brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

ကိုရီးယားကားတွေကြည့်လို့ မင်းသား ဒါမှမဟုတ် မင်းသမီး တစ်ယောက်ယောက်ကများ နှာခေါင်းသွေးလျှံနေပြီဆိုရင် “ဟယ် သူတော့ သွေးကင်ဆာ ဖြစ်နေပြီ။ သေတော့မှာပဲ။”ဆိုပြီး ပြောတတ်ကြပါတယ်။ ဆိုတော့ သွေးကင်ဆာ ဖြစ်ရင် ခန္ဓာကိုယ်ကနေ သွေးယိုတတ်တာကိုတော့ သိကြပါတယ်။ ဒါ့ပြင် ဘာဖြစ်နိုင်သေးလဲ။ သွေးကင်ဆာဖြစ်တိုင်း ရုပ်ရှင်ထဲကလို သေရမှာလား ဆက်ကြည့်ရအောင်။ သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

သွေးကင်ဆာအကြောင်း သင်ဘယ်လောက်သိလဲ။

သွေးကင်ဆာအကြောင်း 

သွေးကင်ဆာဆိုတာ ခန္ဓာကိုယ်ရဲ့ သွေးဆဲလ်တွေထုတ်ပေးတဲ့ ရိုးတွင်းခြင်ဆီနဲ့ ပြန်ရည်စနစ်မှာရှိတဲ့ဆဲလ်တွေ ပွားပြီးကင်ဆာဖြစ်တာပါ။ များသောအားဖြင့်တော့ သွေးဖြူဥဆဲလ်တွေ ပွားတာများပါတယ်။

ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေပွားတာကြောင့် ဆဲလ်တွေသာများလာတယ်။ အလုပ်ကတော့ မလုပ်နိုင်ပါဘူး။ အမျိုးအစားတွေလည်း အများကြီးရှိပါတယ်။ တချို့က​ ကလေးတွေမှာအဖြစ်များပါတယ်။ တချို့က လူကြီးတွေမှာ ပိုဖြစ်ပါတယ်။

သွေးကင်ဆာ ဘယ်နှစ်မျိုးရှိလဲ။

ရောဂါဗေဒပါ် မူတည်ပြီး

  • Acute leukemia
  • Chronic leukemia

ပါဝင်တဲ့ သွေးဖြူဥပေါ်မူတည်ပြီး

  • Lymphoid leukemia
  • Myelogenous leukemia

နှစ်မျိုးပေါင်းလိုက်တဲ့အခါ

ဘာလို့ဖြစ်ရတာလဲ။

သွေးကင်ဆာက သွေးဆဲလ်တွေ အထူးသဖြင့် သွေးဖြူဥတွေမှာရှိတဲ့ ဒီအန်အင်တွေ မျိုးဗီဇပြောင်းပြီး အလွန်အကျွံပွားလာတာပါ။ ဒီပွားလာတဲ့ ပုံမမှန်ဆဲလ်တွေက ကြာလာတဲ့အခါ ရိုးတွင်းခြင်ဆီကို တိုးဝင်လာပါတော့တယ်။ ဘာလို့ဒီလိုဖြစ်ရတယ်ဆိုတာတော့ မသိသေးပါဘူး။

ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ။

  • မျိုးရိုးဗီဇပြဿနာရှိတဲ့သူတွေ (ဥပမာ Down syndrome)
  • အရင်က ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ စတဲ့ကုသမှုခံယူထားတဲ့သူတွေ
  • ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုများတဲ့သူတွေ (ဥပမာ benzene)
  • ဆေးလိပ်သောက်တဲ့သူတွေ
  • သွေးကင်ဆာမျိုးရိုးရှိတဲ့သူတွေ

တစ်ခါတစ်​လေကျရင် ဒီအချက်တွေရှိတဲ့သူက သွေးကင်ဆာမဖြစ်ဘဲ ဒီအချက်တွေဘာမှမရှိဘဲ သွေးကင်ဆာ ဖြစ်သွားတဲ့သူတွေလည်း ရှိပါတယ်။

ဘာတွေခံစားရမှာလဲ။

သွေးကင်ဆာ အမျိုးအစားပေါ် မူတည်ပြီး လက္ခဏာတွေ အနည်းနဲ့အများတော့ ကွာပါတယ်။ အများဆုံး တွေ့ရတဲ့ လက္ခဏာတွေကတော့

  • ဖျားတာ
  • နာတာရှည် အားနည်းတာ
  • မကြာမကြာရောဂါပိုးဝင်တာ
  • တစ်နေ့တစ်ခြားပိန်လာတာ
  • ပြန်ရည်ကြိတ်တွေကြီးတာ
  • အသည်း၊ ဘေလုံးကြီးတာ
  • သွေးထွက်လွယ်တာ၊ အညိုအမည်းစွဲလွယ်တာ
  • ခဏခဏနှာခေါင်းသွေးလျှံတာ
  • ​ခန္ဓာကိုယ်မှာအနီစက်တွေထွက်တာ
  • ညပိုင်းတွေမှာ ချွေးထွက်များတာ
  • အရိုးတွေနာတာ စတာတွေပဲဖြစ်ပါတယ်။

ဘယ်လိုကုသလို့ရလဲ။

ခွဲစိတ်တာကတော့ ဘေလုံးကြီးတဲ့အခါ ထုတ်ဖို့သုံးပါတယ်။

သွေးကင်ဆာ က ပျောက်ကင်းနိုင်ပါ့မလား။

ဒါကတော့ ရောဂါအခြေအနေနဲ့ လူနာအခြေအနေပေါ်အများကြီးမူတည်ပါတယ်။ ဆေးပညာမှာ အသက်ရှင်နိုင်နှုန်းကို 5 year survival ratesနဲ့ပြောပါတယ်။ ၅နှစ်အသက်ရှင်နိုင်နှုန်းလို့ အလွယ်ခေါ်ပါတယ်။ ၂၀၀၇-၂၀၁၃အတွင်း 5 year survival rateကို ကြည့်မယ်ဆိုရင်

  • CML ၆၈ရာခိုင်နှုန်း
  • CLL ၈၆ရာခိုင်နှုန်း
  • AML ၂၇ရာခိုင်နှုန်း (ကလေးတွေနဲ့ ၁၅နှစ်အောက်ဆိုရင် ၆၆ရာခိုင်နှုန်းပါ)
  • ALL ၇၁ရာခိုင်နှုန်း (ကလေးတွေဆို ၉၀ရာခိုင်နှုန်းကျော်ပါတယ်။)

ဆိုတော့ ရုပ်ရှင်ထဲကလိုမျိုး ဖြစ်တာနဲ့ သေတာ မဟုတ်ပါဘူး။ ကုသမှုခံယူရင် ပျောက်နိုင်ချေများပါတယ်။ ကလေးတွေမှာဆိုရင် ပိုလို့တောင်များပါသေးတယ်။ ဒါကြောင့် စောစောသိ စောစောကုပါ။ ရောဂါရှိလို့လည်း စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။