ရင်သားကင်ဆာကိုရှောင်ကြဉ်ရန် ရင်သား၂ဖက်လုံးကို ဖယ်ရှားသည့် လုပ်ဆောင်ချက်ကို ကြိုတင်၍ ရင်သားဖြတ်ခြင်း(mastectomy) ဟုခေါ်ပါသည်။ ရင်သားကင်ဆာဖြစ်နှုန်းမြင့်သည့် အမျိုးသမီးအချို့သည် နောင်ဖြစ်မည့် ရောဂါကိုရှောင်ကြဉ်ရန် ရည်ရွယ်ချက်ဖြင့် ဤခက်ခဲသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ကြသည်။ ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းတွင် ရင်သားကင်ဆာဖြစ်လာနိုင်သည့် ရင်သားရှိကင်ဆာတစ်ရှူးအားလုံးကိုဖယ်ရှားခြင်းဖြစ်သည်။
ကြိုတင်ကာကွယ်၍ ရင်သားဖြတ်ခြင်းဆိုသည်မှာဘာလဲ။
ရင်သားကင်ဆာဖြစ်နှုန်းမြင့်သူများသည် ရင်သားတစ်ဖက်(သို့) ၂ဖက်လုံးကို ဖြတ်ခြင်းပြုလုပ်ရမည်။ ရင်သားကင်ဆာ မိသားစုရာဇဝင်ရှိသည့် အမျိုးသမီးများတွင် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကရင်သားကင်ဆာဖြစ်နှုန်းကို ၉၀ရာခိုင်နှုန်းထိလျှော့ချနိုင်သည်။ သိပ္ပံသုတေသနနည်းအရ BRCA1 (သို့) BRCA2 ချို့ယွင်းဗီဇကိုသယ်ဆောင်ထားသည့် အမျိုးသမီးများတွင် ရင်သားကိုဖယ်ထုတ်ပြီးနောက် ၉၅ရာခိုင်နှုန်းထိအသက်ရှင်နှုန်းမြင့်လာသည်ကိုတွေ့ရသည်။
ရင်သားကင်ဆာဖြစ်နှုန်းလျှော့ချရန် ကြိုတင်၍ ရင်သားဖြတ်သင့်သလား။
အသက်အရွယ်ကြီးမှုနှင့် လိင်အမျိုးအစားကအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ်နှုန်းမြင့်စေသည် ဖြစ်သည်။ အခြားဖြစ်နိုင်သည့် အချက်များရှိသော်လည်းအောက်ပါအချက်များကိုစဉ်းစားသင့်ပါသည်။
- ရင်သားကင်ဆာရာဇဝင်ရှိသည့် မိသားစုရှိခြင်း။ သင့်တွင် ရင်သားကင်ဆာဖြစ်ဖူးသည့် ဆွေမျိုးတစ်ယောက်နှင့် အထက်ရှိပါက ဖြစ်နှုန်းပိုမြင့်ပါသည်။
- ရင်သားတစ်ဘက်တွင် ကင်ဆာရှိခဲ့ခြင်း။ ကင်ဆာမဖြစ်သည့် ရင်သားကိုကင်ဆာဆဲလ်ရှိသည့် ရင်သားနှင့် အတူတစ်ချိန်တည်းတွင်ဖယ်ရှားပါ။ သင့်တွင်ရင်သားကင်ဆာဖြစ်နှုန်းမြင့်ပါက ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကနောက်ထပ်ကင်ဆာဖြစ်နှုန်းကိုလျှော့ချပေးသည်။ သို့သော်သည် နည်းလမ်းသည် လုံးဝဥဿုံထိရောက်သည်တော့မဟုတ်ပါ။
- BRCA1, BRCA2, PALB2, CDH1, PTEN(သို့) TP53 ဗီဇများစစ်ဆေးရာတွင် ချို့ယွင်းချက်များရှိနေခြင်း။
- နို့ထုတ်လုပ်သည့် ဂလင်းများတွင်ပုံမမှန်သောဆဲလ်များရှိခြင်း။ Lobular carcinoma in situဆိုသည်မှာနို့ထုတ်လုပ်သည့် ဂလင်းများတွင်ဖြစ်သောပုံမမှန်သည့် အခြေအနေပင်ဖြစ်သည်။ LCISသည် ကင်ဆာအမျိုးအစားမဟုတ်သော်လည်းထိုးဖောက်တိုက်စားသည့် (invasive) ကင်ဆာမျိုးဖြစ်နှုန်းမြင့်ခြင်းကို ပြပါသည်။
- ဓါတ်ရောင်ခြည်ကုသမှုရှိခဲ့ခြင်း။ အကယ်၍သင်သည် ငယ်ရွယ်စဉ် ၁၀-၃၀ကြား ဓါတ်ရောင်ခြည်ကုသမှု ကြုံတွေ့ပါကကင်ဆာဖြစ်နှုန်းကိုပိုမြင့်တက်စေပါသည်။
- သင်(သို့) သင်ချစ်သည့် သူတွင် ရင်သားကင်ဆာရှိသည်ဟုသိရှိလျှင် နည်းလမ်းများကိုချင့်ချိန်ရန် အချိန်အနည်းငယ်ယူရန် အရေးကြီးသည်။ ကာကွယ်၍ ရင်သားဖြတ်ထုတ်ထားသည့် အမျိုးသမီးများသည် ကင်ဆာကိုနောက်တစ်ကြိမ်ရင်ဆိုင်ရန် အလွန်စိုးရိမ်ကြောင်း ဝန်ခံကြပါသည်။ ကံကောင်းစွာဖြင့် ကြိုတင်ရင်သားဖြတ်ထုတ်ခြင်းကဤကြောက်ရွံမှုကိုသက်သာစေပါသည်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]