brand logo
Discover
Health Tools
Communities

Share

ကိုယ်ဝန်မဆောင်သော အမျိုးသမီးများ မျိုးဥအိမ် ကင်ဆာပိုဖြစ်နိုင်သလား

မျိုးဥအိမ်ကင်ဆာသည် အမျိုးသမီးကင်ဆာ များ၏ ၃ ရာခိုင်နှုန်းခန့်ရှိပြီး အခြားအမျိုးသမီး မျိုးပွားအဂါၤကင်ဆာများနှင့်ယှဉ်လျှင် သေနှုန်းမြင့်သော ကင်ဆာလည်းဖြစ်သည်။ ဖြစ်နိုင်ချေတစ်ချက်မှာ ကိုယ်ဝန်ဆောင်ရာဇဝင် နှင့်ပတ်သက်နေသည်။

ကိုယ်ဝန်မဆောင်သော အမျိုးသမီးများ မျိုးဥအိမ် ကင်ဆာပိုဖြစ်နိုင်သလား

မျိုးပွားရာဇဝင်ဟာ မျိုးဥအိမ်ကင်ဆာ ဖြစ်နှုန်းအပေါ်ဘယ်လိုလွမ်းမိုးနေသလဲ။

ကိုယ်ဝန်မယူရန်ရွေးချယ်ရသောအကြောင်းများစွာ ရှိနိုင်ပါသည်။

ဥပမာ_ ငွေကြေး၊ယုံကြည်ချက်၊အနာဂတ်အစီအစဉ် စသည့် အခက်အခဲ များစွာ တို့ကြောင့်ဖြစ်နိုင်ပါသည်။ ဒါပေမယ့် ထိုဆုံးဖြတ်ချက်သည် ကျန်းမာရေးရှုထောင့် အနေနဲ့တော့ အပြည့်အ၀ အကျိုးမရှိနိုင်ပါ။

လေ့လာချက်များအရ ကလေးမမွေးသော၊ အသက်၃၅နှစ်ကျော်မှမွေးသော၊ ကလေးနည်းသော အမျိုးသမီးများတွင် မျိုးဥ အိမ် ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါသည်။ လေ့လာမှုအရ အမျိုးသမီးများ ရာသီလာသည့်အကြိမ်ရေများသည်နှင့် အမျှ မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ချေပိုများပါသည်။ အကြောင်းမှာ အီစထရိုဂျင်ဟော်မုန်း ထိတွေ့မှုများခြင်းကြောင့်ဖြစ်သည်။

ကိုယ်ဝန်ဆောင်၊ကလေးမွေးချိန်တွင် ရာသီမလာသောကြောင့် အီစထရိုဂျင် ဟော်မုန်းနဲ့ ထိတွေ့မှု နည်းစေသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်၊ နို့တိုက်သူများတွင် မျိုးဥအိမ်ကင်ဆာကို ကာကွယ်ပြီးဖြစ်ပါသည်။

မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ခြင်း အခြားအကြောင်းများ

မျိုးဥအိမ်ကင်ဆာသည် အခြားအကြောင်းအရာများပေါ် မူတည်နေသေးပါသည်။ ဦးစွာ အသက်၅၀ (သို့) အသက်၆၃နှစ် အထက်မှသွေးဆုံးသူများသည် မျိုးဥအိမ်ကင်ဆာဖြစ်နိုင်ချေပိုများပါသည်။ ကင်ဆာဖြစ်နိုင်ခြေသည် ပရိုဂျက်စတင် (progestin) တစ်မျိုးတည်းပါသော တားဆေးသောက်သုံးသူများတွင် ၃ ဆမှ ၆ ဆထိ လျော့နည်းပါသည်။

နောက်ဆုံအနေနှင့်ဤကင်ဆာသည် မျိုးရိုးလိုက်တတ်ပါသည်။ အဖေဘက်ရော၊ အမေဘက် မျိုးရိုးပါ ပါဝင်သည်။ ရင်သား (သို့) အူမကြီးကင်ဆာမျိုးရိုးရှိသူများတွင်လည်း ဖြစ်နိုင်ပါသည်။ အကြောင်းမှာ သုံးခုစလုံးတွင် တူညီသော မျိုးရိုးဗီဇပြဿနာရှိသော ကြောင့်ဖြစ်သည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Dr. Kaung Thar · Updated 23/09/2022

Was this article helpful?