backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၂


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လေဖြတ်ခြင်းပြီးနောက် လက်ပြန်လည် အသုံးပြုနိုင်ရေး လေ့ကျင့်ခြင်း အပိုင်း-၂

လေဖြတ်ပြီးနောက် ပြန်လည်နာလန်ထခြင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုတခုဖြစ်ပြီး အားစိုက်ထုတ်မှု အတော်လေး လိုအပ်ပါတယ်။ သင့်ရဲ့ဦးနှောက်ဟာ လေဖြတ်ခြင်းကြောင့် ပျက်စီးသွားတဲ့ ကျွမ်းကျင်မှုတွေကို ပြန်လည်လေ့လာရပါတယ်။ ဒီအခြေအနေမှာ သင့်ရဲ့လက်ကို ပြန်လည်ကျင့်ယူခြင်းဟာ ခြေထောက်နဲ့မတူဘဲ ထူးခြားပါတယ်။

လက်၏ လုပ်ငန်းပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ

လက်ကိုသုံးပြီး အလုပ်တွေပြီးအောင် လုပ်နေစေခြင်းဟာ လေဖြတ်ပြီးချိန်မှာ ပြန်ကောင်းလာဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ လေဖြတ်ပြီး ပြန်လည် သန်စွမ်းရေး ကိစ္စမှာ လက်တွေ့အသုံးပြုပေးခြင်းက အဓိကဖြစ်ပါတယ်။ ဂီတတူရိယာသင်ယူစဉ်မှာ ဂီတနုတ်စ်တွေကို ထပ်တလဲလဲ လေ့ကျင့်ပေးရတဲ့ သဘောလိုပါပဲ။

နောက်ပိုင်းမှာ သုတေသီတွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လှုပ်ရှားခြင်းတွေအတွက် လုပ်ငန်းဆောင်တာတွေ ဘယ်လိုသတ်မှတ်ထားတယ် ဆိုတာ ပိုပြီး နားလည်လာကြပါတယ်။ ဒါကြောင့် လက်မသန်ဖြစ်တာကို သီးသန့်ကုမယ့်အစား လက်ရဲ့ လုပ်ငန်းဆောင်တာ တခုလုံး ကုသတဲ့နည်းတွေဆီ ပြောင်းလဲခဲ့ကြပါတယ်။

Constraint-induced movement therapy (CIMT) ဆိုတဲ့နည်းလမ်းဟာ ကောင်းတဲ့လက်ကို လက်အိတ်နဲ့ စွပ်ထားပြီး အားနည်းနေတဲ့လက်နဲ့ပဲ လုပ်ငန်းဆောင်တာမျိုးစုံကို နေ့စဉ် နာရီပေါင်းများစွာ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အားနည်းနေတဲ့လက်ကို ပိုပြီးအသုံးပြုလာနိုင်အောင် တွန်းအားပေးနိုင်ပါတယ်။

ဒီကုသမှုနည်းလမ်းအပေါ် အကဲဖြတ်ခြင်းကို ၂၀၀၁ မှ ၂၀၀၃ ခုနှစ်အတွင်း ပညာရေးအဖွဲ့အစည်းပေါင်း ၇ ခုမှာ လုပ်ဆောင်ခဲ့တဲ့အခါ ဒီနည်းလမ်းဟာ အတော်အသင့် အားနည်းနေတဲ့လက်ကို ပိုပြီး အကျိုးရှိစွာ အသု့းပြုနိုင်စေတယ်လို့ သိရပါတယ်။ ဒီနည်းလမ်း တိုးတက်လာတာ အနည်းဆုံး ၂နှစ်တော့ ရှိပါပြီ။ ဒီစမ်းသပ်မှုမှာ သုံးခဲ့တဲ့နည်းလမ်းတွေဟာ လူနာရဲ့ လက်တွေကို ပိုပြီး အသုံးပြုစေနိုင်ခဲ့ပါတယ်။ လေဖြတ်ခြင်း ပြင်းထန်ရင်တောင် လုပ်သင့်တဲ့လှုပ်ရှားမှုတွေ အများကြီးရှိပါတယ်။ အောက်ပါလှုပ်ရှားမှုအချို့ကို ကြိုးစားသင့်ပါတယ်။

  • လက်ချောင်းများနဲ့ ရေခဲသေတ္တာလက်ကိုင်ကို ဆုပ်ကိုင်ပါ၊ ဒါမှမဟုတ် အံဆွဲတခုရဲ့ လက်ကိုင်ကို ကိုင်ပါ။ တံခါးဖြစ်စေ အံဆွဲကိုဖြစ်စေ ပိတ်လိုက်ဖွင့်လိုက် လုပ်ပေးပါ။
  • မသန်တဲ့လက်နဲ့ ဈေးဝယ်တဲ့အိတ်ကိုဆွဲပါ။ အလေးချိန် သိပ်မလေးတဲ့ ပစ္စည်းတခုခုထည်ပြီး လက်ကကိုင်ကာ အခန်းထဲ လမ်းလျောက်ပါ။
  • အဝတ်ခြောက်စက်ထဲမှ အဝတ်များကို အိတ်ငယ်ထဲ ပြောင်းထည့်ပေးပါ။
  • ပေါ့ပေါ့ပါးပါး ပစ္စည်းများကို လက်မောင်းလက်ဖျံနဲ့ ပိုက်ထားပြီး သယ်ဆောင်ပါ။
  • လက်ညှစ်ဆပ်ပြာဘူးကိုယူပါ။ စားပွဲပေါ်တင်ထားပြီး ဆပ်ပြာညှစ်ချပါ။ တကြိမ်ထက်ပိုလုပ်ပါ။
  • သွားတိုက်ဆေးဘူးကို မသန်တဲ့လက်နဲ့ကိုင်ပါ။ ကောင်းတဲ့လက်နဲ့ သွားပွတ်တံကို ကိုင်ပြီး ဆေးညှစ်ထည့်ပါ။
  • မသန်တဲ့လက်ကိုသုံးပြီး မီးခလုတ်ကို အဖွင့်အပိတ်လုပ်ပါ။

လက်ပြန်ကောင်းစေသော အခြားနည်းစနစ်များ

Active-passive bilateral therapy_ဒီလေ့ကျင့်ခန်းဟာ သန်တဲ့လက်ရော အားနည်းတဲ့လက်ပါ ၂မျိုးစလုံးပေါင်းပြီး လုပ်ကိုင်ပေးရခြင်း ဖြစ်ပါတယ်။

ဒီနည်းဟာ ဦးနှောက်နှစ်ဖက်လုံးကို အလုပ်အတူလုပ်စေပြီး ဟန်ချက်ညီစေပါတယ်။ တခြားကုထုံးများနဲ့ ပေါင်းစပ်တဲ့အခါ လက်ရဲ့လုပ်ငန်းတွေကို ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။

BATRAC (bilateral arm training with rhythmic auditory cueing)_ဒီနည်းလမ်းဟာလည်း နှစ်ဖက်သုံးတဲ့ နည်းလမ်းဖြစ်ပြီး လေဖြတ်ပြီးနောက်မှာ ဦးနှောက်ကို ပြန်ပြီး ဖွဲ့စည်းဖြစ်ပေါ်စေပါတယ်။ ဒီနည်းမှာ T ပုံစံ လက်ကိုင်၂ခုကို စည်းချက်အလိုက် အချက်ပြမှုအလိုက် တွန်းခြင်း ဆွဲခြင်း ပြုလုပ်ပေးရပါတယ်။ ဒီလေ့ကျင့်ခန်းကို တကြိမ်တည်းမှာ လက်၂ဖက်လုံးသုံးပြီးဖြစ်စေ၊ တဖက်ချင်းစီသုံးဖြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။

Robotic devices_ ဒီပစ္စည်းကိရိယာတွေဟာ ပုံမှန် သမရိုးကျကုထုံးထက် ပိုပြိးကောင်းမွန်တဲ့ လှုပ်ရှားမှုတွေ၊ တိုင်းတာရေတွက်နိုင်တဲ့ ထပ်ကျော့လုပ်ဆောင်မှုတွေကို အထောက်အကူပြုပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် မရနိုင်သေးပေမယ့် နောင်မှာ လူသားလုပ်အားကို သက်သာစေမယ့် ကိရိယာတွေ ဖြစ်လာနိုင်ပါတယ်။

Functional electrical stimulation_ ဒီနည်းလမ်းမှာ လေဖြတ်ထားတဲ့ ခြေလက်တွေရဲ့ အာရုံကြောကို လျပ်စစ်ဓါတ်လွှတ်ပြီး လှုံ့ဆော်ခြင်း ပါဝင်ပါတယ်။ ကျုံ့နေတဲ့လက်ကို ပြန်လည်ဆန့်ထုတ်နိုင်ဖို့ အထောက်အကူပြုပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement