချိန်မှာ သွေးတိုးရင် ပိုဆိုးတတ်ပါတယ်။ သွေးပေါင်ချိန်ကို ထိန်းနိုင်ဖို့

ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ နေ့စဉ် နာရီဝက်ခန့် လမ်းလျှောက်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/type-2-diabetes/kidney-disease Accessed Date 3 September 2020

ယခုပုံစံ

09/08/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

အမျိုးအစား ၁ ဆီးချိုအတွက် စားသောက်မှုပုံစံ


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement