backup og meta

ဓါတုကုထုံးလုပ်နေချိန်မှာ အရေပြားနဲ့လက်သည်းပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ရင်သားကင်ဆာ ဆေးသွင်းကုသခြင်းဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ ဆံပင်ကျွတ်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းနဲ့ လက်သည်းခြေသည်း အက်ခြင်းတွေ ကို ဖြစ်စေနိုင်ပါတယ်။ ရင်သားကင်ဆာ လူနာတွေမှာ ဆံပင်တဖြည်းဖြည်း ကျွတ်သွားတာကို ကြည့်ခြင်းဟာ ကြောက်မက်ဖွယ်ရာဖြစ်ပါတယ်။ ဒါကြောင့် ရှောင်လွှဲလို့မရနိုင်တဲ့ ဆိုးကျိုးတွေကို ကာကွယ်ဖို့ နည်းလမ်းအမှန်ကို သိရှိဖို့ လိုပါတယ်။

ဓါတုကုထုံးလုပ်နေချိန်မှာ အရေပြားနဲ့လက်သည်းပြောင်းလဲမှုတွေကို ဘယ်လိုရင်ဆိုင်မလဲ

ကင်ဆာဆေးသွင်းကုသစဉ် အရေပြားထိန်းသိမ်းမှု

ကင်ဆာဆေးသွင်းကုသခြင်းဟာ လူနာရဲ့ အရေပြားကို ခြောက်သွေ့ယားယံစေပါတယ်။ ကုသမှုယူစဉ် လက္ခဏာတွေ ဖြစ်ပေါ်လာတာကို စောင့်နေမယ့်အစား မစခင် တစ်ပါတ်လောက်ကြိုပြီး ပြဿနာတွေကို သက်သာစေသင့်ပါတယ်။ အရေပြား ခြောက်သွေ့ခြင်းဟာ အလှအပဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်သော်လည်း သူဟာ အလွန်ပြင်းထန်နိုင်ပြီး ရောဂါပိုးလည်း ဝင်စေနိုင်ပါတယ်။ အောက်ပါအချက်တွေကတော့ ကုသစဉ် အရေပြား ပြဿနာတွေကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

• ကြာရှည်စွာ ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ကျဉ်ပါ။

• ပျော့ပြီး ဓါတုပစ္စည်းတွေ မပါဝင်နဲ့ ဆပ်ပြာ၊ ဆပ်ပြာမှုန့်တွေကို အသုံးပြုပါ။

• အရေပြား ရေဓါတ်ခန်းခြောက်မှုကို ကာကွယ်ဖို့ လိုးရှင်းအစား moisturiser လိမ်းပါ။

• ကင်ဆာဆေးသွင်းကုသခြင်းဟာ အရေပြားကို နေလောင်ဒဏ်ပိုမို ထိစေနိုင်ပါတယ်။ ဒါကြောင့် UVA နဲ့ UVB rays တွေကနေ ကာကွယ်ပေးနိုင်တဲ့ နေပူခံလိမ်းဆေးတွေကို အသုံးပြုသင့်ပါတယ်။

အရေပြားယားယံခြင်းဟာလည်း ရင်သားကင်ဆာ လူနာအတော်များများ ကြုံတွေ့ရတဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ဆရာဝန်တွေဟာ စတီးရွိုက်တွေ၊ အနာသက်သာစေတဲ့ ဆေးတွေကို အရေပြားပေါ်လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။

အရေပြားဟာ အရောင်ပြောင်းလဲနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ အရောင်ချွတ်တဲ့ ခရင်မ်တွေနဲ salicylic acid ပါဝင်တဲ့ exfoliants တွေကို လိမ်းကြည့်နိုင်ပါတယ်။

အရေပြားပေါ်မှာ အနာတွေ ရှိတဲ့ လူနာတွေဟာ ရေမကူးသင့်ပါဘူး။ နေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ နေရောင်ကာကွယ်တဲ့ ထုတ်ကုန်တွေကို သင့်လျော်စွာ ပုံမှန် သုံးစွဲသင့်ပါတယ်။

ကင်ဆာဆေးသွင်းကုသစဉ် လက်သည်းခြေသည်းကို ဂရုစိုက်ခြင်း

ကင်ဆာဆေးသွင်းကုသစဉ်မှာ ခြေသည်းလက်သည်းတွေဟာ ကြွတ်ဆတ်လွယ်ပြီး ခြောက်သွေ့ကာ လိုင်းတွေ၊ အကြောင်းတွေနဲ့ ပိုမို အရောင်ရင့်လာတတ်ပါတယ်။ ဒီအခြေအနေတွေဟာ ခဏတာဖြစ်ပြီး လပေါင်းများစွာအထိတော့ ဖြစ်နိုင်ပါတယ်။

အချို့ကင်ဆာဆေးတွေဟာ ခြေသည်းလက်သည်းတွေကို လက်ဆီကနေ ပြုတ်ထွက်စေနိုင်ပါတယ်။ ဒီဆေးတွေက လက်သည်းခြေသည်းတွေကို ထိခိုက်စေခြင်းကို ကာကွယ်ဖို့နဲ့ လက်၊ခြေထောက်တွေကို သွေးပိုမို စီးဆင်းစေဖို့ အချို့လူနာတွေဟာ ဆေးသွင်းစဉ်မှာ ခြေ၊လက်တွေကို အထူး အေးအောင်ပြုလုပ်ထားတဲ့ လက်အိပ်တွေကို အသုံးပြုကြပါတယ်။

ခြေသည်းလက်သည်းရောင်ခြင်းဟာ ပိုမိုဆိုရွားလာပြီး အရည်ထွက်လာပြီဆိုရင် ဒါဟာ အန္တရာယ်ရှိတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရောဂါပိုး ဝင်ရောက်နိုင်တာမို့ လူနာတွေဟာ ဆရာဝန်ကို တိုင်ပင်သင့်ပြီး သေချာစွာ ကုသသင့်ပါတယ်။

အိမ်မှာ ကုသမှုအတွက်ကတော့ ရောဂါပိုးဝင်တဲ့ လက္ခဏာရှိတဲ့ လူနာတွေဟာ သူတို့ရဲ့ လက်ချောင်းခြေချောင်းတွေကို အဖြူရောင် ရှာလကာရည်နဲ့ ရေရောထားတဲ့အရည်ထဲကို ညစဉ် ၁၅ မိနစ်လောက် စိမ်ထားပေးသင့်ပါတယ်။

ခြုံပြောရရင် ကင်ဆာလူနာတွေအတွက် ခြေသည်းလက်သည်းနဲ့ အရေပြားမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခြင်းဟာ ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီလက္ခဏာတွေကို သက်သာစေဖို့ မှန်ကန်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့ဟာ အရေးကြီါ်ပါတယ်။ ကိစ္စအတော်များများမှာ ဆုံးဖြတ်ချက် တစ်ခုခုကို မပြုလုပ်ခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

National Cancer Institute NIH, Skin and Nail Changes,

https://www.cancer.gov/about-cancer/treatment/side-effects/skin-nail-changes.

Accessed April 29, 2015.

2. Breastcancer.org, Nail Changes,

http://www.breastcancer.org/treatment/side_effects/nail_changes.

Accessed February 18, 2017.

ယခုပုံစံ

14/07/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ရင်သားကင်ဆာကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုစီမံကြမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ