backup og meta

အတက်ရောဂါသည်ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ

အတက်ရောဂါသည်ကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဘယ်လိုလုပ်ပေးရမလဲ

ဝက်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ဟာ အိပ်နေရင်းနဲ့ တက်တတ်ပါတယ်။ တစ်ခါတစ်လေ ညဘက်တက်ခြင်း (Nocturnal seizure) လို့ သတ်မှတ်ကြပါတယ်။ မိဘတစ်ယောက်အနေနဲ့ မိမိကလေး အိပ်နေရင်း တက်နေလား၊မတက်ဘူးလားဆိုတာ သိဖို့လိုအပ်ပြီး အချိန်မှီ ကူညီပေးဖို့လည်းလိုအပ်ပါတယ်။

ညဘက်တက်ခြင်း (Nocturnal seizure) ဆိုတာ ဘာလဲ။

ညဘက် ဒါမှမဟုတ် အိပ်နေရင်းနဲ့ တက်ခြင်းဟာ ဝက်ရူးပြန်ခြင်းတစ်မျိုးပါပဲ။ အိပ်နေရင်းနဲ့ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ၊ အပြုအမူမျိုးတွေ ပါဝင်ပါတယ်။ ညဘက်တက်နေမယ်ဆိုရင် အိပ်နေရာကနေ အကြောင်းပြချက်မရှိဘဲ သူ့အလိုအလိုနိုးလာတတ်ပါတယ်။ ခဏခဏနိုးလားပါမယ် ဒါမှမဟုတ် လန့်အော်ခြင်း၊ လက်နဲ့ခြေထောက်တို့ ပြင်းပြင်းထန်ထန်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ ပြင်းထန်စွာ ရိုက်နှက်လျက်ရှိပြီး စိတ်ရှုတ်ထွေးစွာရှိနေတတ်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်မဟုတ်တဲ့ အိပ်ခြင်းမျိုးမှာ အများဆုံးဖြစ်တတ်ပါတယ်။ ဆိုလိုတာကတော့ စအိပ်ပျော်တဲ့အချိန်မှာ ဖြစ်တတ်တာပါ။

ညဘက်တက်၊မတက်ကို အောက်ပါလက္ခဏာများဖြင့် ကြည့်ရှုစစ်ဆေးကြည့်နိုင်ပါတယ်။

ပုံမှန်မဟုတ်သော အိပ်ချင်စိတ်ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်ရာထဲသေးပေါက်ချခြင်းတို့က လက္ခဏာအချို့ဖြစ်ပါတယ်။ ဒါ့အပြင် လှုပ်ရှားမှု၊ အသံနဲ့ စိုထိုင်းမှုတွေကို အာရုံခံပေးတဲ့ အတက်ရောဂါစောင့်ကြည့်စစ်ဆေးစက်ကိရိယာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ကလေးက အိပ်နေရင်း တက်တတ်နေပြီဆိုတာသိတာနဲ့ ဆရာဝန်နှင့် တတ်နိုင်သမျှမြန်မြန် ပြသပေးပါ။

အတက်ရောဂါရှိတဲ့ကလေးငယ်ကို ကောင်းကောင်းအိပ်တတ်စေဖို့ ဘာတွေလုပ်ပေးရမလဲ။

မအိပ်ခင် စိတ်လျော့ခိုင်းပါ။

မအိပ်ခင်စိတ်လျော့ခိုင်းခြင်းက ညဘက်မှာမတက်စေဖို့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ မိနစ်၃၀ကျော်တာတောင် အိပ်မပျော်ဘူးဆိုရင် စိတ်ပြေလျော့စေမယ့်၊ စိတ်ငြိမ်စေမယ့် အရာတစ်ခုကို သူတို့မပင်ပန်းမချင်း လုပ်ခွင့်ပေးလိုက်ပါ။ သူတို့လေးတွေအတွက် နတ်သမီးပုံပြင်လိုမျိုး အရာလေးတွေကို ဖတ်ပြပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့အကြိုက်ဆုံးပုံပြင်တွေမှာ စီးမြောမသွားပါစေနှင့်။ ထို့နောက် ပြန်သိပ်နိုင်ပါပြီ။ အလုပ်မဖြစ်သေးဘူးဆိုရင်တော့ နောက်မိနစ်၃၀လောက် ထပ်လိုအုန်းမှာဖြစ်ပါတယ်။ သူတို့ခန္ဓါကိုယ်ကို အိပ်ပျော်သွားစေဖို့ ကူညီပေးနိုင်မှာပါ။

ကလေးရဲ့ ပြင်ပဆောင်ရွက်ချက်တွေကို စောင့်ကြည့်ပါ။

ဘယ်ပြင်ပလုပ်ငန်းဆောင်တာတွေက ကလေးအိပ်စက်ခြင်းကို သက်ရောက်နေတယ်ဆိုတာ သိအောင်လုပ်ပါ။ နေ့ဘက်တွေမှာ မနက်စောစော နောက်မကျစေဘဲ ကိုယ်လက်လေ့ကျင့်ခန်းတွေးလုပ်ဖို့ သတိပေးနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်။ မအိပ်ခင်မှာ စိတ်ဓါတ်တက်ကြွစေတဲ့ ကော်ဖီတို့၊ ချောကလက်တို့ မစားစေရန်သတိပြုပေးပါ။

သူတို့တွေကို အိပ်ရေးမပျက်ပါစေနှင့်။

အိပ်ရေးပျက်ခြင်းဟာ ညဘက်မှာတက်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ အမှန်တကယ်ပြောရမယ်ဆိုရင် အချိန်ဘယ်လောက်အိပ်တယ်ဆိုတာ အရေးမကြီးပါဘူး၊ အိပ်တဲ့အချိန်အတွင်းမှာ ဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်တယ်ဆိုတာပဲ အရေးကြီးတာပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ခြင်းတွေက အချိန်ကြာကြာတက်စေနိုင်သလို ပိုလည်းပြင်းထန်သွားစေနိုင်ပါတယ်။ ထိုပြဿနာကိုရင်ဆိုင်ဖို့ဆိုရင် ကလေးအိပ်တဲ့ ပတ်ဝန်းကျင်ကို တိတ်ဆိတ်နေစေဖို့လိုပါတယ်။ အိပ်ချိန်ဟာ လျော်ကန်ဖို့လိုပါတယ်။ နေ့တိုင်းအိပ်ရာထနေကျအချိန်ထမယ်ဆိုရင် တော်တော်လေးအကျိုးရှိမှာပါ။

တရေးတမောအိပ်တာမျိုးအလွန်အကျွန်မဖြစ်စေဖို့သတိပေးပါ။

နေ့ဘက်တွေမှာအရမ်းအိပ်ဖြစ်နေမယ်ဆိုရင် ညဘက်တွေမှာ ကောင်းကောင်းမအိပ်နိုင်တော့ဘဲ အတက်ရောဂါထဖောက်နိုင်ပါတယ်။ ညဘက်မှာ အိပ်ပျော်ဖို့ ခက်သွားနိုင်တာကြောင့် ညနေ၆နာရီမထိုးမချင်း မအိပ်ပါစေနှင့်။ ညဘက်နောက်ကျမှ အိပ်နိုင်ပြီး မနက်နောက်ကျမှထနိုင်ပါတယ်။ အရမ်းပင်ပန်းပြီးနေ့ဘက်မှာ တစ်ရေးတစ်မောထပ်အိပ်လိုက်တာကြောင့်လည်း စောစောနိုးနိုင်ပါတယ်။ ညဘက်ကောင်းကောင်းမအိပ်ရတဲ့အခါမှာတော့ အတက်ရောဂါထဖောက်နိုင်ပါတယ်။

အပြုအမူပြောင်းလဲခြင်းနည်းလမ်းတွေနဲ့ အလုပ်မဖြစ်ရင်တော့ ဆေးဆိုင်တွေမှာ ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် အိပ်ဆေးတွေ အသုံးပြုနိုင်ပါတယ်။ melatonin ဒါမှမဟုတ် diphenhydramine တို့က အတော်အသင့် စိတ်ချရတဲ့အတွက်ကြောင့် စမ်းသုံးကြည့်နိုင်ပါတယ်။ ဒါပေမယ့် အိပ်ဆေးတွေမတိုက်ခင်မှာတော့ ကလေးကျန်းမာရေးအခြေအနေနဲ့ ပတ်သတ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Identifying and Treating Nocturnal Seizures. http://www.healthline.com/health/epilepsy/nocturnal-seizures#SleepSeizures3. Accessed November 30, 2016.

Nocturnal seizures – seizures during sleep. http://www.epilepsy.org.au/about-epilepsy/understanding-epilepsy/nocturnal-seizures-during-sleep. Accessed November 30, 2016.

Lack of Sleep and Epilepsy. http://www.epilepsy.com/learn/triggers-seizures/lack-sleep-and-epilepsy. Accessed November 30, 2016.

Getting A Good Night’s Sleep. http://www.epilepsy.com/learn/impact/sleep-and-epilepsy/getting-good-nights-sleep. Accessed November 30, 2016.

ယခုပုံစံ

12/05/2020

Phyo Wai Yan မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!

စိတ်အတက်အကျရောဂါဆိုတာ ဘာလဲ



Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement