backup og meta

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

၂၀၁၆ ခုနှစ်မှာ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ခန့်မှန်းချက်အရ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးပေါင်း ၁၂၉၉၀ ရှိနေပြီး သေဆုံးနိုင်ခြေက ၄၁၂၀ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်လည်း လူတွေက သားအိမ်ခေါင်းကင်ဆာကို ဂရုစိုက်လာကြတာ သိသာပါတယ်။ အခု ပြောပြသွားမှာက သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ပေးမယ့် အချက်လေးတွေပါ။ ကဲ ….. သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း အကြောင်း လေ့လာလိုက်ရအောင်နော်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ ပြောကြားချက်အရ အောက်ပါ အချက်တွေ လိုက်နာတဲ့ အမျိုးသမီးတွေက သားအိမ်ခေါင်းကင်ဆာကို ရှိမှန်း စောစောစီးစီးသိရတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကို လိုက်နာပေးခြင်းက ကင်ဆာ စဖြစ်ဖြစ်ချင်း သိနိုင်တဲ့အတွက် ကြိုတင်ကာကွယ်ပြီး ကင်ဆာကို အဆင့်ပိုမတက်လာအောင် လုပ်လို့ ရပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း

သားအိမ်ခေါင်းကင်ဆာ ကာကွယ်နည်း မှာ အဓိကကျတာ နှစ်နည်း ရှိပါတယ်။ တစ်ခုက ကာကွယ်ဆေးထိုးတာ၊ နောက်တစ်ခု ဆေးစစ်တာပါ။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ HPV လို့ခေါ်တဲ့ Human papillomavirus အတွက် ထုတ်ထားတဲ့ ကာကွယ်ဆေးပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာရဲ့ ၉၀ရာခိုင်နှုန်းလောက်က HPV ကြောင့် ဖြစ်တာပါ။

HPV  ကာကွယ်ဆေးကို အသက် ၉နှစ်ကစပြီး ထိုးလို့ရပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော ထိုးလို့ ရပေမယ့် လက်ရှိမှာ မိန်းကလေးတွေကို ဦးစားပေးပြီး ထိုးပေးပါတယ်။ ၉နှစ်ကနေ ၁၄နှစ်ထိဆို ၆လ ဒါမှမဟုတ် ၁နှစ်ခြားပြီး ၂ကြိမ်ထိုးရပါတယ်။ ၁၅နှစ်ကနေ ၂၇နှစ်ထိကတော့ ၃ကြိမ်ထိုးရပါတယ်။ ၂၇နှစ်နဲ့ အထက်တွေမှာ ကာကွယ်ဆေး ထိုးမယ်ဆိုရင် အာနိသင်ရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးတာကတော့ အမျိုးသမီးတိုင်း လုပ်သင့်ပါတယ်။ ကာကွယ်ဆေးထိုးထားရင်လည်း လုပ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးတွေက အဖြစ်များတဲ့ HPVကိုပဲ ကာကွယ်ပေးနိုင်တာကြောင့်ပါ။

2020 ACS guidelines အရဆိုရင်

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးပြီဖြစ်စေ၊ မထိုးရသေးဘူးဖြစ်စေ အသက် ၂၅နှစ်ကနေ စစစ်သင့်ပါတယ်။

  • ၂၅နှစ်ကနေ ၆၅နှစ်အတွင်း အမျိုးသမီးတွေက

HPV test ကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။  ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။

  • ၆၅နှစ်ကျော်သွားရင်တော့ ရှေ့အဖြေတွေကောင်းတယ်ဆိုရင် ဆက်မစစ်တော့ပါဘူး။

HPV testဆိုတာ သားအိမ်ခေါင်းအချွဲကနေ HPVဗိုင်းရပ်စ်ကို ရှာတာပါ။ Pap testဆိုတာကတော့ သားအိမ်ခေါင်းအချွဲကနေ ပုံမှန်မဟုတ်တဲ့၊ ကင်ဆာပြောင်းနိုင်တဲ့ ဆဲလ်တွေ ပါမပါ ရှာတာပါ။ HPV/Pap cotest ကတော့ ၂မျိုးပေါင်း စစ်တာပါ။

သားအိမ်ခေါင်းဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေ (ဥပမာ ကိုယ်ခံအား မကောင်းတဲ့သူ၊ HIV ရှိသူ၊ ကိုယ်အင်္ဂါအစားထိုးထားသူ၊ စတီးရွိုက်ကို ကြာကြာသုံးထားတဲ့သူ) တွေက ပိုပြီးသတိထားသင့်ပါတယ်။ ပိုပြီးတော့လည်း စစ်ဆေးဖို့ လိုပါတယ်။

သားအိမ်ရော သားအိမ်ခေါင်းရော ထုတ်ထားတဲ့ အမျိုးသမီးတွေမှာ ကင်ဆာကြောင့် ထုတ်ထားတာ မဟုတ်ဘူးဆိုရင် ဆက်မစစ်လည်း ရပါတယ်။ ဒါပေမယ့် သားအိမ်ပဲ ထုတ်ထားပြီး သားအိမ်ခေါင်းကျန်ရင်တော့ ဆက်စစ်ရပါမယ်။

သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုရဲ့ အရေးကြီးပုံများ

သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းက မဖြစ်ခင် ကြိုသိနိုင်ပြီး ကြိုတင် ကုသပျောက်ကင်းနိုင်တဲ့ အခွင့်အရေး များစွာ ရှိပါတယ်။ စစ်ဆေးခြင်းက သားအိမ်ခေါင်းဆဲလ်တွေ ပြောင်းလဲလာခြင်း (ကင်ဆာ မဖြစ်ခင် အဆင့်) ကို ဖြစ်ဖြစ်ချင်း သိနိုင်တဲ့အတွက် ကင်ဆာဖြစ်တဲ့ဆီ မရောက်ဘဲ တားဆီးနိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာက စောစော ကြိုသိခဲ့ရင် ကုသရလွယ်တဲ့ ကင်ဆာပါ။ လွန်ခဲ့တဲ့ နှစ်၃၀အတွင် US မှာ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်းအထိ လျော့သွားပါတယ်။ ဒါက Pap test ရဲ့ ထိရောက်မှုလို့လည်း ယုံကြည်ကြပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုက အကျိုး အများကြီး ရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ အမျိုးသမီး အရေအတွက်က သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှု မလုပ်ကြတဲ့ နေရာတွေမှာ ပိုများပါတယ်။

သေဆုံးနှုန်း မြင့်ပေမယ့် သားအိမ်ခေါင်းကင်ဆာက စောစောသိရင် ကုရလွယ်တဲ့ ကင်ဆာတွေထဲမှာ ပါပါတယ်။ သားအိမ်ခေါင်းကင်ဆာဖြစ်တော့မယ့် အခြေအနေ စနေပြီဆိုရင်တောင်မှ သားအိမ်ခေါင်းကင်ဆာအထိ ပြောင်းမသွားခင် ကုသပျောက်ကင်းနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.cancer.org/cancer/cervicalcancer/moreinformation/cervicalcancerpreventionandearlydetection/cervical-cancer- prevention-and-early-detection-cervical-cancer-screening-guidelines

http://www.cancerresearchuk.org/about-cancer/type/cervical- cancer/about/cervical-cancer- screening

http://www.cancer.org/cancer/cervicalcancer/moreinformation/cervicalcancerpreventionandearlydetection/cer

 

ယခုပုံစံ

23/01/2023

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

HPVဗိုင်းရပ်စ်က သင့်ရဲ့ကလေးတွေကိုဘယ်လို ထိခိုက်စေနိုင်သလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ

သင့်လိင်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကို ဒီအရာကဖျက်ဆီးနိုင်ပါတယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/01/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ