backup og meta

ရုရှားဆေးကို အားကိုးရဖွယ်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး ဖန်တီးမှုအခြေအနေ


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုရှားဆေးကို အားကိုးရဖွယ်ရှိနေတဲ့ ကိုဗစ်ကာကွယ်ဆေး ဖန်တီးမှုအခြေအနေ

    ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်တဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကြီးရဲ့ ကိုဗစ်ကာကွယ်ဆေး (COVID-19 Vaccine) ဖန်တီးမှု အစီအစဉ်ကတော့ အဆင်မပြေမှုတချို့ ပေါ်ပေါက်လာတာကြောင့် ရပ်တန့်ထားလိုက်ရပါတယ်။

    ဆေးဝါးကို နောက်ဆုံးအဆင့် စမ်းသပ်မှုတွေပြုလုပ်ချိန်မှာ စမ်းသပ်ခံလူနာတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာတာတာကြောင့် ယခုလိုစမ်းသပ်မှုကို ရပ်တန့်လိုက်တာဖြစ်ပါတယ်။

    ဒီကာကွယ်ဆေးဟာ ချင်ပန်ဇီတွေဆီကနေ ရယူထားတဲ့ Adenovirus ကို အသုံးပြုပြီး အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ပျော့အောင်လုပ်ထားတဲ့ ကာကွယ်ဆေးပါ။ ကိုဗစ်ဗိုင်းရပ်စ်က ထုတ်လုပ်တဲ့ ပရိုတင်းနဲ့ အသွင်တူအောင် ထုတ်လုပ်ထားတာပြီး ကိုယ်ခံအားစနစ်ကို ကိုဗစ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 virus ကို ခုခံတိုက်ထုတ်နိုင်အောင်စီမံခဲ့တာပါ။

    အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်နေတဲ့ ယခု ဆေးဝါးဖန်တီးမှုဟာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိကုန်ကျဖို့ ခန့်မှန်းထားပြီး နာမည်ကျော် ဘီလီယံနာသူဌေးကြီး ဘီလ်ဂိတ်ရဲ့ Bill and Melinda Gates Foundation က ဒေါ်လာ သန်း ၇၅၀ အထိထောက်ပံ့ထားတဲ့ အစီအစဉ်ဖြစ်တာမို့ ဆုံးရှုံးမှုကြီးမားခဲ့ပါတယ်။

    ရုရှားတို့ခြေလှမ်း

    ဒီလိုမျိုးဗြိတိသျှတွေရဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးခြေလှမ်း ရပ်တန့်ထားရချိန်မှာတစ်ဖက်မှာလည်း မကြာသေးခင်ကမှ ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကြေညာထားတဲ့ ရုရှားနိုင်ငံရဲ့ ကာကွယ်ဆေးဟာ ဘေးထွက်ဆိုးကျိုးတွေမရှိဘူးဆိုတဲ့ သတင်းအချက်အလက်ကို ကမ္ဘာ့ထိပ်တန်းကျန်းမာရေးစာဆောင် The Lancet က အတည်ပြုဖော်ပြလိုက်ပါတယ်။

    ရုရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ အဆိုပါ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ရုရှား သိပ္ပံပညာရှင်တွေရဲ့ ပထမဆုံးအစီရင်ခံစာ ထွက်လာခဲ့ပြီး အဆိုပါအစီရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက်တွေကို ဆေးပညာဂျာနယ်ဖြစ်တဲ့ The Lancet ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

    ကနဦး စမ်းသပ်မှုမှာ ပါဝင်ခဲ့တဲ့ လူနာတွေဟာ Sputnik-V လို့အမည်ပေးထားတဲ့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို မခံစားခဲ့ရသလို ကိုယ်ခံစွမ်း အားကိုလည်း မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါကို ကာကွယ်ရေးမှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့နဲ့က အဓိကအကျဆုံးအချက်ဖြစ်တာမို့ ရုရှားတွေရဲ့ ကာကွယ်ဆေးဟာ စိတ်ချရတဲ့အဆင့်ကို ရောက်ရှိသွားပြီလို့ ဆိုရတော့မှာပါ။

    အဆိုပါ ရုရှားထုတ် ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးကို သူတို့တိုင်းပြည်တွင်းမှာ အသုံးပြုဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မှတ်ပုံတင်ခဲ့ပါတယ်။ ကမ္ဘာကိုဖြန့်ဖြူးဖို့ကိစ္စကိုတော့ ရုရှားဘက်က ဖွင့်ဟလာခြင်းမရှိသေးပါဘူး။

    ဒီဆေးဟာ စိတ်ချရတယ်လို့ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သလို သူရဲ့ သမီးဖြစ်သူကိုလည်း အဆိုပါ ကာကွယ်ဆေး ထိုးပေးခဲ့ပါတယ်။

    ရုရှားနိုင်ငံဟာ လာမယ့် နိုဝင်ဘာ (သို့မဟုတ်) ဒီဇင်ဘာလကနေစပြီး ကာကွယ်ဆေး အများအပြား ထုတ်လုပ်သွားမှာဖြစ်ပြီး သူ့နိုင်ငံအတွင်းမှာ ကာကွယ်ဆေး ထိုးပေးသွားမယ့်အစီအစဉ်ကို စတင်တော့မယ်လို့လည်း ကြေညာထားပါတယ်။

    ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကြောင့် အနေအထိုင် အသွားအလာသတိထားနေရတဲ့အပြင် စီးပွားရေးထိခိုက်မှုတွေလည်း ကြုံလာရတာကြောင့် ကာကွယ်နိုင်တဲ့ တစ်ကမ္ဘာလုံးနီးပါးက ကာကွယ်ဆေးနဲ့ ကုသဆေးကို မျှော်လင့်နေကြပါတယ်။

    ရုရှားနဲ့ ဗြိတိန်တို့လိုပဲ တခြားသော ကမ္ဘာအရပ်ရပ်မှာလည်း ကာကွယ်ဆေးဖန်တီးနိုင်ဖို့ ကြိုးပမ်းမှုတွေရှိနေပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ အလားအလာရှိတဲ့ ကာကွယ်ဆေး အမျိုးအစား ၁၆၀ ကျော်လောက်ကို ကမ္ဘာ့တလွှားမှာ လေ့လာ စမ်းသပ်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ကျွမ်းကျင်သူတွေကတော့ ယခုနှစ် ကုန်ပိုင်းလောက်မှာ ကာကွယ်ဆေးတချို့ကို စတင် အသုံးပြုဖို့ အသင့်ဖြစ်မယ်လို့ မျှော်လင့်ထားကြပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement