backup og meta

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ

    သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ အမျိုးသမီးတိုင်းအတွက်  အရေးကြီးပါတယ်။ စစ်ချင်ပေမယ့် သေချာမသိတာကြောင့် မစစ်ဆေးရဘူးဆိုတာ မဖြစ်လေအောင် အမေးများတဲ့ မေးခွန်းတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

    မေး ၁။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ဆိုတာ ဘာလဲ။

    သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းဆိုတာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ခြေရှိတဲ့  သားအိမ်ခေါင်းက ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို စစ်ဆေးခြင်း (သို့) သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေများသော HPVပိုး အမျိုးအစားများကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။

    မေး ၂။ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်တာလဲ။

    သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းဟာ အင်မတန်မြန်ပြီး ရိုးရှင်းပါတယ်။ အမျိုးသမီးအနေနဲ့ စမ်းသပ်မှုပြုလုပ်မယ့် ခုတင်ပေါ်မှာ လဲလျောင်းရပါမယ်။ မိန်းမကိုယ်ထဲကိုမြင်ရဖို့ ဘဲနှုတ်သီးပုံစံကိရိယာကို အသုံးပြုပါတယ်။ ဒါမှသာ သားအိမ်ခေါင်းကို ရှင်းလင်းစွာမြင်ရမှာဖြစ်ပါတယ်။ သားအိမ်ခေါင်းရှိ ဆဲလ်များကို ထိပ်တွင် အမွေးပါသော အချောင်းအတံလေးတစ်ခုဖြင့် (သို့မဟုတ်) အခြားသော သင့်လျော်တဲ့ကိရိယာဖြင့် ထုတ်ယူပါတယ်။

    ပြီးရင်တော့ သားအိမ်ခေါင်းမှာရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေနဲ့ ကင်ဆာဖြစ်နိုင်ခြေများစေသော  HPVပိုးများကို ဓာတ်ခွဲစစ်ဆေးနိုင်ရန် ဓာတ်ခွဲခန်းကို ပို့ပါတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို PAP test HPV နှင့် DNA test တို့ဖြင့် စစ်ဆေးပါတယ်။ စစ်ဆေးမှု (၂) မျိုးလုံးအတွက် သားအိမ်ခေါင်းမှ အချွဲကို ယူပြီး စစ်ဆေးပါတယ်။

    • Pap test လို့ခေါ်တဲ့ စစ်ဆေးမှုကတော့ သားအိမ်ခေါင်းမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ရှိ၊မရှိ စစ်ဆေးပေးပါတယ်။
    • HPVပိုး စစ်ဆေးမှုကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ များစေတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေကို စစ်ဆေးပေးပါတယ်။

    မေး ၃။ ဘယ်လို သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုတွေ လုပ်သင့်လဲ။ ဘယ်နှကြိမ် လုပ်သင့်လဲ။

    အသက်၂၁-၂၉နှစ်ထိ ဆိုရင် သားအိမ်ခေါင်းအချွဲ (Pap test) ကို ၃နှစ်တစ်ခါ စစ်သင့်ပါတယ်။ အသက် ၃၀ကျော်လာရင်တော့ သားအိမ်ခေါင်းအချွဲကို ၃နှစ်တစ်ခါ စစ်တာ ဒါမှမဟုတ် HPV testကို ၅နှစ်တစ်ခါ သူ့ချည်းသက်သက်  ဒါမှမဟုတ် သားအိမ်ခေါင်းအချွဲနဲ့ တွဲပြီး စစ်သင့်ပါတယ်။

    2020 ACS guidelines မှာတော့ ၂၅နှစ်ကနေ ၆၅နှစ်ကြား အမျိုးသမီးတွေက HPV test ကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။  ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။ ဖြစ်နိုင်ခြေ များတဲ့သူတွေကလည်း ဒီအသက်ထက် စောပြီး စစ်ရပါမယ်။

    HPV testကလည်း သီးသန့်မဟုတ်ပါဘူး။ သားအိမ်ခေါင်း အချွဲယူရင်းတစ်ခါတည်း စစ်လို့ရပါတယ်။ Pap testက ပုံမှန်မဟုတ်တဲ့ ဆဲလ်ရှိမရှိကို စစ်တာဖြစ်ပြီး HPV testက ဗိုင်းရပ်စ်ကို စစ်တာဖြစ်ပါတယ်။

    မေး ၄။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း ကို ဘယ်တော့ရပ်ရမလဲ

    အသက် ၆၅နှစ်ကျော်ပြီး ရှေ့အဖြေတွေကောင်းတယ်ဆိုရင်တော့ ဆက်စစ်ဖို့ မလိုတော့ပါဘူး။

    မေး ၅။ သားအိမ်ထုတ်ထားသူတွေမှာ သားအိမ်ခေါင်းကင်ဆာ စစ်ဆေးဖို့လိုလား။

    အကယ်၍ သင့်ဆရာဝန်က သားအိမ်ထုတ်တုန်းက သားအိမ်ခေါင်းကိုပါ တစ်ခါတည်း ထုတ်လိုက်တာသေချာရင်၊ နောက်ပြီး သားအိမ်နဲ့ သားအိမ်ခေါင်းကို ထုတ်လိုက်တဲ့အချိန်တုန်းက သားအိမ်ခေါင်းမှာ ဘာပြဿနာမှ မရှိဘူးဆိုရင်၊ ကင်ဆာကြောင့် ထုတ်တာ မဟုတ်ဘူးဆိုရင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ မလိုတော့ပါဘူး။

    တကယ်လို့ သင်က သားအိမ်ခေါင်းဖြစ်နိုင်ခြေ များတဲ့သူ၊ ကင်ဆာကြောင့် သားအိမ် သို့ သားအိမ်ခေါင်းကို ထုတ်လိုက်ရတဲ့သူဆိုရင်တော့ ဆက်စစ်ဖို့ လိုပါတယ်။

    မေး ၆။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းအဖြေ ပုံမမှန်ဘူးဆိုရင် ဘာတွေဖြစ်နိုင်လဲ။

    တစ်ခါတလေ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေ ပုံမှန်မဟုတ်တာမျိုး အဖြေထွက်နိုင်ပါတယ်။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုအဖြေပုံမမှန်ဘူးဆိုတာနဲ့ ကင်ဆာဖြစ်နေပြီလို့ တန်းပြောလို့မရပါဘူး။

    တစ်ခုသိထားရမှာက သားအိမ်ခေါင်းဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေက သူ့ဘာသာသူ အလိုအလျောက် ပုံမှန်အခြေအနေပြန်ရောက်ပြီး ပြန်ကောင်းသွားနိုင်ပါတယ်။ တကယ်လို့ သားအိမ်ခေါင်းဆဲလ်ပုံမမှန်ပြောင်းလဲမှုတွေက ပုံမှန်ပြန်မဖြစ်ဘူးဆိုရင်တောင် ကင်ဆာဖြစ်လောက်တဲ့ထိ ပြောင်းလဲမှုတွေဖြစ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။

    ဒါကြောင့် သင့်စစ်ဆေးမှုအဖြေမှာ ပုံမှန်မဟုတ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ အသေးစိတ်သိရဖို့ နောက်ထပ်စစ်ဆေးမှုတွေ ထပ်လို့ဖို့လိုကောင်းလိုအပ်ပါလိမ့်မယ်။

    ဥပမာ ပုံမမှန်ပြောင်းလဲမှုတွေ ဘယ်လောက်ထိ ဆိုးရွားနေပြီလဲဆိုတာ သိရဖို့ Colposcopy(သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း) ပြုလုပ်ရန် လိုအပ်နိုင်ပါတယ်။

    မေး ၇။ သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း အဖြေတွေက ဘယ်လောက်တိကျလဲ။

    တခြားစစ်ဆေးမှုတွေလိုပဲ သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကလည်း အမြဲတမ်းတော့ မတိကျနိုင်ပါဘူး။ အဖြေလွဲတာကို တတ်နိုင်သမျှရှောင်ကြဉ်နိုင်ဖို့အတွက်  သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုမပြုလုပ်မီ (၂)ရက်အလိုကတည်းက

    ရာသီလာနေတယ်ဆိုရင်လည်း ဆရာဝန်ကို ကြိုပြောပြသင့်ပါတယ်။ တကယ်လို့ ရှေ့ရက်တွေမှာ လိင်ဆက်ဆံမှု ရှိထားတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement