backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရင်သားကင်ဆာ - မိမိကိုယ်ကို စမ်းသပ်နည်းနှင့် ဓါတ်ခွဲစမ်းသပ်နည်းများ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရင်သားကင်ဆာ - မိမိကိုယ်ကို စမ်းသပ်နည်းနှင့် ဓါတ်ခွဲစမ်းသပ်နည်းများ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေကြားမှာ အဖြစ်အများဆုံး ကင်ဆာတစ်ခုဖြစ်ပြီး အမျိုးသမီး ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်း အထိ ခံစားနေရပါတယ်။ ရင်သားကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ စောစီးစွာ တွေ့ရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ရင်သားတွေကို ပုံမှန် စမ်းသပ်စစ်ဆေးခြင်းဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောစောသိရှိနိုင်ပါတယ်။ အမျိုးသမီးတွေ စမ်းသပ်နည်းဟာ အတော်ရိုးစင်းပါတယ်။

ကိုယ်တိုင် စမ်းသပ်ခြင်း

လဲလျောင်းနေစဉ်

ပက်လက်လှဲပြီး ညာပုခုံးရဲ့အောက်မှာ ခေါင်းအုံးတစ်ခုကို ထားလိုက်ပါ။ ဘယ်ဘက်လက်မှာ လက်သုံးချောင်းနဲ့ အနည်းငယ်ဖိပြီး စက်ဝိုင်းပုံသဏ္ဍန် အပေါ်ကနေ အောက်ကို စမ်းသပ်ပါ။ ရင်ညွန့်ရိုးရဲ့ အပေါ်ပိုင်းနဲ့ အောက်ပိုင်း၊ ချိုင်းကြားတွေမှာ ရင်သားပြောင်းလဲမှုတွေကို အာရုံခံပါ။ ဘယ်ဘက်ရင်သားစမ်းသပ်ဖို့အတွက် ညာဘက်လက်ကို အသုံးပြုပါ။

မှန်ကို အသုံးပြုပါ။

လက်ကို ခေါင်းနောက် (သို့) ဘေးမှာ ထားပါ။ ရင်သားနှစ်ဖက်လုံးမှာ ပုံမမှန်မှုတွေ၊ အရည်ထွက်မှုတွေ၊ အရေပြား အထဲဝင်ခြင်း၊ နို့သီးခေါင်းပုံ မမှန်ခြင်း တွေကို စစ်ဆေးကြည့်ပါ။ အရည်ထွက် မထွက်သိစေဖို့ နို့သီးခေါင်းကို ညှစ်ကြည့်ပါ။

ရေချိုးစဉ်မှာ ကြည့်ပါ။

ညာဘက် လက်မောင်းနဲ့ လက်ကို ကုပ်ပိုးမှာထားပါ။ ဘယ်ဘက်လက်ချောင်းတွေနဲ့ ညာဘက်ရင်သားတွေကို အကျိတ်ရှိမရှိ၊ အရေပြား ပြောင်းလဲမှုရှိမရှိ စစ်ဆေးပါ။ ဒီလို ပုံစံအတိုင်း ဘယ်ဘက် ရင်သားကိုလည်း ပြုလုပ်ပေးပါ။

ဓါတ်ခွဲခန်း စစ်ဆေးမှုများ

ကိုယ်တိုင်စမ်းသပ်ခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိဖို့ အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ ဒါပေမယ့် ပိုမိုတိကျတဲ့ အဖြေတွေ ရရှိချင်ရင်တော့ အမျိုးသမီးတွေဟာ ဆေးရုံ (သို့) ဆေးခန်းတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေကတော့ ရင်သားကင်ဆာကို အတည်ပြုပေးနိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

FNA – Fine needle aspiration

ဆဲလ်တွေကို စစ်ဆေးဖို့အတွက် သေးငယ်တဲ့အပ်ကို ယူပြီး လိုအပ်တဲ့ ဆဲလ်ပမာဏကို စုပ်ယူခြင်း ဖြစ်ပါတယ်။ ပိုမိုထူပြီး သေးတဲ့ အကျိတ်တွေ အတွက်ကတော့ အကျိတ်ရဲ့ ရောဂါပုံစံကို ပိုမိုသိရှိစေဖို့အတွက် ကြီးကြီး လှီးနိုင်ပါတယ်။ ရင်သားကင်ဆာမှာ ဆဲလ်တွေဟာ ကင်ဆာဆဲလ်တွေ ဟုတ်မဟုတ်၊ အခြားနေရာတွေကို ပြန့်မပြန့် ခွဲခြားနိုင်ပါတယ်။ ဒါဟာ ရိုးရှင်းတဲ့ ခွဲစိတ်မှု တစ်ခုဖြစ်ပြီးတော့ နာကျင်ခြင်းမရှိသလို မေ့ဆေးပေးဖို့လည်း မလိုအပ်ပါဘူး။

အကျိတ်တစ်ခုလုံး အသားစ ယူခြင်း

သူ့ကို ရောဂါလက္ခဏာတွေကလည်း ကင်ဆာမဟုတ်လို့ အတည်မပြုနိုင်သလို စုပ်ထုတ် စစ်ဆေးခြင်းကလည်း ရင်သားကင်ဆာလို့ အတည်မပြုနိုင်တဲ့ အခြေအနေတွေမှာ အသုံးပြုပါတယ်။ အာထရာဆောင်းကြည့်ပြီး ထုံဆေးနဲ့ အသားစ ယူနိုင်ပါတယ်။ ဆေးရုံတက်စရာ မလိုပါဘူး။ ဒါပေမယ့် အခုခေတ်မှာတော့ FNA က ပိုမိုတိကျတဲ့ အဖြေထွက်တယ်ဆိုတာ သိလာကြတာကြောင့် အကျိတ်တစ်ခုလုံး အသားစယူခြင်းကို လုပ်တာနည်းလာကြပါတယ်။

ဆဲလ် စစ်ဆေးခြင်း

ဒီစစ်ဆေးမှုဟာ အကျိတ်တွေတင်မကပဲ ပြန်ရည်ကျိတ်တွေ အတွက်လည်း အသုံးပြုနိုင်ပြီး ကုသမှုမပြုခင် လိုအပ်တဲ့ ရုပ်သွင်ကို သိရှိစေဖို့ အသုံးပြုပါတယ်။ ဒီစစ်ဆေးမှုဟာ ကုသမှုကို တုန့်ပြန်ခြင်း ရှိမရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။ estrogen receptor ကို ရှာဖွေခြင်း၊ free estradiol ပမာဏကို သွေးအတွင်း တိုင်းတာခြင်း

အထက်ဖော်ပြပါ နည်းတွေမှာ မပါဝင်ပဲ အခြားရောဂါအတည်ပြုနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန်၊ အာထရာဆောင်း၊ မမ်မိုဂရမ်ရင်သားသီးသန့် ဓါတ်မှန်ရိုက်ခြင်း (Mammongram) အစရှိတာတွေ ပါဝင်ပါတယ်။

ရောဂါအတည်ပြုခြင်းနဲ့ စောစီးစွာ ရောဂါတွေ့ရှိခြင်းဟာ ရင်သားကင်ဆာနဲ့ အခြားကင်ဆာကုသခြင်းမှာ အလွန်အရေးကြီးပါတယ်။ ရင်သားကင်ဆာ စစ်ဆေးမှုကို အသက် ၃၅ နှစ်ကစပြီး ရောဂါလက္ခဏာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ နှစ်တိုင်းပြုလုပ်သင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement