backup og meta

အတက်ရောဂါအတွက် ရှေးဦးသူနာပြုနည်းလမ်းများ

တက်တယ်ဆိုတာဟာ အချိန်ကိုက် သင့်တော်တဲ့ ရှေ့ဦးပြုစုမှုမပေးဘူးဆိုရင် တော်တော်လေးကို အသက်အန္တရယ်ရှိပါတယ်။ တက်ခြင်းရဲ့ ရှေးဦးပြုစုနည်းတွေကို သိရှိခြင်းက မဖြစ်သင့်သည်များမဖြစ်လာဖို့အတွက် အရေးပါ ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်တွင် ဖော်ပြပေးပ့ါမယ်။

တက်ခြင်းအမျိုးမျိုးအတွက် ရှေးဦးကုသနည်းများ

တက်ခြင်း အမျိုးအစား များစွာရှိပါတယ်။ အများစုကတော့ မိနစ်အနည်းငယ်သာ ကြာပါတယ်။ အောက်ဖော်ပြသည့် အကြောင်းအရာများကတော့ ဘာကြောင့်ပဲတက်တက် အသုံးပြုနိုင်မယ့် ရှေးဦးပြုစုနည်းတွေပါ။

  • လည်းပင်း၊ လည်ဂုတ်တစ်ဝိုက်ရှိ အဝတ်များကို ချောင်ချောင်ချိချိ ဖြစ်အောင် လုပ်ပေးပါ။ ယင်းက အသက်ရှုချောင်စေပါလိမ့်မယ်။
  • မာသော၊ ချွန်ထက်သော ပစ္စည်းများကို လူနာအဝေးတွင်ထားပေးပါ။ လူနာကိုတော့ မရွေ့ဖို့ မမေ့ပါနှင့်။
  • သတိပြန်မလည်လာမချင်း လူနာနှင့်အတူတူ ရှိနေပေးပါ။ သတိရလာပြီဆိုရင်တော့ သက်တောင့်သက်သာ လုံလုံခြုံခြုံထိုင်နိုင်အောင်လုပ်ပေးရပါမယ်။ လူနာက စကားပြန်ပြောနိုင်လာ၊ တုံပြန်နိုင်လာရင် သူတို့ဘာဖြစ်သွားတယ်ဆိုတာ အေးအေးလူလူ ပြောပြပေးပါ။
  • အားပေးပါ။ လေသံအေးအေးလေးဖြင့် စကားပြောပေးပါ။
  • အောက်ကို ပုံရက်သားလဲကျသွားတဲ့လူဆိုရင် အပျော့စားပစ္စည်းလေးတွေနဲ့ ခေါင်းကိုခုပေးဖို့ အသုံးပြုပေးရပါမယ်။
  • တက်ခြင်းပြီးသွားတဲ့အခါမှာ လေပြွန်ပွင့်နေစေရန်၊ နှာရည်တံတွေးစသော ခန္ဓါကိုယ်မှ အရည်များ ပြန်ရှုမသွင်းမိစေရန် ဘေးစောင်းအိပ်စေတာက အကျိုးရရှိစေမှာပါ။
  • လူနာက ဆေးလက်ပတ်တွေဝတ်ထားလား အခြားဘာတွေ ရှိသေးလဲဆိုတာကို စစ်ဆေးပေးရပါမယ်။
  • အချိန်ကို ပြန်လည်စစ်ဆေးပါ။ ၅မိနစ်ကျော်အောင် တက်နေမယ်ဆိုရင်တော့ ဆေးရုံကားခေါ်သာခေါ်လိုက်ပါတော့။
  • တက်ခြင်းပြီးသွားတဲ့အခါမှာ သူတို့ကို ဘေးတိုက်စောင်းကာ ဆန့်ကျင်ဘက်လက်ပေါ်ခေါင်းတင်စေပြီး ခြေထောက်အနည်းငယ်ကွေးရ်ျ နေပါစေ။ အသက်ရှုတာ ပုံမှန်ပြန်ဖြစ်ပြီလား စစ်ဆေးပါ။ ပါးစပ်ဟပြီး အသက်ရှုလမ်းကြောင်းမှာ ပိတ်နေတာတွေရှိလား ကြည့်ပေးပါ။ အသက်ရှုရခက်နေမယ်ဆိုရင်တော့ ဆေးရုံကားခေါ်ရပါလိမ့်မယ်။
  • တက်ဆီငှားရင်ငှား မငှားရင် တစ်ယောက်ယောက်က လူနာအိမ်ကို လုံခြုံစိတ်ချစွာ လိုက်ပို့ပေးရပါမယ်။

ထည့်သွင်းစဉ်းစားသင့်သော အခြားအကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • တတ်နိုင်သမျှစိတ်ငြိမ်ငြိမ်ထားဖို့လိုပါတယ်။
  • တက်တဲ့အချိန်ကိုမှတ်ထားပါ။ မတက်ခင်ဘာတွေ ဖြစ်လည်းဆိုတာလည်း သတိပြုပေးရပါတယ်။
  • လူနာကို မချုပ်ထားပါနှင့်။ နေရာမရွေ့ပါနှင့်။
  • ပါးစပ်ထဲကို ဘာမှမထည့်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းက သွားနှင့် မေးရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ တက်နေတဲ့ လူတစ်ယောက်ဟာ လျှာကြောင့် လေပြွန်ပိတ်သွားတာမျိုး မရှိနိုင်ပါဘူး။
  • CPR လို ပါးစိပ်ချင်းလေတေ့မမှုတ်ပါနဲ့။ တက်တက်ပြီးချင်း သူ့ဘာသာသူတို့ အသက်ပြန်ရှုနိုင်သွားတာများပါတယ်။
  • တော်တော်များတက်တာက ဝက်ရူးပြန်တာကြောင့်ဖြစ်မယ်ဆိုတာ သိပြီးသားလို့ထင်ပါတယ်။ အရေးပေါ်လို့ ပြောဖို့ မလိုလောက်ဘူးထင်ပါတယ်။
  • အကောင်းပတိ ပြန်မဖြစ်မချင်း ရေမတိုက်ပါနှင့်၊ အစားအစာများ မကျွေးပါနှင့်။
  • ထိခိုက်အနာတရတွေ ရသွားမယ်၊ ပထမတက်တာက ပြန်မကောင်းသေးခင် ထပ်တက်နေမယ်ဆိုရင် ဆေးရုံကားခေါ်ရပါတော့မယ်။

ဝက်ရူးပြန် ဖြစ်နေမယ်ဆိုရင်တော့ အောက်ပါအချက်အလက်များကို လိုက်နာသင့်ပါတယ်။

  • ဆေးကုသမှု အမှတ်အသားတစ်ခုကို အမြဲတမ်းဆောင်ထားပါ။ ယင်းက အရေးပေါ်အခြေအနေမှာ သင်ဝက်ရူးပြန်နေတယ်ဆိုတာ အနီးပတ်ဝန်းကျင်က လူများကို သိရှိစေပြီး သူတို့က အသက်အန္တရယ်မဖြစ်အောင်ပြုလုပ်ပေးနိုင်ရန်နှင့် သင့်တော်တဲ့ ကုသမှုတွေကို ရွေးချယ်ပေးနိုင်ရန် အထောက်အကူပြုနိုင်မှာပါ။
  • အရက်သောက်ခြင်းကို ရှောင်ကျဉ်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ယင်းက သောက်သုံးနေတဲ့ ဆေးဝါးများရဲ့ ထိရောက်မှုကို လျော့ကျစေတဲ့အပြင် ဝက်ရူးပြန်နိုင်ခြေကို များစေလို့ပါ။
  • သင်ဝက်ရူးပြန်နေတဲ့အချိန်မှာ ဘာတွေလုပ်ရမယ်ဆိုတာကို မိသားစု၊ မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ သိရှိအောင် လုပ်ထားပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မလုပ်ဆောင်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Seizure First Aid. http://www.epilepsy.com/get-help/seizure-first-aid. Accessed November 20, 2016.

Epilepsy and First Aid for Seizures. http://www.webmd.com/epilepsy/guide/first-aid-seizures. Accessed November 20, 2016.

Seizure First Aid. http://www.cdc.gov/epilepsy/basics/first-aid.htm. Accessed November 20, 2016.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အတက်ရောဂါရှိသော လူတစ်ယောက်အတွက် ရှောင်ကျဉ်ရမည့် အစားအစာများ

သင့်အိမ်သားတွေကို အတက်ရောဂါနဲ့ ရင်းနှီးအောင် ဘယ်လိုလုပ်ပေးရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။