backup og meta

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ကဘာလဲ။

ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဆိုသည်မှာ သကြားဓါတ်များသွေးထဲတွင် ကြာရှည်စွာ မြင့်တက်နေခြင်းကြောင့် အာရုံကြောထိခိုက်ပျက်စီးခြင်းကိုဆိုလို

သည်။

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဆီးချိုရောဂါ၏ ပြင်းထန်သည့် အဖြစ်များသော

နောက်ဆက်တွဲရောဂါတခုဖြစ်သည်။60-70ရာခိုင်နှုန်းသောဆီးချို

ရောဂါသည်များသည် အချို့သော အာရုံကြောရောဂါများကို ခံစား

ရတတ်သည်။ ဆီးချိုကြောင့်ဖြစ်သည့်အဓိကအာရုံကြောရောဂါ4ခုမှာ

Peripheral,autonomic,proximal နှင့်focal တို့ဖြစ်သည်။

လက္ခဏာများ

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Peripheral neuropathy

အဖြစ်အများဆုံးသော ဆီးချိုကြောင့်ဖြစ်သည့် အာရုံကြောရောဂါဖြစ်ပြီး အများအားဖြင့် ခြေလက်များတွင် ဖြစ်ပွား

တတ်သည်။ လက်များ၊လက်မောင်းများ၊ကျောပြင်နှင့်ဗိုက်တွင်လည်း

ဖြစ်ပွားနိုင်သည်။ လက္ခဏာများသည် အပျော့စားမှ ပြင်းထန်သည်

အထိရှိနိုင်ပြီး ညဘက်တွင် ပိုမိုဆိုးဝါးတတ်သည်။ နာကျင်ကိုက်ခဲ

ခြင်း၊ပူစပ်ပူလောင်ဖြစ်ခြင်း၊ထုံကျဉ်နေခြင်း၊ထိတွေ့မှုအာရုံပျောက်သွားခြင်း၊ကြွက်သားအားနည်းခြင်း၊တုံ့ပြန်မှုစနစ်များ

ပျောက်သွားခြင်း စသည်တို့ပါဝင်သည်။ ထိုရောဂါကြောင့် ခြေထောက်တွင် ပိုးဝင်ခြင်း၊အနာများဖြစ်ခြင်းနှင့် ပုံပျက်ပန်းပျက်ဖြစ်ခြင်းစသောပြဿနာများဖြစ်တတ်သည်။

Autonomic neuropathy

ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ၏ ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်ပြီး အတွင်းကလီစာများကို ထိန်းချုပ်သော အာရုံကြောတွင်ဖြစ်ပွားသည်။ အလိုအလျောက်အာ

ရုံကြောစနစ်မှ ထိန်းချုပ်သောကလီစာများတွင်အစာလမ်းကြောင်း

စနစ်၊ချွေးဂလင်းများ၊လိင်အဂါများ၊နှလုံးနှင့်သွေးကြောစနစ်များ၊ဆီးအိမ် စသည်တို့ပါဝင်သည်။

အစာလမ်းကြောင်းစနစ်အားထိန်းချုပ်သော အာရုံကြောကိုထိခိုက်ပါက မျိုမချနိုင်ခြင်း၊ဝမ်းချုပ်ခြင်း၊အစာအိမ်

အလုပ်လုပ်နိုင်စွမ်းနှေးကွေးနေခြင်းစသည်တို့ဖြစ်ပွားစေသော

ကြောင့်ပျို ့ခြင်း၊အန်ခြင်း၊အစာစားချင်စိတ်မရှိခြင်းနှင့် လေအောင့်ခြင်းတို့ကိုလည်းဖြစ်ပွားစေသည်။ အလိုအလျောက်အာရုံကြောစနစ်ရောဂါသည် အမျိုးသားများတွင် လိင်တံမထောင်မတ်နိုင်ခြင်းနှင့်အမျိုးသမီးများတွင် မိန်းမကိုယ်ချောက်ကပ်ခြင်းကဲ့သို့သော လိင်ပိုင်းဆိုင်ရာပြဿနာများကိုဖြစ်စေတတ်သည်။ နှလုံးနှင့်သွေး

ကြောဆိုင်ရာစနစ်အားထိန်းချုပ်သောအာရုံကြောထိခိုက်သွားပါက

သွေးပေါင်နှင့်နှလုံးခုန်နှုန်းတွင် ပြောင်းလဲမှုများဖြစ်ပေါ်စေကာ ဝေဒနာရှင်များကိုမူးဝေစေခြင်း(သို့)မူးလဲစေခြင်းတို့ကိုဖြစ်စေတတ်သည်။

Focal neuropathy

Mononeuropathy ဟုလည်းခေါ်ပြီး အာရုံကြောတခု(သို့)အာရုံကြောအုပ်စုတခုကို ထိခိုက်သွားသော

အခါဖြစ်ပွားသည်။ မျက်နှာ၊ကိုယ်နှင့် ခြေထောက်များတွင် ဖြစ်ပွားတတ်သည်။ ရုတ်တရက်ဖြစ်ပေါ်လာပြီး ပြင်းထန်စွာနာကျင်

စေတတ်သည်။ သို့သော် လ(သို့)ရက်သတပတ်အနည်းငယ်

အတွင်းပျောက်သွားကာ မည်သည့် ထိခိုက်မှုမျိုးကိုမှ ချန်ထားခဲ့မည်

မဟုတ်ပေ။Focal neuropathy ၏လက္ခဏာများသည် ဖြစ်ပွားသောအာရုံကြောအပေါ်တွင် မူတည်ပြီး အမြင်နှစ်ထပ်ဖြစ်ခြင်း၊အာရုံမစိုက်နိုင်ခြင်း၊မျက်လုံးအနောက်တွင် အောင့်ခြင်း၊မျက်နှာတခြမ်းသေခြင်း၊ဒူး(သို့)ခြေထောက်တွင်နာ

ကျင်ကိုက်ခဲခြင်း၊ရင်ဘတ်၊ဝမ်းဗိုက်၊ကျောအောက်ပိုင်း၊တင်ပဆုံဝန်းကျင်၊နှင့် ပေါင်အရှေ့တွင် နာကျင်ကိုက်ခဲခြင်းတို့လည်းပါဝင်သည်။

Proximal neuropathy

အဖြစ်နည်းသော အာရုံကြောရောဂါတခုဖြစ်ပြီး ပေါင်၊တင်ပါး၊တင်ပဆုံ၊ခြေထောက်နှင့်ကိုယ်တခြမ်းတွင် နာကျင်ကိုက်ခဲနေစေသည်။Femoral neuropathy (သို့)diabetic

Amyotrophy တို့သည် ဆီးချိုအမျိုးအစား 2ဖြစ်ပွားနေသော လူကြီးများတွင် ပို၍ဖြစ်ပွားနိုင်သည်။

ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါအား ကုသမှုများ

ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါအတွက် ပျောက်ကင်းစေနိုင်သည့် ကုသမှုမရှိသော်လည်း ကုသမှုဖြင့် ရောဂါ

တိုးတက်မှုအားနှေးကွေးစေနိုင်သည်။ ကုသမှုဖြင့် ဆီးချိုရောဂါသည်၏ အစာမကြေခြင်း၊ဝမ်းချုပ်ခြင်း၊နာကျင်ကိုက်

ခဲခြင်းစသော လက္ခဏာများကို သက်သာအောင်လုပ်ပေးနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

diabetic neuropathy (ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါကြောင့်ကိုက်ခဲမှုများ

ကိုလည်း ဆေးသောက်၍ပျောက်ကင်းနိုင်သည်။Ibuprofen နှင့် acetaminophen ကဲ့သို့သော အလွယ်တကူဝယ်ယူရရှိနိုင်သည့်

ဆေးများသုံးခြင်းဖြင့် အပျော့စားမှ သာမန်အကိုက်အခဲများကို သက်သာစေနိုင်သည်။

အနာသက်သာစေရန်သုံးနိုင်သောအခြားဆေးများမှာ opiod ဆေးများဖြစ်သည်။ အခြားသော ကုသမှုပုံစံများမှာ အလင်းရောင်ဖြင့်ကုသမှု၊လျှပ်စစ်ဖြင့်အာရုံကြောအားနှိုးဆော်ကုသမှု၊(သို့)အပ်စိုက်ကုသမှုတို့ဖြစ်သည်။ ဆီးချိုရောဂါကြောင့်ဖြစ်သောအာရုံကြောရောဂါဖြစ်နိုင်ချေအား လျှော့ချနိုင်သည့် အရေးကြီးဆုံးအရာမှာ သွေးထဲရှိသကြားပမာဏများအား သတ်မှတ်ထားသော ပမာဏအတွင်း ထိန်းချုပ်ထားနိုင်ရန်ဖြစ်သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် ဆေးလိပ်ဖြတ်ခြင်းတို့သည်လည်း ကုသမှုအစီအစဉ်၏ အစိတ်အပိုင်းများပင်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What Is Diabetic Neuropathy? http://www.webmd.com/diabetes/diabetes-neuropathy#1. Accessed February 11, 2017
Diabetic neuropathy. http://www.mayoclinic.org/diseases-conditions/diabetic-neuropathy/basics/definition/con-20033336. Accessed February 11, 2017

ယခုပုံစံ

13/09/2019

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement