brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

Carpal Tunnel syndrome ( လက်ဖဝါးထုံကျင် အားမရှိခြင်း)

Carpal Tunnel syndrome ဆိုတာ လက်ဖဝါးနဲ့ လက်ကောက်ဝတ် ထုံကျင်ပြီး နာကျင်အားမရှိတဲ့ပြဿနာကို ပြောတာဖြစ်ပါတယ်။ ဒါက လက်ဖဝါးမှ ာအဖြစ်အများဆုံး ပြဿနာတစ်ခုဖြစ်ပြီး လက်ဖဝါးမှာရှိတဲ့ median nerve အာရုံကြောပေါ် ဖိအားတွေ အများကြီးသက်ရောက်တာကြောင့်ဖြစ်ရတာပါ။ ဒီတော့ median nerve အာရုံကြောရှိနေတဲ့ လက်ညှိုး၊ လက်မ၊ လက်သန်းကြွယ်တစ်ဝက်လောက်က ကျင်နေတတ်ပြီး median nerve အာရုံကြောမရှိတဲ့ လက်သန်းလေးကတော့ ပုံမှန်ပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

Carpal Tunnel syndrome အကြောင်းမပြောခင် Carpel Tunnel အကြောင်း အရင်ပြောပြချင်ပါတယ်။

Carpel Tunnel ဆိုတာ လက်ကောက်ဝတ်မှာရှိတဲ့မြောင်းလေးတစ်ခုဖြစ်ပြီး အောက်ခြေနဲ့ဘေးဘက်နားတွေကို carpal bones တွေက ဝိုင်းရံထားပါတယ်။ အပေါ်ပိုင်းမှာတော့ အရွတ်တွဲတစ်ခုရှိနေပြီး လက်မနဲ့လက်ချောင်းတွေ ကွေးနိုင်ဆန့်နိုင်ဖို့အတွက်သူကထောက်ပံ့ပေးထားတာပဲ ဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့ median nerve က ဒီ အရွတ် တွေ အရိုးတွေ ဝိုင်းရံထားတဲ့ Carpel Tunnel ကြားထဲကဖြတ်ပြီး လက်မ ၊လက်ညှိုး၊နဲ့ လက်သန်းကြွယ် တစ်ဝက်တို့ရဲ့ အာရုံခံနိုင်စွမ်းကိ ုထောက်ပံ့ပေးတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီ Carpel Tunnel ကျဉ်းသွားတဲ့ အခြေအနေတွေ၊ လက်ကြီးရောင်လာတဲ့အခြေအနေတွေမျိုးမှာဆို median nerve ကိုသွားဖိတာကြောင့် Carpel Tunnel Syndrome ပေါ်လာပါတော့တယ်။

ဘယ်သူတွေက အဖြစ်အများဆုံးလဲ ။

လက်ချောင်းလေးတွေ လက်ဆစ်လေးတွေများများသုံးနေရတဲ့ သူတွေ အများဆုံးဖြစ်တာပါပဲ။ ကွန်ပျူတာ စာအရိုက်များတဲ့သူတွေ၊ တုန်ခါတဲ့စက်ပစ္စည်းတွေတစ်ချိန်လုံ ကိုင်တွယ် အလုပ်လုပ်နေရတဲ့သူတွေ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် အခြားဖြစ်နိုင်သေးတဲ့သူတွေကတော့

  • မျိုးရိုးထဲ Carpel Tunnel Syndrome ဖြစ်နေတဲ့သူတွေ
  • ကိုယ်ဝန်သည်ေတွ
  • လက်ချောင်းတွေ ထိခိုက်ဒဏ်ရာရပြီး ကျိုးပဲ့ ပုံပျက်သွားတဲ့သူတွေ
  • rheumatoid arthritis နဲ့ Gout လိုမျိုး အဆစ်အမြစ်ရောင်ပြဿနာရှိတဲ့သူတွေ
  • ဆီးချိုသမားတွေ
  • သိုင်းရွိုက်ဟော်မုန်းနည်းတဲ့ ပြဿနာရှိသူတွေ
  • Carpel tunnel ထဲ ကင်ဆာ အကျိတ်တည်နေတဲ့သူတွေ
  • အသက်ကြီးတဲ့သူတွေနဲ့
  • အရက်သောက်များတဲ့သူတွေ အများဆုံး ဖြစ်နိုင်ပါတယ်။

Carpel Tunnel Syndrome ရဲ့ လက္ခဏာတွေကတော့

စစချင်း စပြတဲ့ လက္ခဏာတွေကတော့ – ညရောက်ပြီဆိုရင် လက်ဖဝါးတွေထုံနေပြီး လက်မ လက်ညှိုးနဲ့ လက်ခလယ်တွေမှာ ကျင်တဲ့ဝေဒနာ ခံစားရမယ်။ လက်မောင်းကို ခေါင်းအောက်ထားအိပ်တဲ့သူတွေမှာဆို ဒီလို ထုံကျင်တဲ့ပြဿနာတွေက အိပ်နေတာကိုတောင် နိုးသွားစေတတ်ပါတယ်။ အစပိုင်း လက္ခဏာပဲ ဖြစ်တာကြောင့် လက်ကိုခါလိုက်ရင် ထုံကျင်တဲ့ဝေဒနာ သက်သာသွားပါလိမ့်မယ်။

နေ့ခင်းပိုင်းမှာ ကြုံရတတ်တဲ့ လက္ခဏာတွေကတော့

  • လက်ချောင်းလေးတွေကျင်နေတာ
  • ထုံနေပြီး အာရုံခံစားမှု သိပ်မရတော့တာ
  • လက်ချောင်းလေးတွေ အားမရှိတော့သလိုခံစားရပြီး ပစ္စည်းတွေ ကိုင်လို့မရတော့တာ ၊ကားစတီယာရင်ကိုင်ပြီး ကားမောင်းလို့မရတော့တာ၊ စာရေးဖို့ ဘောပင်တောင် မကိုင်နိုင်တော့တာနဲ့ ကွန်ပျူတာ စာမရိုက်နိုင်တော့တာ မျိုးတွေ ဖြစ်တတ်ပါတယ်။

ပိုဆိုးလာတဲ့ ပြဿနာမှာဆိုရင်

  • လက်ဖဝါးတွေ လုံးဝ အားမရှိတော့တာ
  • ကြယ်သီးတောင် မတပ်နိုင်တော့တာနဲ့
  • ပစ္စည်းတွေ လက်ကနေမခိုင် ပြုတ်ကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်ဆုံး အဆင့်ရောက်သွားပြီဆိုရင်တော့

  • လက်ချောင်း ပုံပျက်ပြီး ကောက်သွားတာ
  • ပစ္စည်းတွေ လုံးဝကိုင်လို့ မရတော့တာနဲ့
  • လက်လုံးဝ အားမရှိတော့တာမျိုး တွေ ဖြစ်သွားပါလိမ့်မယ်။

ဒီတော့ ကိုယ့်လက်ချောင်းလေးတွေ အားနည်တာ ထုံကျင်တာမျိုး သိသိသာသာဖြစ်လာပြီဆိုရင် လုံးဝကို မပေါ့ဆဘဲ ဆရာဝန်ဆီ သွားပြဖို့လိုပါတယ်။ စားဆေးသောက် လေ့ကျင့်ခန်လုပ်ရင်ပျောက်သွားနိုင်သလို ခွဲစိတ်မှု လုပ်ရတဲ့ Carpel tunnel syndrome ပြဿနာတွေလည်း ရှိပါတယ် ။ စောစောသိလေ မြန်မြန်ပျောက်လေနော် ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။