backup og meta

ရင်သားကင်ဆာခွဲစိတ်ကုသပြီးနောက် ပြန်လည်ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်း နှင့်အာဟာရ

ရင်သားကင်ဆာ ခွဲစိတ်မှု အပြီးမှာ လူနာတွေဟာ သူတို့ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာတော့ ပြန်ကောင်းလာဖို့ ကူညီပေးတဲ့ လေ့ကျင့်ခန်းတွေနဲ့ အစားအသောက်တွေကို ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း

ရင်သားကင်ဆာခွဲစိတ်မှု ယူထားတဲ့ လူနာတွေဟာ သူတို့လက်မောင်းနဲ့ ပုခုံတွေကို ပုံမှန် ပြန်ဖြစ်စေဖို့ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ပုခုံးမှာ မာနေခြင်း (သို့) တင်းကျပ်နေခြင်းကို လျော့ကျစေပါတယ်။ သင့်ဆရာဝန်က သင့်အတွက် အကောင်းဆုံးနည်းကို ရွေးချယ်စေမှာ ဖြစ်ပါတယ်။

• ခွဲစိတ်ပြီး ပထမ နှစ်ပတ်အတွင်း – လက်ကို ပုခုံးအထက်ကျော်ပြီး မြှောက်ခြင်း နဲ့ သကြားအိတ် တစ်အိတ်ထက် ပိုလေးတဲ့ အရာတွေကို မခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ ခွဲထားတဲ့ဘက်နဲ့ အရာဝတ္ထုတွေကို တွန်းခြင်း၊ ဆွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။

ခွဲစိတ်ပြီးရင် ရင်သားကင်ဆာ လူနာတွေ ဆရာဝန် ခွင့်ပြုချက်နဲ့ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ ရှိပါသေးတယ်။ ဒါတွေကတော့ ပုခုံးတွန့်ခြင်း၊ လည်ခြင်း၊ မြှင့်ခြင်း၊ လက်မောင်း လွှဲခြင်း၊ ကိုယ်လှည့်ခြင်းတွေပဲ ဖြစ်ပါတယ်။ လူနာတွေဟာ အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်း (သို့) ပုံမှန် လှုပ်ရှားမှုတွေ ဖြစ်တဲ့ ခေါင်းဖီးခြင်း၊ ရေချိုးခြင်းတွေကို လေ့ကျင့်ပြီး ပြုလုပ်နိုင်ပါတယ်။

• ခွဲစိတ်ပြီး ၃-၄ ပတ် – လူနာတွေဟာ လုပ်နေပြီးဖြစ်တဲ့ လေ့ကျင့်ခန်းတွေနဲ့ လက်မောင်းကို အပြည့်အဝလှုပ်ရှားရတဲ့ လေ့ကျင့်ခန်းတွေကို စတင်လုပ်သင့်ပြီ ဖြစ်ပါတယ်။ လက်ကို ခေါင်းပေါ် မြှောက်ခြင်း၊ beach post လုပ်ခြင်း၊ ရင်ဘတ်ကို နောက်ကျောဘက်ကို ဆန့်ထုတ်ခြင်းတွေကို ဒီ အပတ်တွေမှာ စမ်းကြည့်နိုင်ပါတယ်။

• ၆ ပတ်ကျော် – လူနာတွေဟာ ပုံမှန် လုပ်နေကျ အရာအတော်များများကို ပြန်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လေးလံတဲ့ အရာတွေကို မဖို့တော့ အနည်းငယ် အခက်အခဲ ရှိနိုင်ပါသေးတယ်။ လိုအပ်ရင် ကျွမ်းကျင်သူတွေ အကြံဉာဏ်ကို ယူပြီး လေ့ကျင့်ခန်း အပိုတွေ လုပ်သင့်ပါတယ်။ ဒီအချိန်မှာတော့ ယေဘုယျ ကျန်းမာရေးကို ထိန်းသိမ်းဖို့က အရေးကြီးပါတယ်။ လမ်းဆက်လက် လျှောက်သင့်ပြီး မြန်မြန်နဲ့ ဝေးဝေးကို လျှောက်နိုင်ပါတယ်။ ပုခုံးဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီ ဖြစ်ပေမယ့် အရင်တုံးက လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းတွေကိုလည်း ဆက်လက်လုပ်သင့်ပါသေးတယ်။

ရင်သားကင်ဆာ လူနာတွေအတွက် ကောင်းမွန်တဲ့ အစားအစာများ

ခွဲစိတ်မှု အပြီးမှာ ပြန်နေကောင်းစေဖို့ အားပေးတဲ့ အစာတွေကို စားသင့်ပါတယ်။ သင့်လျော်တဲ့ အစားအသောက်မှာ အခြားကင်ဆာနဲ့ နှလုံးရောဂါတွေကို ကာကွယ်ဖို့ အဆီအနည်းငယ်သာ ပါဝင်ပါတယ်။

• ပရိုတင်း – ဆဲလ်တွေနဲ့ ခွဲစိတ်ရာတွေကို ပြန်လည်တည်ဆောက်ဖို့ ပရိုတင်း ဓါတ် ပိုလိုအပ်ပါတယ်။ အစားအစာထဲမှာ ပရိုတင်းပေါင်ဒါတွေ ထည့်သွင်းခြင်းနဲ့ ပရိုတင်းကြွယ်ဝတဲ့ မုန့်စားခြင်းကို ဆရာဝန်တွေက အကြံပေးတတ်ပါတယ်။

• Phytochemicals – အချို့လေ့လာမှုတွေက အပင်တွေကရတဲ့ Phytochemicals တွေဟာ ကင်ဆာ ထပ်ဖြစ်မှုကို လျော့ကျစေပြီး ကင်ဆာကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

• ပဲ – ပဲဟာ ဟော်မုန်းနဲ့ ပတ်သက်တဲ့ ရင်သားကင်ဆာ ဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။ သူတို့မှာ phytoestrogen တွေ ပါဝင်ပြီး ဒါဟာ ကိုယ်ခန္ဓါထဲက estrogen တွေနဲ့ ဆင်ဆင်တူပါတယ်။ ပဲဟာ ဟော်မုန်းကုသမှုနဲ့ အခြားကုသမှုတွေကို အကျိုးသက်ရောက်မှု ရှိတာကြောင့် ဆရာဝန် အကြံဉာဏ်ကို ယူသင့်ပါတယ်။

• Anti-oxidants – အသီးအရွက်၊ အခွံမာသီးမှာ တွေ့ရတတ်ပြီး သူတို့ဟာ ဆဲလ် ပျက်စီးခြင်းကို တားမြစ်ပေးပါတယ်။ Lycopene ဟာ antioxidant တစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးတွေမှာ အနီရောင်နဲ့ grapefruit မှာ ပန်းရောင်ကို ဖြစ်စေတာဖြစ်ပါတယ်။ သူတို့ဟာလည်း ကင်ဆာကို တိုက်ဖျက်ဖို့ ကောင်းမွန်ပါတယ်။

• Beta-carotene – Beta-carotene ပါဝင်တဲ့ မုန်လာဥနီ၊ တရုတ်ဆီးသီး၊ ကန်စွန်းဥနဲ့ အခြားအသီးအရွက်တွေဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကို လျော့ကျစေပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Exercise after breast construction surgery using implant.

http://www.cancerresearchuk.org/about-cancer/type/breast-cancer/treatment/surgery/reconstruction/exercises-after-breast-reconstruction-using-simple-implant.

Accessed. December 25, 2016.

Exercise and nutrition after breast cancer surgery.

http://www.webmd.com/breast-cancer/exercise-nutrition-after-breast-cancer-surgery#2.

Accessed. December 25, 2016.

Exercises after breast surgery.

http://www.cancer.org/cancer/breastcancer/moreinformation/exercises-after-breast-surgery.

Accessed. December 25, 2016.

ယခုပုံစံ

16/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကင်ဆာဖြစ်နိုင်ခြေကို ဘယ်လိုနည်းလမ်းတွေနဲ့ လျှော့ချလို့ ရမလဲ!

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/02/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement