backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 08/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း

သွေးကြောပေါက် လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးထွက်လာတဲ့အခါ ဦးနှောက်ဟာ ရောင်လာပြီး ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပါတယ်။ လေဖြတ်ခြင်းရဲ့ ၁၃%ခန့်ဟာ သွေးကြောပေါက်လို့ လေဖြတ်ရခြင်း ဖြစ်ပါတယ်။

ဘယ်အရာတွေက သွေးကြောပေါက် လေဖြတ်ခြင်း ဖြစ်စေသလဲ

အဓိကဖြစ်စေတဲ့ အရာများကတော့

  • ဦးနှောက်ဒဏ်ရာရခြင်း
  • သွေးတိုးခြင်း
  • သွေးကြောဖောင်းလာခြင်း
  • ပုံမှန်မဟုတ်သော သွေးကြောများ
  • သွေးရောဂါများ (hemophillia၊ sickle cell anemia စသည်)
  • အသည်းအလုပ်မလုပ်ခြင်း
  • ဦးနှောက်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။

လက္ခဏာတွေက ဘာတွေလဲ

  • စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း
  • ကိုယ်ခန္ဓာ တစ်ဖက်ဖက်တွင် ခြေလက်အားနည်းခြင်း
  • မျက်လုံးတစ်ဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း
  • ပြင်းထန်စွာခေါင်းကိုက်ခြင်း
  • အန်ခြင်း
  • မူးဝေခြင်း
  • ကောင်းကောင်းမရပ်နိုင်ခြင်း
  • လမ်းလျှောက်ရခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

အထက်ပါ လက္ခဏာတွေ တခုခုကိုကြုံရင် ဆေးရုံဆေးခန်း ချက်ချင်းပြသင့်ပါတယ်။

သွေးကြောပေါက် လေဖြတ်ခြင်းကို ဘယ်လိုကုသလဲ

သွေးကြောပေါက် လေဖြတ်ခြင်း စစ်ဆေးရာမှာ အမြင်အာရုံကြောရောင်ခြင်း ရှိမရှိ မျက်စိစစ်ဆေးသလို CT scan၊ MRI စတဲ့ ပုံရိပ်ဖော်စက်တွေနဲ့လည်း စစ်ဆေးပါတယ်။ သွေးယိုတဲ့နေရာနဲ့ အခြေအနေကိုကြည့်ပြီး အသင့်တော်ဆုံးကုသမှု ပေးပါတယ်။ ဆေးဝါးနဲ့ပဲ ကုသမှု၊ ခွဲစိတ်ကုသမှု စသဖြင့် ရှိပါတယ်။

သွေးကြောပေါက် လေဖြတ်ခြင်းကို ဘယ်လို ကာကွယ်မလဲ

အောက်ပါနည်းတွေနဲ့ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

  • သွေးပေါင်ချိန် ထိန်းသိမ်းခြင်း
  • မူးယစ်ဆေးရှောင်ကြဉ်ခြင်း
  • ဦးခေါင်းထိခိုက်မှု ကာကွယ်နိုင်ရန် ကားကို ဂရုစိုက်မောင်းခြင်း၊ ခါးပတ်ပတ်ထားခြင်း၊
  • ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းခြင်း စတာတွေ ဖြစ်ပါတယ်။

သွေးကြောနဲ့ပတ်သက်တဲ့ ပြသနာတစ်ခုခုရှိရင် နောက်ပိုင်းမှာ သွေးယိုတာမဖြစ်အောင် ခွဲစိတ်ကုသမှုခံယူဖို့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

လေဖြတ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခပေးတဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ဆေးကုသမှုအပြင် ဘယ်လိုရင်ဆိုင်ပြီး စီမံမလဲဆိုတာပါ အရေးကြီးပါတယ်။ ပြန်လည်သက်သာဖို့ဟာ အချိန်ယူရတာမို့ အရှုံးမပေးသင့်ပါဘူး။ မိတ်ဆွေသူငယ်ချင်းများနဲ့ ပေါင်းသင်းလည်ပတ်ပြီး ပုံမှန်ဘဝတစ်ခုကို ထိန်းသိမ်းထားသင့်ပါတယ်။ ချစ်ခင်သူများနဲ့ ဆက်ဆံပြောဆိုရတာဟာ သင် ဒီအခက်အခဲနဲ့ ရင်ဆိုင်နေရချိန်မှာ အများကြီး အထောက်အကူ ပြုပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 08/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement