brand logo
Discover
Health Tools
Communities

Share

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) က ဘာလဲ။

Polyp ဆိုတာ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ Cervical polyp (သားအိမ်ခေါင်းအဖုအကျိတ်) ကတော့ သားအိမ်နဲ့ မွေးလမ်းကြောင်း ကြားမှာရှိတဲ့ သားအိမ်ခေါင်းအတွင်းမှာ ထွက်ပေါ်လာတဲ့ သေးငယ်ရှည်မျောတဲ့ အဖုငယ်များဖြစ်ပါတယ်။ သားအိမ်ခေါင်းဆိုတာ သုက်ပိုးတွေ ဖြတ်သန်းသွားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တယ်။ ကလေးမွေးချိန်မှာတော့ သားအိမ်ခေါင်းက ကျယ်ပြီးပါးလာပါတယ်။ အဲ့ဒီကနေ ကလေးဖြတ်သန်းသွားပါတယ်။

Cervical Polyps  (သားအိမ်ခေါင်းအဖုအကျိတ်)

Polyps တွေဟာ သားအိမ်ခေါင်း သို့ သားအိမ်လမ်းကြောင်းအတွင်းနံရံကနေ သေးငယ်တဲ့အညှာနဲ့ တွယ်ထားတဲ့အရာလေးတွေ ဖြစ်ygတယ်။ တစ်ခုတည်းဖြစ်နိုင်သလို နှစ်လုံး၊ သုံးလုံးလည်း ဖြစ်နိုင်ပါတယ်။

ဒါတွေက ကင်ဆာလည်း မဟုတ်သလို ကင်ဆာဖြစ်လာနိုင်ချေလည်း နည်းပါတယ်။ သားအိမ်ခေါင်းကင်ဆာအများစုက HPV လို့ခေါ်တဲ့ ဗိုင်းရပ်ပိုးတစ်မျိုးကြောင့်ဖြစ်ပါတယ်။

Cervical Polyps က ဘယ်လောက်အဖြစ်များသလဲ

ဟားဘတ်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ကလေးတစ်ယောက်ထက်များတဲ့ အသက် ၄၀ နဲ့ ၅၀ အရွယ်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ ရာသီမလာသေးတဲ့ အမျိုးသမီးငယ်ငယ်လေးတွေမှာ သိပ်ဖြစ်လေ့မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးဟော်မုန်း estrogen များခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။

လက္ခဏာများ

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)ရဲ့ လက္ခဏာတွေက ဘာတွေလဲ

လက္ခဏာတွေကတော့ သိပ်မပြတတ်ပါဘူး။ ဒါပေမယ့် အဖြူ၊ အဝါအရည်တွေ ဆင်းနေမယ်။ ပုံမှန်မဟုတ်ဘဲ ရာသီလာတာတွေ များနေမယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ အထူးသဖြင့်

  • အတူနေပြီးတိုင်း
  • ဓမ္မတာစက်ဝန်းတစ်ခုနဲ့ တစ်ခုကြား
  • သွေးဆုံးပြီးမှ

အရည်ဆင်းမယ်၊ သွေးဆင်းမယ်ဆိုရင်လည်း ဆရာဝန်ပြသင့်ပါတယ်။

ဒီထဲက တချို့လက္ခဏာတွေက ကင်ဆာလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး polyps တွေဟာ ကင်ဆာအစောဆုံးအဆင့်တွေ ဖြစ်နေတတ်တယ်။ ဒါကြောင့် ဖယ်ပစ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါလိမ့်ယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောစီးစီး ရောဂါရှာဖွေပြီး ကုသလိုက်တာက ရောဂါပိုဆိုးတာကို တားဆီးပေးနိုင်တာကြောင့် ပိုမဆိုးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အကြောင်းရင်းများ

Cervical Polyps ကို ဘာတွေကဖြစ်စေသလဲ

ယခုအချိန်ထိ ဘာကြောင့်ဖြစ်လဲဆိုတာကို သေချာမသိကြသေးပါဘူး။ တချို့သီအိုရီတွေအရတော့ –

  • အမျိုးသမီးဟော်မုန်း Estrogen များခြင်း
  • သားအိမ်ခေါင်း၊ မွေးလမ်းကြောင်းနဲ့ နာတာရှည် သားအိမ် ရောင်ရမ်းခြင်း
  • သွေးခဲခြင်းတို့ကြောင့်လို့ ယူဆကြပါတယ်။

ဖြစ်နိုင်ခြေများ

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Estrogen ပမာဏများခြင်း

အမျိုးသမီးတစ်ယောက်ဘဝမှာ estrogen ပမာဏက သဘာဝအလျောက်ကို တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ ကိုယ်ဝန်ဆောင်ကာလနဲ့ သွေးဆုံးခါနီးအချိန်တွေမှာ အများဆုံးဖြစ်တယ်။

တချို့သောဓာတုပစ္စည်းတွေကလည်း estrogen နဲ့ဆင်တူတတ်ကြတယ်။ ဥပမာ အသားတချို့၊ နို့ထွက်ပစ္စည်းတွေမှာ xenoestrogen ဆိုတာတွေပါတတ်ပါတယ်။ ပလတ်စတစ်အိတ်၊ ခွက်တွေနဲ့ စားစရာတွေက အပူနဲ့ ထိတွေ့တဲ့အခါမှာလည်း estrogen တွေထွက်နိုင်ပါတယ်။ တချို့သော လေသန့်ဆေးတွေမှာလည်း estrogen နဲ့တူတဲ့ phthalates ဆိုတာမျိုးတွေပါတတ်ပါတယ်။

ရောင်ရမ်းခြင်း

သားအိမ်ခေါင်းနီရဲရောင်ရမ်းနာကျင်ခြင်းဖြစ်ပြီး အကြောင်းအရင်းတချို့ကတော့ –

  • ဘတ်တီးရီးယားပိုးဝင်ခြင်း
  • HPV ပိုးဝင်ခြင်း
  • ရေယုန်
  • မှိုစွဲခြင်း
  • ကိုယ်ဝန်ဆောင်ချိန်
  • သားပျက်ခြင်း
  • ကိုယ်ဝန်ဖျက်ချခြင်း
  • ဟော်မုန်းအပြောင်းအလဲများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

Cervical Polypsကို ဘယ်လိုအတည်ပြုပါသလဲ

သင့်မှာ ရောဂါရှိနေပြီလို့ ဆရာဝန်က သံသယရှိတယ်ဆိုရင် တချို့သော စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလိမ့်မယ်။ အသားစစစ်ခြင်း၊ တစ်သျှူးစစစ်ခြင်းတွေလုပ်နိုင်ပါတယ်။ တချို့သောရလဒ်တွေက polyp ဆဲလ်တွေ ပြသလို၊ ရှားရှားပါးပါး ကင်ဆာပြောင်းလဲမှုတွေလည်း ရှိရင်ရှိနေနိုင်ပါတယ်။

Cervical Polyps (သားအိမ်ခေါင်းအဖုအကျိတ်)ကို ဘယ်လိုကုသပါသလဲ

တခါတရံမှတော့ာ သူ့ဖာသာသူပြုတ်ထွက်သွားတတ်ပါတယ်။ ဓမ္မတာလာစဉ်၊ အတူနေစဉ်တွေမှာ ဒီလိုမျိုးဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေ မပြမချင်း အရေတကြီး ဖယ်စရာတော့ မလိုပါဘူး။ Polyp ဖယ်ခြင်းက ဆေးခန်းမှာတောင်ဆောင်ရွက်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ကုသနည်းတွေကတော့ –

  • အညှာမှ လိမ်ဖြုတ်ခြင်း
  • အညှာမှာ ကြိုးချည်ပြီး ဖြုတ်လိုက်ခြင်း
  • ဇာဂနာတစ်မျိုးသုံးပြီး ဖယ်ခြင်း

Polyp အခြေကို ဖျက်စီးမယ့်နည်းတွေကတော့ –

  • Nitrogen အရည်
  • လျှပ်စစ်နဲ့ အပူပေးထားတဲ့ အပ်ကိုသုံးပြီး ဖယ်ခြင်း
  • လေဆာနဲ့ ခွဲစိတ်ခြင်း

ဖယ်ပစ်တဲ့အချိန်မှာတော့ နည်းနည်းနာကျင်နိုင်ပြီး နာရီပိုင်းကြာအောင် သာမန်မျှသော ဗိုက်နာခြင်းခံစားရနိုင်ပါတယ်။ တစ်ရက်နှစ်ရက်ကြာအောင် သွေးအနည်းငယ်ဆင်းနိုင်တယ်။

တကယ်လို့ polyp အညှာကအရမ်းကြီးနေတယ်ဆိုရင်တော့ ခွဲစိတ်ဖို့လိုပါလိမ့်မယ်။

Polyp အများစုက ဖယ်ပစ်ပြီးရင် ပြန်မပေါက်တတ်ပါဘူး။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

  • လေဝင်လေထွက်ကောင်းသော ချည်အတွင်းခံဝတ်သင့်ပါတယ်။ အပူနဲ့ အစိုဓာတ်တွေကို ထိန်းသိမ်းပေးပါလိမ့်မယ်။
  • ကွန်ဒုံးသုံးပါ။
  • ပုံမှန်သားအိမ်ခေါင်းစစ်ဆေးခြင်း၊ တခြားသော စမ်းသပ်ခြင်းများ ပုံမှန်ခံယူပါ။

တခြားသိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်သင့်ပါတယ်။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Hello Sayarwon Panel · Updated 25/01/2023

Was this article helpful?