backup og meta

Small Intestine Cancer (အူသိမ်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Small Intestine Cancer (အူသိမ်ကင်ဆာ) ကဘာလဲ။

အူသိမ်ကင်ဆာဆိုတာ ရှားပါးတဲ့ရောဂါတခုဖြစ်ပြီး အူသိမ်ထဲက တစ်သျှူးဆဲလ်တွေ ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားတဲ့ရောဂါဖြစ်ပါတယ်။ အထိန်းအချုပ်မရှိ ကြီးထွားလာပြီး အကျိတ်ဖြစ်လာတတ်ပါတယ်။

အူသိမ်ဆိုတာ အစာအိမ်နဲ့ အူမကြီးကို ဆက်သွယ်ပေးထားတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အစာများကိုချေဖျက်ပြီး အဆီဓါတ်၊ ဗီတာမင်ဓါတ်တွေနဲ့ ကိုယ်ခန္ဓါက လိုအပ်တာမှန်သမျှကို စုပ်ယူပေးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အူသိမ်ကင်ဆာဖြစ်ရင် အူသိမ်လမ်းကြောင်းကို ပိတ်ဆို့သွားစေပါတယ်။

အူသိမ်ကင်ဆာ ၅မျိုးရှိပါတယ်။ ကေ့စ်အားလုံးရဲ့ ၃၀-၄၀%လောက် ရှိပါတယ်။ အဒီနိုကာစီနိုးမား အမျိုးအစားဟာ အူသိမ်နံရံတွေမှာ စတင်ပါတယ်။ အစာပိုင်းမှာ သေးငယ်ပြီး ကင်ဆာမဟုတ်တဲ့ အသားပိုပုံစံနဲ့ ထွက်ပေါ်ပေမယ့် နောက်ပိုင်းမှာ ကင်ဆာအဖြစ်ပြောင်းသွားနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေဟာ အူသိမ်ရဲ့ တစ်သျှူးတွေထဲ ပြန့်နှံ့သွားပါတယ်။

ကာစီနွိုက်အကျိတ်အမျိုးအစားကတော့ ဖြည်းဖြည်းချင်းကြီးလာတဲ့ ကင်ဆာမျိုးဖြစ်ပြီး အူသိမ်ရဲ့အောက်ပိုင်းမှာ အမြစ်တွယ်ပါတယ်။ အူအတက်၊ ဒါမှမဟုတ် အစာဟောင်းအိမ်ကိုလည်း ထိခိုက်ပါတယ်။ ဆီရိုတိုနင်ဟော်မုန်းကို အများကြီး ထွက်စေပါတယ်။

GIST အကျိတ်အမျိုးအစားကတော့ ရှားပါးပါတယ်။ တဝက်ကျော်ကျော်လောက်က အစာအိမ်မှာလည်း ဖြစ်ပါတယ်။ ဒီအကျိတ်တိုင်းကတော့ ကင်ဆာမဟုတ်ပါဘူး။

အူလင်ဖိုးမား။ ပြန်ရည်ကြောအဖုမှာ စတင်တတ်ပါတယ်။ ကိုယ်ခံအားချို့ယွင်းသူတွေမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ခံအားကျတာကြောင့် ရောဂါပိုးဝင်ရောက်ခြင်းကို မတားဆီးနိုင်ဘဲ ရောဂါဖြစ်ပွားခြင်း ဖြစ်ပါတယ်။

Small Intestine Cancer (အူသိမ်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

ရှားပါးပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Small Intestine Cancer (အူသိမ်ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ကင်ဆာမှာဆိုရင် အစာအိမ်နေရာက အောင့်ပါတယ်။

အကြောင်းအရင်းသေချာမရှိဘဲ ကိုယ်အလေးချိန်ကျပါတယ်။

ဗိုက်တွင် အလုံးတွေ့ရပြီး ဝမ်းသွားရင် သွေးပါပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Small Intestine Cancer (အူသိမ်ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းသေချာမသိရပါဘူး။

ဖြစ်နိုင်ခြေများ

Small Intestine Cancer (အူသိမ်ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေ ရှိပါတယ်။

  • အသက် (၆၀၀န်းကျင်မှာ ဖြစ်တတ်ကြပါတယ်)
  • ကျား/မ ကွဲပြားမှု (အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်)
  • မျိုးရိုးဗီဇ
  • ဆေးလိပ်၊ အရက်သောက်ခြင်း
  • အဆီစားများခြင်း
  • ဓါတုပစ္စည်းများဖြင့် လုပ်ကိုင်နေရခြင်း
  • အူလမ်းကြောင်းကို ထိခိုက်စေသော အခြားအခြေအနေများ (ဥပမာ ခရွန်းရောဂါ၊ အူမကြီးကင်ဆာ၊ ပြန်ရည်ကြောဖုများရှိ သွေးကြောများ ပျက်စီးခြင်း)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Small Intestine Cancer (အူသိမ်ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ စမ်းသပ်မှုတွေ အသေးစိတ် ပြုလုပ်ပါလိမ့်မယ်။ ရောဂါရာဇဝင်မေးပါလိမ့်မယ်။

ပုံရိပ်ဖော်စစ်ဆေးခြင်းတွေ ပြုလုပ်ပါလိမ့်မယ်။ ကင်ဆာရှိမရှိ သိနိုင်စေပါတယ်။ ဓါတ်မှန်၊ CT၊ MRI စတာတွေ ပါဝင်ပါတယ်။

အစာအိမ်မှန်ပြောင်းကြည့်ခြင်းလည်း ပြုလုပ်နိုင်ပါတယ်။

သေးသွယ်ပြီး ကင်မရာတပ်ထားတဲ့ ပြွန်ရှည်ကို အစာမျိုပြွန်၊ အစာအိမ်ကတဆင့် ထည့်သွင်းပြီး ကြည့်ရှုခြင်း ဖြစ်ပါတယ်။

အောက်ပါနည်းစနစ်တွေလည်း ပါဝင်နိုင်ပါတယ်။

သွေးစစ်ခြင်း။ သွေးထဲမှာ ပါဝင်တဲ့ပစ္စည်းတွေကို စစ်ဆေးခြင်း ဖြစ်ပါတယ်။

အသည်းလုပ်ငန်းစစ်ဆေးခြင်း။ အသည်းကနေ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဘယ်လောက်များလဲ စစ်ဆေးပါတယ်။

ဝမ်းစစ်ခြင်း။ ဝမ်းထဲ သွေးပါမပါ စစ်ပါတယ်။

ပြန်ရည်ကြော အသားစယူခြင်း။ ကင်ဆာဆဲလ်တွေရှိမရှိ စစ်ဆေးပါတယ်။

ခွဲစိတ်ခြင်း။ ဝမ်းဗိုက်ဖွင့်ပြီး ရောဂါအခြေအနေ စစ်ဆေးပါတယ်။

Small Intestine Cancer (အူသိမ်ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

အခြေအနေပေါ် မူတည်ပါတယ်။ ဘာကင်ဆာ အမျိုးအစားလဲ၊ ဘယ်နေရာကို ပြန့်နေသလဲဆိုတာပေါ် မူတည်ပါတယ်။ ခွဲစိတ်မှုကို အများဆုံး ပြုလုပ်ကြပါတယ်။

ကင်ဆာဖြစ်နေတဲ့ အပိုင်းကို ခွဲစိတ်ဖယ်ရှားပါတယ်။ ဒါအမှမဟုတ် အကျိတ်ရှိတဲ့နေရာကို ရှောင်လွှဲစေတဲ့နည်းကို သုံးပါတယ်။

ကင်ဆာကျိတ်တွေကို ဖယ်ထုတ်နိုင်တယ်ဆိုရင်တောင် ဓါတ်ရောင်ခြည်ကုသပါတယ်။ အိက်စ်ရေးရောင်ခြည်သုံးပြီး ကင်ဆာဆဲလ်တွေကို ကုသခြင်း ဖြစ်ပါတယ်။

ကင်ဆာဆေးကို သောက်ဆေးအနေနဲ့ဖြစ်ဖြစ်၊ သွေးကြောကဖြစ်ဖြစ် ပေးပါတယ်။

တခြားကုထုံးအသစ်တွေကိုလည်း စမ်းသပ်နေပါတယ်။ ကုသမှုစမ်းသပ်ခြင်းမှာ ပါဝင်ချင်တယ်ဆိုရင် ဆရာဝန်နဲ့ တွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Small Intestine Cancer Treatment (PDQ®)–Patient Version. https://www.cancer.gov/types/small-intestine/patient/small-intestine-treatment-pdq#section/_96. Accessed October 31, 2017.
What Is Small Intestine Cancer? https://www.webmd.com/cancer/cancer-of-the-small-intestine. Accessed October 31, 2017.

ယခုပုံစံ

16/02/2022

Written by Dr. Thant Zin

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစာအိမ်ပိုး ကြောင့် အစာအိမ်ကင်ဆာ ဖြစ်တတ်တာ သိပါရဲ့လား

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement