တက်တယ်ဆိုတာဟာ အချိန်ကိုက် သင့်တော်တဲ့ ရှေ့ဦးပြုစုမှုမပေးဘူးဆိုရင် တော်တော်လေးကို အသက်အန္တရယ်ရှိပါတယ်။ တက်ခြင်းရဲ့ ရှေးဦးပြုစုနည်းတွေကို သိရှိခြင်းက မဖြစ်သင့်သည်များမဖြစ်လာဖို့အတွက် အရေးပါ ပါတယ်။ ယင်းကိစ္စနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို အောက်တွင် ဖော်ပြပေးပ့ါမယ်။
တက်ခြင်းအမျိုးမျိုးအတွက် ရှေးဦးကုသနည်းများ
တက်ခြင်း အမျိုးအစား များစွာရှိပါတယ်။ အများစုကတော့ မိနစ်အနည်းငယ်သာ ကြာပါတယ်။ အောက်ဖော်ပြသည့် အကြောင်းအရာများကတော့ ဘာကြောင့်ပဲတက်တက် အသုံးပြုနိုင်မယ့် ရှေးဦးပြုစုနည်းတွေပါ။
- လည်းပင်း၊ လည်ဂုတ်တစ်ဝိုက်ရှိ အဝတ်များကို ချောင်ချောင်ချိချိ ဖြစ်အောင် လုပ်ပေးပါ။ ယင်းက အသက်ရှုချောင်စေပါလိမ့်မယ်။
- မာသော၊ ချွန်ထက်သော ပစ္စည်းများကို လူနာအဝေးတွင်ထားပေးပါ။ လူနာကိုတော့ မရွေ့ဖို့ မမေ့ပါနှင့်။
- သတိပြန်မလည်လာမချင်း လူနာနှင့်အတူတူ ရှိနေပေးပါ။ သတိရလာပြီဆိုရင်တော့ သက်တောင့်သက်သာ လုံလုံခြုံခြုံထိုင်နိုင်အောင်လုပ်ပေးရပါမယ်။ လူနာက စကားပြန်ပြောနိုင်လာ၊ တုံပြန်နိုင်လာရင် သူတို့ဘာဖြစ်သွားတယ်ဆိုတာ အေးအေးလူလူ ပြောပြပေးပါ။
- အားပေးပါ။ လေသံအေးအေးလေးဖြင့် စကားပြောပေးပါ။
- အောက်ကို ပုံရက်သားလဲကျသွားတဲ့လူဆိုရင် အပျော့စားပစ္စည်းလေးတွေနဲ့ ခေါင်းကိုခုပေးဖို့ အသုံးပြုပေးရပါမယ်။
- တက်ခြင်းပြီးသွားတဲ့အခါမှာ လေပြွန်ပွင့်နေစေရန်၊ နှာရည်တံတွေးစသော ခန္ဓါကိုယ်မှ အရည်များ ပြန်ရှုမသွင်းမိစေရန် ဘေးစောင်းအိပ်စေတာက အကျိုးရရှိစေမှာပါ။
- လူနာက ဆေးလက်ပတ်တွေဝတ်ထားလား အခြားဘာတွေ ရှိသေးလဲဆိုတာကို စစ်ဆေးပေးရပါမယ်။
- အချိန်ကို ပြန်လည်စစ်ဆေးပါ။ ၅မိနစ်ကျော်အောင် တက်နေမယ်ဆိုရင်တော့ ဆေးရုံကားခေါ်သာခေါ်လိုက်ပါတော့။
- တက်ခြင်းပြီးသွားတဲ့အခါမှာ သူတို့ကို ဘေးတိုက်စောင်းကာ ဆန့်ကျင်ဘက်လက်ပေါ်ခေါင်းတင်စေပြီး ခြေထောက်အနည်းငယ်ကွေးရ်ျ နေပါစေ။ အသက်ရှုတာ ပုံမှန်ပြန်ဖြစ်ပြီလား စစ်ဆေးပါ။ ပါးစပ်ဟပြီး အသက်ရှုလမ်းကြောင်းမှာ ပိတ်နေတာတွေရှိလား ကြည့်ပေးပါ။ အသက်ရှုရခက်နေမယ်ဆိုရင်တော့ ဆေးရုံကားခေါ်ရပါလိမ့်မယ်။
- တက်ဆီငှားရင်ငှား မငှားရင် တစ်ယောက်ယောက်က လူနာအိမ်ကို လုံခြုံစိတ်ချစွာ လိုက်ပို့ပေးရပါမယ်။
ထည့်သွင်းစဉ်းစားသင့်သော အခြားအကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
- တတ်နိုင်သမျှစိတ်ငြိမ်ငြိမ်ထားဖို့လိုပါတယ်။
- တက်တဲ့အချိန်ကိုမှတ်ထားပါ။ မတက်ခင်ဘာတွေ ဖြစ်လည်းဆိုတာလည်း သတိပြုပေးရပါတယ်။
- လူနာကို မချုပ်ထားပါနှင့်။ နေရာမရွေ့ပါနှင့်။
- ပါးစပ်ထဲကို ဘာမှမထည့်ပါနှင့်။ ထိုသို့ပြုလုပ်ခြင်းက သွားနှင့် မေးရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ တက်နေတဲ့ လူတစ်ယောက်ဟာ လျှာကြောင့် လေပြွန်ပိတ်သွားတာမျိုး မရှိနိုင်ပါဘူး။
- CPR လို ပါးစိပ်ချင်းလေတေ့မမှုတ်ပါနဲ့။ တက်တက်ပြီးချင်း သူ့ဘာသာသူတို့ အသက်ပြန်ရှုနိုင်သွားတာများပါတယ်။
- တော်တော်များတက်တာက ဝက်ရူးပြန်တာကြောင့်ဖြစ်မယ်ဆိုတာ သိပြီးသားလို့ထင်ပါတယ်။ အရေးပေါ်လို့ ပြောဖို့ မလိုလောက်ဘူးထင်ပါတယ်။
- အကောင်းပတိ ပြန်မဖြစ်မချင်း ရေမတိုက်ပါနှင့်၊ အစားအစာများ မကျွေးပါနှင့်။
- ထိခိုက်အနာတရတွေ ရသွားမယ်၊ ပထမတက်တာက ပြန်မကောင်းသေးခင် ထပ်တက်နေမယ်ဆိုရင် ဆေးရုံကားခေါ်ရပါတော့မယ်။
ဝက်ရူးပြန် ဖြစ်နေမယ်ဆိုရင်တော့ အောက်ပါအချက်အလက်များကို လိုက်နာသင့်ပါတယ်။
- ဆေးကုသမှု အမှတ်အသားတစ်ခုကို အမြဲတမ်းဆောင်ထားပါ။ ယင်းက အရေးပေါ်အခြေအနေမှာ သင်ဝက်ရူးပြန်နေတယ်ဆိုတာ အနီးပတ်ဝန်းကျင်က လူများကို သိရှိစေပြီး သူတို့က အသက်အန္တရယ်မဖြစ်အောင်ပြုလုပ်ပေးနိုင်ရန်နှင့် သင့်တော်တဲ့ ကုသမှုတွေကို ရွေးချယ်ပေးနိုင်ရန် အထောက်အကူပြုနိုင်မှာပါ။
- အရက်သောက်ခြင်းကို ရှောင်ကျဉ်ပေးပါ။ ဘာကြောင့်လဲဆိုတော့ ယင်းက သောက်သုံးနေတဲ့ ဆေးဝါးများရဲ့ ထိရောက်မှုကို လျော့ကျစေတဲ့အပြင် ဝက်ရူးပြန်နိုင်ခြေကို များစေလို့ပါ။
- သင်ဝက်ရူးပြန်နေတဲ့အချိန်မှာ ဘာတွေလုပ်ရမယ်ဆိုတာကို မိသားစု၊ မိတ်ဆွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေ သိရှိအောင် လုပ်ထားပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မလုပ်ဆောင်ပေးပါ။
[embed-health-tool-bmi]